ေက်ာ္ကိုကို၏ သြင္းဂိုးမ်ားျဖင့္ စင္ကာပူကို ျမန္မာအႏိုင္အရ

0
746

ျမန္မာ့လက္ေ႐ြးစင္အသင္းသည္ ဖီဖာအသိအမွတ္ျပဳႏိုင္ငံတကာေျခစမ္းပြဲအျဖစ္ စင္ကာပူလက္ေ႐ြးစင္အသင္းႏွင့္ယွဥ္ၿပိဳင္ကစားခဲ့ရာတြင္ တိုက္စစ္မႉး ေက်ာ္ကိုကို၏ သြင္းဂိုးမ်ားျဖင့္ ျမန္မာအသင္းက ၂-၁ဂိုးျဖင့္ အႏိုင္ရရွိခဲ့သည္။

ယေန႔(ဇြန္လ၁၁ရက္)ညပိုင္းက စင္ကာပူအမ်ိဳးသားေဘာလုံး ကြင္းႀကီး၌ ယွဥ္ၿပိဳင္ကစားခဲ့သည့္ အဆိုပါပြဲစဥ္တြင္ အိမ္ရွင္စင္ကာပူအသင္းကို ျမန္မာအသင္းက ေျခစြမ္းပိုင္းအသာစီးျဖင့္ကစားႏိုင္ခဲ့ၿပီး အႏိုင္ရရွိခဲ့ျခင္း ျဖစ္သည္။

ျမန္မာအသင္းသည္ ပြဲအစ၅မိနစ္မွာပင္ တိုက္စစ္မႉးေက်ာ္ေက်ာ္ကိုက ေအာင္သူ၏ ဖန္တီးေပးမႈမွ အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့သည္။ သို႔ေသာ္လည္း စင္ကာပူအသင္းက ၂၄မိနစ္၌ေခ်ပဂိုးျပန္လည္သြင္းယူႏိုင္ခဲ့ေသာေၾကာင့္ ပထမပိုင္းအၿပီး၌
၁-၁ဂိုးျဖင့္ သေရလဒ္ထြက္ေပၚေနခဲ့သည္။

ဒုတိယပိုင္းတြင္ ႏွစ္သင္းလုံးအႏိုင္ဂိုးမ်ားရရွိရန္အတြက္ ႀကိဳးစားလာခဲ့ၾကၿပီး ပြဲခ်ိန္၆၇မိနစ္၌ ေက်ာ္ေက်ာ္ကိုက တစ္ကိုယ္ေတာ္အစြမ္းျဖင့္ဒုတိယဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့သည္။ လက္က်န္အခ်ိန္မ်ားတြင္ အိမ္ရွင္စင္ကာပူအသင္းက ေခ်ပဂိုးရရွိရန္ဖိအားေပးကစားလာခဲ့ေသာ္လည္း ျမန္မာအသင္းက အမွားအယြင္းမရွိ ကစားႏိုင္ခဲ့ၿပီး အႏိုင္ရလဒ္ကိုထိန္းသြားႏိုင္ခဲ့ျခင္း ျဖစ္သည္။

အဆိုေျခစမ္းပြဲစဥ္သည္ နည္းျပ ရာဒူလိုဗစ္၏ ပထမဆုံးေသာ ပြဲစဥ္ျဖစ္ၿပီး ခက္ခဲေသာစင္ကာပူအသင္းကို အေဝးကြင္း၌အႏိုင္ရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့ျခင္း ျဖစ္သည္။

မိုင္းေစာလြင္

Source: Pyi Myanmar

ဓာတ္ပုံ-MFF

မြန်မာ့လက်ရွေးစင်အသင်းသည် ဖီဖာအသိအမှတ်ပြုနိုင်ငံတကာခြေစမ်းပွဲအဖြစ် စင်ကာပူလက်ရွေးစင်အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ရာတွင် တိုက်စစ်မှူး ကျော်ကိုကို၏ သွင်းဂိုးများဖြင့် မြန်မာအသင်းက ၂-၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယနေ့(ဇွန်လ၁၁ရက်)ညပိုင်းက စင်ကာပူအမျိုးသားဘောလုံး ကွင်းကြီး၌ ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် အိမ်ရှင်စင်ကာပူအသင်းကို မြန်မာအသင်းက ခြေစွမ်းပိုင်းအသာစီးဖြင့်ကစားနိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် ပွဲအစ၅မိနစ်မှာပင် တိုက်စစ်မှူးကျော်ကျော်ကိုက အောင်သူ၏ ဖန်တီးပေးမှုမှ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သည်။ သို့သော်လည်း စင်ကာပူအသင်းက ၂၄မိနစ်၌ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သောကြောင့် ပထမပိုင်းအပြီး၌
၁-၁ဂိုးဖြင့် သရေလဒ်ထွက်ပေါ်နေခဲ့သည်။

ဒုတိယပိုင်းတွင် နှစ်သင်းလုံးအနိုင်ဂိုးများရရှိရန်အတွက် ကြိုးစားလာခဲ့ကြပြီး ပွဲချိန်၆၇မိနစ်၌ ကျော်ကျော်ကိုက တစ်ကိုယ်တော်အစွမ်းဖြင့်ဒုတိယဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့သည်။ လက်ကျန်အချိန်များတွင် အိမ်ရှင်စင်ကာပူအသင်းက ချေပဂိုးရရှိရန်ဖိအားပေးကစားလာခဲ့သော်လည်း မြန်မာအသင်းက အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပြီး အနိုင်ရလဒ်ကိုထိန်းသွားနိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုခြေစမ်းပွဲစဉ်သည် နည်းပြ ရာဒူလိုဗစ်၏ ပထမဆုံးသော ပွဲစဉ်ဖြစ်ပြီး ခက်ခဲသောစင်ကာပူအသင်းကို အဝေးကွင်း၌အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

မိုင်းစောလွင်

Source: Pyi Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here