ထိုင်းမင်းသားချောလေးနဲ့ အတူ ရွှေတိဂုံဘုရားကို အတူသွားရောက်ဖူးမျှော်ခဲ့တဲ့ပက်ထရစ်ရှာရဲ့ ဗီဒီယိုလေး

0
22






Source – Sue Sha Naing

Unicode

ပရိသတ်တွေချစ်ခင်အားပေးမှုတွေရရှိထားတဲ့ စူးရှနိုင်ကတော့ သူမရဲ့သရုပ်ဆောင်ပီပြင်မှုကြောင့် အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေနဲ့ နေရာလေးတစ်နေရာရရှိထားတာလည်း ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတော်တော်များများနဲ့ ရုပ်ရှင်ကားကြီးတွေမှာ ခေါင်းဆောင်မင်းသမီးနေရာက သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့အပြုအမူလေးတွေကြောင့်လည်း ပရိသတ်တွေကပိုပြီးအချစ်ပိုနေရတာပါ။ သူမရဲ့ခန္ဓာကိုယ်အလှတွေကတော့ပရိသတ်တွေသာမကအနုပညာရှင်တွေပါအားကျနေတာလည်း ဖြစ်ပါတယ်။

သူမဟာ လက်ရှိမှာ ထိုင်းမင်းသားလေး Naraphat Stary နဲ့အတူတူ” မဖဲဝါ ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးဟာ ထိုင်း၊မြန်မာချစ်ကြည်ရေးအတွက်ရိုက်ကူးနေတာပဲ ဖြစ်ပြီး Naraphat Stary, ပတ်ထရစ်ရှာ, ခါရာ, Kootee Aramboy, Sakkarach Sriwangpol, နော်ဖောအယ်ထား, လီလီကျော်ခိုင်, Thomas Steph, PramoteThianchaikerdsilp, ရဲအောင်, မေသဉ္ဖာဦး, Vasana Chlakorn နှင့် အခြားသော အနုပညာရှင်များစွာပါဝင် ကြမှာပဲ ဖြစ်ပါတယ်။ ရှာရှာဟာ လတ်တလောမှာလည်း ရုပ်ရှင်ကားကြီးများရိုက်ကူးနေသည့်အပြင် ပွဲအခမ်းအနားများလည်း တက်ရောက်နေတာပဲ ဖြစ်ပါတယ်။

ရှာရှာဟာ မနေ့ညကတော့ ထိုင်းမင်းသားလေးနဲ့အတူ ရွှေတိဂုံဘုရားအတူတူဖူးခဲ့တာကို သူမရဲ့instagram လူမှုကွန်ယက်မှာ ပုံရိပ်များနဲ့ဗီဒီယိုလေးတွေဝေမျှထားတာပါ။ ဒီဗီဒီယိုလေးထဲမှာ သူတို့နှစ်ယောက်လုံးဟာ အရမ်းကိုပျော်ရွှင်နေကြတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက်ရှာရှာရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Posted by Su Su Sandi on Sunday, 9 June 2019

Source – Sue Sha Naing

LEAVE A REPLY

Please enter your comment!
Please enter your name here