မြင်သူတိုင်းငေးမောအားကျရလောက်အောင် လှရက်လွန်းနေတဲ့ ခင်ဝင့်ဝါရဲ့ အလန်းစားပုံရိပ်လေးများ

0
310

မြင်သူတိုင်းငေးမောအားကျရလောက်အောင် လှရက်လွန်းနေတဲ့ ခင်ဝင့်ဝါရဲ့ အလန်းစားပုံရိပ်လေးများ

ပရိသတ်ကြီးရေ မင်းသမီလေး ခင်ဝင့်ဝါကတော့ ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေနဲ့ ပရိသတ်ရဲ့အချစ်တွေကို အပိုင်ရယူထားသူလေး ဖြစ်ပါတယ်။ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ သူမရဲ့မျက်နှာလှလှလေးကြောင့် ပရိသတ်တွေကလည်း ခေးလေးလို့ ချစ်စနိုးခေါ်ကြပါတယ်။ ခေးအနေနဲ့ ဗီဒီယိုဇာတ်ကားတွေများစွာ ရိုက်ကူးခဲ့ရပြီး လက်ရှိမှာတော့ ရုပ်ရှင်ကားကြီးတွေမှာပါ ရိုက်ကူးအောင်မြင်နေတဲ့ မင်းသမီးတစ်ဦး ဖြစ်ပါတယ်။

ပိန်သွယ်လှပတဲ့ ခန္ဓာကိုယ်လေးနဲ့အတူ မြင်သူချစ်မိစေတဲ့ သူမရဲ့အလှက ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးမှုတွေသာမက မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။သူမဟာ အပြုံးချိုချိုလေးတွေရယ် ချစ်စရာဟန်ပန်လေးတွေရယ်နဲ့ အမြဲတမ်း သရုပ်ဆောင်တက်တာကြောင့် ပရိတ်သတ်တွေက အသဲစွဲနေရခြင်းလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း မြန်မာဝတ်စုံလေး ဝတ်ဆင်ကာ ချစ်စရာကောင်းတဲ့ အမူရာလေးတွေနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

ပုံလေးတွေတိုင်းမှာ ခေးတစ်ယောက် အရမ်းချစ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။သဘောရော မနောပါ ဖြူစင်တဲ့သူမက ကြည်လင်လှပပြီး ပကာသနကင်းတဲ့အပြုံးလေးနဲ့ ချစ်စရာကောင်းနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း မင်းသမီးလေး ခင်ဝင့်ဝါရဲ့ အဝါရောင်ဖက်ရှင်လေးနဲ့ ပုံလေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Source:Khin Wint Wah