ထောင်အတွင်းဆူပူသူများအား ပစ်ခတ်မှုကြောင့် အကျဉ်းသားအချို့သေဆုံး

0
7500

ထောင်အတွင်းဆူပူသူများအား ပစ်ခတ်မှုကြောင့် အကျဉ်းသားအချို့သေဆုံး

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်ပြီးပြည်တွင်း ပြဿနာပေါင်းစုံတက်နေပြီး နေရာအနှံ့အပြားမှ အကျဉ်းတွေမှာလည်း ဆူပူမှုတွေဖြစ်ပေါ်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ အကျဉ်းထောင်တွေထဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုအကျှု်းထောင်လည်းပါဝင်ခဲ့တာတွေ့ရပါတယ်။

မေလ ၈ရက်နေ့ မနေ့က စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုအကျဉ်းထောင်တွင် ထောင်ဆူပူမှုဖြစ်ပေါ်ခဲ့ပြီး တာဝန်ရှိသူများက ပစ်ခတ်နှိမ်နင်းမှုတွေပြုလုပ်ခဲ့ရကြောင်း သိရပါတယ်။ အဆိုပါ ပစ်ခတ်မှုတွေကြောင့် ထောင်းအတွင်းရှိ အကျဉ်းသားတချို့ သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ ဒီကနေ့ မေလ ၉ရက်နေ့ နံနက်ပိုင်းမှာ အဆိုပါ ထောင်အတွင်းပစ်ခတ်မှုကြောင့် သေဆုံးသူအကျဉ်းသား ရုပ်အလောင်းအချို့ကို ပြင်ပသို့ သယ်ဆောင်လာခဲ့သည်ကို တွေ့ရပါတယ်။

အဆိုပါ ပစ်ခတ်မှုတွေကြောင့် အကျဉ်းထောင်အတွင်း ဆန္ဒပြမှုမှာ အဆုံးမသတ်သေးကြောင်း ကနဦးသတင်းတွေအရ သိရပါတယ်။ မကျေမနပ် ဖြစ်နေကြသော အကျဉ်းသားများတွင် တုတ်၊ ဓား လက်နက် ကိုင်ဆောင်ထားသဖြင့် သွားရောက် ညှိနှိုင်းရန် ပြင်ဆင်နေသည့် တိုင်းအစိုးရ ဝန်ကြီးချုပ်သည် အကျဉ်းသားများနှင့် ဆွေးနွေးနိုင်ခြင်း မရှိသေးဟု သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပွားနေတဲ့ ရွှေဘိုထောင်အတွင်းမှ ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေလိုက်ပါတယ်။

Photos –  ခင်နင်းေ၀