မီးသတ္ကားနဲ႔ တုိက္မိရင္ အေလ်ာ္မရဘူးဆုိတာ တကယ္လား?

0
637

အမွား အမွန္မရွိ ယာဥ္ေမာင္းကိုလည္းအေရးယူခြင့္မရွိ

ေႏြဦးရာသီမို႔ မီးသတ္ကားဥၾသသံေတြ တေဝါေဝါၾကားေနရပါၿပီ မီးေလာင္မႈသတင္းေတြကလည္း ေန႔စဥ္ႏွင့္အမွ် ၾကားေနၾကရတယ္။ လူတိုင္းသိထားၾကတဲ႔ အသိတစ္ခုကေတာ့ မီးေလာင္းမႈျဖစ္တဲ႔ေနရာကို မီးသတ္ကား အခ်ိန္မွီ ေရာက္ေစခ်င္ၾကတာပါပဲ။

အားလံုးကလည္းနားလည္ၾကပါတယ္။ အခ်က္ေပးသံ ဥၾသဆြဲသံေတြနဲ႔ မီးသတ္ကားေတြအေရးေပၚထြက္လာၾကပီဆိုတာနဲ႔ လမ္းဖယ္ေပးၾကရမယ္ ေဘးကပ္ေပးၾကရမယ္ ရပ္ေပးထားရမယ္ မီးသတ္ကာ းမီးေလာင္ရာသြားတဲ႔ လမ္းတေလွ်ာက္ အခ်ိန္မွီေရာက္ေစရမယ္ ကိုယ့္ေၾကာင့္ အခ်ိန္ေႏွာင့္ေႏွးတာမ်ိဳးမျဖစ္ေစရဘူးဆိုတာကိုေပါ့။ ဒါ လူတိုင္းနီးပါး ထားရွိေနတဲ႔ အသိစိတ္ဓါတ္ပါ။

ဟုတ္ပါၿပီ အဲ႔လိုအသိအားလံုးရွိေနၾကေပမဲ႔မိမိသြားလိုရာကိုသာၾကည့္တတ္တဲ႔အခ်ိဳ႕ အခ်ိဳ႕ေသာသူမ်ားလည္းရွိပါလိမ့္မယ္ မီးသတ္ကားအေရးေပၚဥၾသေတြဆြဲ မီးေတြဖြင့္ၿပီး မီးေလာင္းရာကိုစနစ္တက်ေမာင္ႏွင္သြားလာေနတာကို အသိစိတ္ဓါတ္ ကင္းမဲ႔ ကူညီေဖးမမႈမျပဳဘဲ မိိမိသေဘာကိုသာေဆာင္ေနလို႔ အဆိုပါမီးသတ္ကားနဲ႔မေတာတဆမႈျဖစ္ခဲ႔မယ္ဆိုခဲ႔ရင္ ျမန္မာ ႏိုင္ငံမီးသတ္တပ္ဖြဲ႔ဥပေဒ အခန္း ၁၃ ပုဒ္မ ၄၁ အရ မီးသတ္ကားယာဥ္ေမာင္းကို ျပစ္မႈေၾကာင္းအရပဲ ျဖစ္ျဖစ္၊ တရားမေၾကာင္း အရပဲ ျဖစ္ျဖစ္တရားစြဲဆိုခြင့္မရွိပါဘူး။ အမွား အမွန္မရွိ ယာဥ္ေမာင္းကိုလဲ အေရးယူခြင့္မရွိဘူးေလ။

သာမန္ခ်ိန္မွာေတာ့ မီးသတ္ယာဥ္ဟာ အျခားယာဥ္မ်ားနည္းတူပါပဲ။ အထက္ကေျပာခဲ႔တဲ႔အေရးေပၚအခ်ိန္ေတြမွာေတာ့ မီးသတ္ယာဥ္ေမာင္းကို တရားစြဲဆိုခြင့္မရွိပါဘူး ဆိုတာေလးကိုပါ သိရွိ နားလည္ထားၿပီး မီးေလာင္ျပင္ရွိရာကို မီးသတ္ကား အခ်ိန္မွီေရာက္ေစဖို႔ ယခုထက္ပို၍ ဂရုစိုက္ေပးၾကရေအာင္ဗ်ာ။

(မီးသတ္တပ္ဖြဲ႔ဝင္မ်ားအား အစဥ္ေလးစားလွ်က္)

ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ၊ 19.2.2019

Unicode

အမှား အမှန်မရှိ ယာဉ်မောင်းကိုလည်းအရေးယူခွင့်မရှိ

နွေဦးရာသီမို့ မီးသတ်ကားဥသြသံတွေ တဝေါဝေါကြားနေရပါပြီ မီးလောင်မှုသတင်းတွေကလည်း နေ့စဉ်နှင့်အမျှ ကြားနေကြရတယ်။ လူတိုင်းသိထားကြတဲ့ အသိတစ်ခုကတော့ မီးလောင်းမှုဖြစ်တဲ့နေရာကို မီးသတ်ကား အချိန်မှီ ရောက်စေချင်ကြတာပါပဲ။

အားလုံးကလည်းနားလည်ကြပါတယ်။ အချက်ပေးသံ ဥသြဆွဲသံတွေနဲ့ မီးသတ်ကားတွေအရေးပေါ်ထွက်လာကြပီဆိုတာနဲ့ လမ်းဖယ်ပေးကြရမယ် ဘေးကပ်ပေးကြရမယ် ရပ်ပေးထားရမယ် မီးသတ်ကာ းမီးလောင်ရာသွားတဲ့ လမ်းတလျှောက် အချိန်မှီရောက်စေရမယ် ကိုယ့်ကြောင့် အချိန်နှောင့်နှေးတာမျိုးမဖြစ်စေရဘူးဆိုတာကိုပေါ့။ ဒါ လူတိုင်းနီးပါး ထားရှိနေတဲ့ အသိစိတ်ဓါတ်ပါ။

ဟုတ်ပါပြီ အဲ့လိုအသိအားလုံးရှိနေကြပေမဲ့မိမိသွားလိုရာကိုသာကြည့်တတ်တဲ့အချို့ အချို့သောသူများလည်းရှိပါလိမ့်မယ် မီးသတ်ကားအရေးပေါ်ဥသြတွေဆွဲ မီးတွေဖွင့်ပြီး မီးလောင်းရာကိုစနစ်တကျမောင်နှင်သွားလာနေတာကို အသိစိတ်ဓါတ် ကင်းမဲ့ ကူညီဖေးမမှုမပြုဘဲ မိမိသဘောကိုသာဆောင်နေလို့ အဆိုပါမီးသတ်ကားနဲ့မတောတဆမှုဖြစ်ခဲ့မယ်ဆိုခဲ့ရင် မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေ အခန်း ၁၃ ပုဒ်မ ၄၁ အရ မီးသတ်ကားယာဉ်မောင်းကို ပြစ်မှုကြောင်းအရပဲ ဖြစ်ဖြစ်၊ တရားမကြောင်း အရပဲ ဖြစ်ဖြစ်တရားစွဲဆိုခွင့်မရှိပါဘူး။ အမှား အမှန်မရှိ ယာဉ်မောင်းကိုလဲ အရေးယူခွင့်မရှိဘူးလေ။

သာမန်ချိန်မှာတော့ မီးသတ်ယာဉ်ဟာ အခြားယာဉ်များနည်းတူပါပဲ။ အထက်ကပြောခဲ့တဲ့အရေးပေါ်အချိန်တွေမှာတော့ မီးသတ်ယာဉ်မောင်းကို တရားစွဲဆိုခွင့်မရှိပါဘူး ဆိုတာလေးကိုပါ သိရှိ နားလည်ထားပြီး မီးလောင်ပြင်ရှိရာကို မီးသတ်ကား အချိန်မှီရောက်စေဖို့ ယခုထက်ပို၍ ဂရုစိုက်ပေးကြရအောင်ဗျာ။

(မီးသတ်တပ်ဖွဲ့ဝင်များအား အစဉ်လေးစားလျှက်)

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ၊ 19.2.2019

LEAVE A REPLY

Please enter your comment!
Please enter your name here