ရာသီဥတုပူပြင်းမှုကို ထိန်းသိမ်းဖို့အတွက် အမိုးပေါ်မှာ ဥယျာဉ်ငယ်ဖန်တီးထားတဲ့ ဘတ်စ်ကားတွေ စင်ကာပူမှာမောင်းနှင်

0
657

ရာသီဥတုပူပြင်းမှုကို ထိန်းသိမ်းဖို့အတွက် အမိုးပေါ်မှာ ဥယျာဉ်ငယ်ဖန်တီးထားတဲ့ ဘတ်စ်ကားတွေ စင်ကာပူမှာမောင်းနှင်

စင်ကာပူ၊ မေ ၅

ကားအမိုးပေါ်မှာ ဥယျာဉ်ငယ်လေးတစ်ခုစီ စိုက်ပျိုးဖန်တီးထားတဲ့ ခရီးသည်တင် ဘတ်စ်ကားတွေကို စင်ကာပူနိုင်ငံမှာ ဒီကနေ့ စတင်မောင်းနှင်ပြေးဆွဲနေပြီဖြစ်ပါတယ်။

“Garden on the Move”လို့ အမည်ပေးထားတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်နေတာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စမ်းသပ်နေတာလဲဖြစ်ပါတယ်။

ကားခေါင်မိုးပေါ်မှာ အဲဒီလို ဥယျာဉ်ငယ်လေးဖန်တီးစိုက်ပျိုးထားခြင်းကြောင့် ကားတွင်းအပူချိန် အလိုအလျောက်လျော့ကျသွားမှာဖြစ်ပြီး၊ ဒါကြောင့် ကားတွင်းအပူချိန်လျော့ကျစေဖို့အတွက် ပုံမှန်အသုံးပြုနေကျ လေအေးပေးစက် အဲကွန်းအသုံးပြုမှုလဲ လျော့ကျသွားမှာဖြစ်တဲ့အတွက်ကြောင့် မော်တော်ယာဉ်ရဲ့ လောင်စာဆီအသုံးပြုမှုလဲ လျော့ကျသွားမှာဖြစ်သလို၊ ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုကိုလဲ လျော့ချနိုင်စေဖို့အတွက် ရည်ရွယ်ချက်နဲ့ စမ်းသပ်အကောင်အထည်ဖော်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ဟာ စင်ကာပူနိုင်ငံရဲ့ ရာသီဥတုဖောက်ပြန်မှုနဲ့ အပူချိန်မြင့်မားလာမှုတွေကိုလဲ ထိန်းသိမ်းနိုင်လာလိမ့်မယ်လို့ ဆိုပါတယ်။

ကားအမိုးပေါ်က ဥယျာဉ်မှာတော့ စိမ်းလမ်းစိုပြည်တဲ့ သဘာဝမြက်ပင်လေးတွေကို မြေဆီလွှာမဲ့နည်းနဲ့ ကော်ဇော်တစ်ခုလိုခင်းပြီး စိုက်ပျိုးထားတာဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ အာရှမှာ ပထမဆုံးလုပ်တာဖြစ်တယ်လို့လဲသိရပါတယ်။

PN
Ref: Buses with rooftop gardens to ply Singapore’s roads(CNA)
Photo – Singapore Green Building Council
Popular News Journal