မြန်မာပြည်နဲ့ ရေစက်ပါတဲ့ အမေရိကန်ဆရာမလေးရဲ့ ထူးခြားတဲ့အလှူ

0
678

မြန်မာပြည်နဲ့ ရေစက်ပါတဲ့ အမေရိကန်ဆရာမလေးရဲ့ ထူးခြားတဲ့အလှူ

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့ အ.ထ.ကကျောင်းဝင်းအတွင်း အမေရိကန်ဆရာမလေး Abby Hester ရဲ့ အဖွားနဲ့ မိသားစု လှူဒါန်းတဲ့ ၃၀ပေ×၉၀ပေ ၂ထပ် ကျောင်းဆောင် ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာပြီးဆုံးသွားပါပြီ။

ကျောင်းဆောင်သစ်မှာလျှပ်စစ်မီးမပါလို့ ၂၇ကြိမ်မြောက် အာစရိယပူဇော်ပွဲမှ လျှပ်စစ်မီးအတွက် ကောက်ခံထားတဲ့ အလှူရှင်တွေရဲ့အလှူငွေရယ် မြို့မိမြို့ဖများထံမှအလှူငွေ၎သိန်းရယ် မီတာ၁လုံးအသစ် လျှောက်ထားတာ ရပြီဖြစ်လို့ ကိုဘိုဘိုထွန်းအဖွဲ့နဲ့မနက်ဖြန်ကစပြီး လျှပ်စစ်မီးသွယ်တန်းမှာဖြစ်ပါတယ်။

သနပ်ပင်အ.ထ.ကကျောင်းသူဟောင်းတစ်ဦးဖြစ်တဲ့ ရန်ကုန်မြို့စော်ဘွားကြီးကုန်းမှ လမင်းအိမ်ဆောက်ပစ္စည်းဆိုင် မှ မအေးအေးနိုင် လှူဒါန်းထားတဲ့ အလှူငွေ၁၂သိန်းနဲ့ ရေစင်တည်ဆောက်မှာ ဖြစ်ပါတယ်၊ အောက်ခံဖေါင်ဒေးရှင်း တိုင် ၄တိုင် လောင်းပြီးပါပြီ၊ ရေစင်အတွက် ၄ပေပါတ်လည် ရေဂါလံ၄၀၀နီးပါးဆန့်တဲ့tank ၁လုံးဝယ်ပြီးပါပြီ။

ကိုကျော်ဇေယျနဲ့ အဖွဲ့မှ တာဝန်ယူတည်ဆောက်ပေးမှာ ဖြစ်ပါတယ်။ သနပ်ပင်အ.ထ.က ကျောင်းအတွက် လှူဒါန်း ပေးတဲ့ အလှူရှင်များအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ လိုအင်ဆန္ဒများ ပြည့်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်ခင်ဗျား။

San Naing

LEAVE A REPLY

Please enter your comment!
Please enter your name here