တစ်​ချိန်​က အရမ်းခက်​ခဲခဲ့တာ​တွေကို ​ပြောပြလာတဲ့ ​အောင်​လ

0
77





Unicode Version

သူကတာ့ ပရိသတ်တော်တော်များရဲ့ရင်ထဲကိုရောက်အောင်သီဆိုနိုင်တဲ့အဆိုတော် တွေထဲကတစ်ယောက်အပါအဝင်လို့ပြောရမှာပါ။ ဘေးတိုက်သွားတဲ့လူဆိုတဲ့ သီချင်းလေးကို ရိုက်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ် ။ အဲ့သီချင်းလေးမှာ သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီးတော့ အရင်က အိမ်ခြေရာခြေမရှိတဲ့ ဘဝကလာတာဆိုတာကို Sunday Journal မီဒီယာကိုပြောပြထားတာဖြစ်ပါတယ်။

“ဘေးတိုက်ကသွားတဲ့လူဆိုတဲ့သီချင်းလေးကိုရိုက်ဖို့ရှိပါတယ် လောကကို တည့်တည့်မသွားဘူးဘေးတိုက်သွားတယ် Meeting နှစ်ခေါက်လောက်ထိုင်ပြီးတော့ ဒါရိုက်တာဘယ်လို လိုချင်တယ်ဆိုတာပြောပြီးတော့ သိပ်ပြီးတော့အိမ်ခြေရာခြေမရှိတာ အထွေးအထူး သရုပ်ဆောင်စရာမလိုပါဘူး ဘာလို့ဆိုတော့ဘူး ကိုယ်လည်းဒီဘဝကလာတာဆိုတော့ နည်းနည်းပိုသွားတာက အရူးလိုသရုပ်ဆောင်ရမှာလမ်းမှာ တွေ့ကရာစားတွေ့ကရာသောက် အဲလိုဆိုတော့ အဲပုံစံလေးနဲ့ရောရိုက်မှာပါ” ဆိုပြီးတော့ သူ့ဘဝလေးကို အကျဉ်းဆုံးပြောပြခဲ့တာဖြစ်ပြီးတော့

“ကလောကနေဖူးသမျှတွေထဲမှာ အပျော်ဆုံးပဲ အသက်ကြီးလာရင်တော့ အဲမှာနေချင်တယ်။ အပင်တွေစိုက်ပြီးတော့ အေးအေးဆေးနေချင်တယ် တောင်ပေါ်ဒေသလေးကအေးချမ်းတယ် ဒေသခံတွေနဲ့လည်းခင်နေကြပြီ မြို့မှာ မွန်းကျပ်နေရင် အဲကိုသွားရင် လွတ်လပ်သွားတယ်”ဆိပြီးတော့လည်း တောင်ပေါ်ဒေသလေးရဲ့ အေးချမ်းတဲ့ ဘဝလေးကို ပြောပြထားခဲ့တာပဲဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ အရင်က အိမ်ခြေရာခြေမရှိတဲ့ ဘဝကလာတာဆိုတဲ့ အောင်လ အတွက် မှတ်ချက်လေးရေးပေးခဲ့ပါဦး။

LEAVE A REPLY

Please enter your comment!
Please enter your name here