ကောက်ကြောင်းအလှလေးက မြန်မာဝတ်စုံလေးနဲ့ ပံ့ပိုးလိုက်တဲ့အခါ စွဲမက်စရာကောင်းသွားတဲ့ ဘေဘီမောင်ရဲ့အလှ

0
157

ကောက်ကြောင်းအလှလေးက မြန်မာဝတ်စုံလေးနဲ့ ပံ့ပိုးလိုက်တဲ့အခါ စွဲမက်စရာကောင်းသွားတဲ့ ဘေဘီမောင်ရဲ့အလှ

ပရိသတ်ကြီးရေ ဘေဘီမောင်နဲ့သားဂန်းတို့ စုံတွဲလေးကို ပရိသတ်တွေက လိုက်ဖက်ညီတယ်လို့ သက်မှတ်ထားကြတာဖြစ်ပါတယ်။သားဂန်းနဲ့ဘေဘီမောင်တို့ စုံတွဲလေးကလည်း တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ပြီး အပြန်အလှန်ယုယကြင်နာတတ်ကြလို့ ကြည်နူးစရာစုံတွဲလေးပဲဖြစ်ပါတယ်။နှစ်ယောက်သားက အနုပညာရှင်တွေဖြစ်တာကြောင့် ပရိသတ်တွေက ပိုပြီးသတိထားမိကာ အားပေးချစ်ခင်လာခဲ့တာပဲဖြစ်ပါတယ်

သားဂန်းကတော့ သူ့ရဲ့ အသံချိုချိုလေးတွေနဲ့ သီဆိုတဲ့သီချင်းလေးတွေက ပျိုမဒီလေးတွေကြားရေပန်းစားပြီး ပရိသတ်တွေများလာတာပဲဖြစ်ပါတယ်။ဘေဘီမောင်ကတော့ ချစ်သူနဲ့အတူတူ သီချင်းတွေလည်းဆိုသလို ဇာတ်ကားတွေလည်း ရိုက်ကူးနေပါတယ်။ချစ်သူနှစ်ယောက်ရဲ့ စုံတွဲသီချင်းလေးတွေကိုလည်း ပရိသတ်တွေ နားထောင်ဖူးလို့ အရမ်းကြိုက်နှစ်သက်ကြပါတယ်နော်။

အခုနောက်ပိုင်းမှာဆိုရင်တော့ ဘေဘီမောင်ရဲ့ မြန်မာဆန်ဆန်နဲ့ အရမ်းလှနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်း တွေ့မြင်ရမှာပါ။မြန်မာဆန်ဆန်လေးဝတ်လိုက်တော့ ဘေဘီမောင်ရဲ့ ကောက်ကြောင်းအလှက ထင်းခနဲဖြစ်သွားပြီး မိန်းကလေးချင်းတောင် ငေးမောသွားရပါတယ်နော်။အခုဆိုရင်လည်း မြန်မာဝတ်စုံလေးနဲ့ အရမ်းလှနေတဲ့ ဘေဘီမောင်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေလိုက်ပါတယ်နော်။

Source:Baby Maung