ေလာင္းကစား သတင္းေပးသူႏွင့္ ဖမ္းဆီးသူကို ဆုေငြခ်ီးျမွင့္ပါမည္

0
565

ေလာင္းကစားမူ႔အား သတင္းေပးသူႏွင့္ ဖမ္းဆီးသူကို ဆုေငြခ်ီးျမွင့္မည့္ ေလာင္းကစားဥပေဒကို သမၼတ လက္မွတ္ေရးထိုး

ေလာင္းကစားဥပေဒ (၂၀၁၉) ကို ႏိုင္ငံေတာ္သမၼတက ေမလ ၇ ရက္ ေန႔ စြဲျဖင့္ လက္မွတ္ေရးထိုးထုတ္ျပန္လိုက္ျပီး ယင္းဥပေဒထဲတြင္ ႏိုင္ငံသားမ်ား ေလာင္းကစားလုပ္ျခင္းကို အထူးတင္းၾကပ္ထားသည္။

အမ်ားျပည္သူပိုင္ေနရာမ်ားတြင္ ေလာင္းကစားလုပ္သည့္ မည္သူ႕ကိုမဆို ျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ ရဲနွင့္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးတို႔က ၀ရမ္းမပါဘဲ ဖမ္းဆီးပိုင္ခြင့္ကိုပါ သမၼတက ဥပေဒမွတဆင့္ တာ၀န္ေပးအပ္ထားေၾကာင္း သိရသည္။

ယင္းအျပင္ ေလာင္းကစား သတင္းေပးသူကို အကာအကြယ္ေပးထားျပီး ဆုခ်ီးျမွင့္မည့္ အစီအစဥ္ကိုပါ ထည့္သြင္းထားသည္။

ေလာင္းကစားျပဳလုပ္ေနေၾကာင္း သတင္းေပးသူကို ျပည္သူ႕ဘ႑ာေငြ အျဖစ္သိမ္းဆည္းလိုက္သည့္ ေငြႏွင့္ ရံုးေတာ္က ျပည္သူ႕ဘ႑ာေငြအျဖစ္သိမ္းဆည္းရန္ အမိန္႔ခ်လိုက္သည့္ ပစၥည္းေရာင္းခ်ေငြအနက္မွ ၁၀ ရာခိုင္ႏႈန္းကို ဆုအျဖစ္ ခ်ီးျမွင့္မည္ျဖစ္သည္။

သတင္းေပးသူသာမက ဖမ္းဆီးသူမ်ားကိုလည္း ဆုေၾကးအျဖစ္ ၂၀ ရာခိုင္ႏႈန္း ခြဲေ၀ ဆုခ်ီးျမွင့္မည္ဟု သိရသည္။ယင္းဥပေဒတြင္ ကာစီႏိုဖြင့္ခြင့္ေပးထားျပီး ႏိုင္ငံသားမ်ား ၀င္ေရာက္ကစားခြင့္ကို တားျမစ္ထားသည္။ ၀င္ကစားပါက အမ်ားဆံုး ေထာင္ဒဏ္.၁ ႏွစ္မွ အနည္းဆံုး ၆လ ေထာင္ဒဏ္ခ်မွတ္ခံရႏိုင္သည့္အျပင္ အနည္းဆံုးက်ပ္ ၅ေသာင္းမွ အမ်ားဆံုးက်ပ္ တစ္သိန္းအထိ ေငြဒဏ္လည္း ခ်မွတ္ႏိုင္ေၾကာင္း၊

တားျမစ္ခ်က္ကို တစ္ၾကိမ္က်ဴးလြန္ျပီး ထပ္မံက်ဴးလြန္ပါက ထိုသူကို အမ်ားဆံုး ေထာင္ဒဏ္.၃ ႏွစ္မွ အနည္းဆံုး ၁ ႏွစ္ ေထာင္ဒဏ္ခ်မွတ္ခံရမည့္အျပင္ အနည္းဆံုးက်ပ္ တစ္သိန္းမွ အမ်ားဆံုး က်ပ္သံုးသိန္းအထိ ေငြဒဏ္လည္း ခ်မွတ္ႏိုင္ေၾကာင္း ေဖာ္ျပထားသည္။

ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးက ‘’အေတာ္ကို ေထာင့္ေစ့ေအာင္ေရးဆြဲထားတဲ့ ဥပေဒတစ္ခုလို႔ ျမင္တယ္။အေကာင္အထည္ေဖာ္သူေတြ အေနနဲ႔ တိတိက်က် အေကာင္အထည္ေဖာ္ႏိုင္ရင္ ေလာင္းကစားေတြ ပေပ်ာက္သြားမယ္’’ ဟု မွတ္ခ်က္ျပဳသည္။ Crd . IseeMediar

Unicode ျဖင့္ဖတ္ရန္

လောင်းကစားမူ့အား သတင်းပေးသူနှင့် ဖမ်းဆီးသူကို ဆုငွေချီးမြှင့်မည့် လောင်းကစားဥပဒေကို သမ္မတ လက်မှတ်ရေးထိုး

လောင်းကစားဥပဒေ (၂၀၁၉) ကို နိုင်ငံတော်သမ္မတက မေလ ၇ ရက် နေ့ စွဲဖြင့် လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပြီး ယင်းဥပဒေထဲတွင် နိုင်ငံသားများ လောင်းကစားလုပ်ခြင်းကို အထူးတင်းကြပ်ထားသည်။

အများပြည်သူပိုင်နေရာများတွင် လောင်းကစားလုပ်သည့် မည်သူ့ကိုမဆို မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့က ဝရမ်းမပါဘဲ ဖမ်းဆီးပိုင်ခွင့်ကိုပါ သမ္မတက ဥပဒေမှတဆင့် တာဝန်ပေးအပ်ထားကြောင်း သိရသည်။

ယင်းအပြင် လောင်းကစား သတင်းပေးသူကို အကာအကွယ်ပေးထားပြီး ဆုချီးမြှင့်မည့် အစီအစဉ်ကိုပါ ထည့်သွင်းထားသည်။

လောင်းကစားပြုလုပ်နေကြောင်း သတင်းပေးသူကို ပြည်သူ့ဘဏ္ဍာငွေ အဖြစ်သိမ်းဆည်းလိုက်သည့် ငွေနှင့် ရုံးတော်က ပြည်သူ့ဘဏ္ဍာငွေအဖြစ်သိမ်းဆည်းရန် အမိန့်ချလိုက်သည့် ပစ္စည်းရောင်းချငွေအနက်မှ ၁၀ ရာခိုင်နှုန်းကို ဆုအဖြစ် ချီးမြှင့်မည်ဖြစ်သည်။

သတင်းပေးသူသာမက ဖမ်းဆီးသူများကိုလည်း ဆုကြေးအဖြစ် ၂၀ ရာခိုင်နှုန်း ခွဲဝေ ဆုချီးမြှင့်မည်ဟု သိရသည်။ယင်းဥပဒေတွင် ကာစီနိုဖွင့်ခွင့်ပေးထားပြီး နိုင်ငံသားများ ဝင်ရောက်ကစားခွင့်ကို တားမြစ်ထားသည်။ ဝင်ကစားပါက အများဆုံး ထောင်ဒဏ်.၁ နှစ်မှ အနည်းဆုံး ၆လ ထောင်ဒဏ်ချမှတ်ခံရနိုင်သည့်အပြင် အနည်းဆုံးကျပ် ၅သောင်းမှ အများဆုံးကျပ် တစ်သိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊

တားမြစ်ချက်ကို တစ်ကြိမ်ကျူးလွန်ပြီး ထပ်မံကျူးလွန်ပါက ထိုသူကို အများဆုံး ထောင်ဒဏ်.၃ နှစ်မှ အနည်းဆုံး ၁ နှစ် ထောင်ဒဏ်ချမှတ်ခံရမည့်အပြင် အနည်းဆုံးကျပ် တစ်သိန်းမှ အများဆုံး ကျပ်သုံးသိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ‘’အတော်ကို ထောင့်စေ့အောင်ရေးဆွဲထားတဲ့ ဥပဒေတစ်ခုလို့ မြင်တယ်။အကောင်အထည်ဖော်သူတွေ အနေနဲ့ တိတိကျကျ အကောင်အထည်ဖော်နိုင်ရင် လောင်းကစားတွေ ပပျောက်သွားမယ်’’ ဟု မှတ်ချက်ပြုသည်။ Crd . IseeMediar