ရန္ကုန္တြင္မုန္႔ဖတ္မ်ား ေဖာ္မလင္သုံးစြဲမႈ ရာႏႈန္းျပည့္နီးပါး မေတြ႔ရေတာ့ဟု FDA ေျပာ

0
198

မုန္႔ဖတ္ေတြမွာ ေဖာ္မလင္ဓာတု ေဆးသံုးစြဲတာကုိ ရန္ကုန္ၿမိဳ႕မွာ ရာႏႈန္းျပည့္ေလာက္ မေတြ႔ရေတာ့ဘူးလို႔ အစားအေသာက္ႏွင့္ေဆး၀ါးကြပ္ကဲေရးဌာန (FDA) ရန္ကုန္တုိင္းတာ၀န္ခံက ေျပာပါတယ္။ျမန္မာႏိုင္ငံမွာ ေန႔စဥ္စားသံုးေနတဲ့ မုန္႔ဖတ္ေတြနဲ႔ ပဲေသြး၊ ပဲျပား စတဲ့အစားအစာေတြထဲမွာ ၾကာရွည္ခံေအာင္၊ မပုပ္သိုးေအာင္ထိုးတဲ့ ေဖာ္မလင္ေဆးေတြ ထည့္သြင္းသံုးစြဲေလ့ရွိပါတယ္။

အဲဒီလိုသံုးစြဲတာကို ရန္ကုန္ၿမိဳ႕မွာ အစားအေသာက္နဲ႔ေဆး၀ါးကြပ္ကဲေရး ဦးစီးဌာန (FDA) ကေန စစ္ေဆးၿပီး ဖမ္းဆီးတာ၊ ဖ်က္ဆီးတာေတြ လုပ္ခဲ့ပါတယ္။ အဲဒီလို ဖ်က္ဆီးအေရးယူမႈေတြလုပ္တဲ့အေပၚ လုပ္ငန္းရွင္ေတြက ေဖာ္မလင္အစား တျခားအစားထိုး ေဆး၀ါးေတြ အသံုးျပဳဖို႔ေျပာဆိုတာေၾကာင့္ FDA ကေန ေဖာ္မလင္အစားထုိး နည္းပညာသင္တန္းေတြ ေပးခဲ့ၿပီးေနာက္ ရန္ကုန္အေနနဲ႔ ရာႏႈန္းျပည့္နီးပါး ေဖာ္မလင္ အသံုးျပဳတာ မေတြ႔ရေတာ့ဘူးလို႔ FDA ရန္ကုန္တိုင္းတာ၀န္ခံ ေဒါက္တာမင္း၀န္က ေျပာပါတယ္။မုန္႔ဖတ္ေရာင္းတဲ့ ေစ်းဆိုင္ေတြကို သက္ဆိုင္ရာဌာနေတြက လာေရာက္စစ္ေဆးတဲ့အခါ ၀ယ္ယူတဲ့ဆိုင္ေတြအထိ ျပသေပးရၿပီး FDA ခြင့္ျပဳခ်က္ရတဲ့ မုန္႔ဆိုင္ေတြကပဲ ၀ယ္ယူခြင့္ရတယ္လို႔ မုန္႔ဟင္းခါးအေရာင္းဆိုင္ေတြက ဆိုပါတယ္။

အရင္က မုန္႔ဖတ္ေတြဟာ ၂ ရက္ေလာက္အထိ အထားခံေပမယ့္ အခုေနာက္ပိုင္း ေဖာ္မလင္ေဆး မပါတာေၾကာင့္ တရက္ပဲ ခံေတာ့တယ္လို႔ မုန္႔ဟင္းခါး အေရာင္းဆိုင္ရွင္တဦးျဖစ္တဲ့ မေအးေအးမာက ေျပာပါတယ္။ျမန္မာႏိုင္ငံမွာ စားသံုးဖို႔မသင့္တဲ့ အစားအေသာက္ေတြနဲ႔ ပတ္သက္ၿပီး အေရးယူလို႔ ရႏိုင္တဲ့ ဥပေဒေတြ ရွိေပမယ့္ အဲဒီဥပေဒေတြကို ထိေရာက္တဲ့ အေကာင္အထည္ေဖာ္မႈ အားနည္းေနတယ္လို႔ ျမန္မာစားသံုးသူမ်ားသမဂၢ အတြင္ေရးမႉး ဦးေမာင္ေမာင္က ေျပာပါတယ္။

မုန္႔ဖတ္ေတြမွာ ေဖာ္မလင္ပါ၀င္မႈအပိုင္း စစ္ေဆးတာကို အစားအေသာက္နဲ႔ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာနက စစ္ေဆးရမွာျဖစ္ၿပီး စားသံုးသူအႏၱရာယ္ျဖစ္ေစမယ့္ ေဖာ္မလင္ပါ၀င္မႈရွိရင္ေတာ့ စားသံုးသူကာကြယ္ေရးဥပေဒနဲ႔ အေရးယူလို႔ရတယ္လို႔ ဧရာ၀တီတိုင္းေဒသႀကီး စားသံုးသူေရးရာဦးစီးဌာန တိုင္းဦးစီးမႉး ဦးစိုးေအာင္က ဆိုပါတယ္။လက္ရွိမွာေတာ့ စားသံုးသူအတြက္ အႏၱရာယ္ျဖစ္ေစမယ့္ ေဆး၀ါးနဲ႔ဆိုးေဆးပါ၀င္မႈကို စားသံုးသူ ဥပေဒနဲ႔ အေရးယူသလို FDA ဥပေဒနဲ႔ အမႈဖြင့္အေရးယူခဲ့တာေတြလည္း ရွိတယ္လို႔ ဆိုပါတယ္။
-သတင္း- စိုးမိုးေအာင္
Credit DVB Burmese News

Unicode

မုန့်ဖတ်တွေမှာ ဖော်မလင်ဓာတု ဆေးသုံးစွဲတာကို ရန်ကုန်မြို့မှာ ရာနှုန်းပြည့်လောက် မတွေ့ရတော့ဘူးလို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရန်ကုန်တိုင်းတာ၀န်ခံက ပြောပါတယ်။မြန်မာနိုင်ငံမှာ နေ့စဉ်စားသုံးနေတဲ့ မုန့်ဖတ်တွေနဲ့ ပဲသွေး၊ ပဲပြား စတဲ့အစားအစာတွေထဲမှာ ကြာရှည်ခံအောင်၊ မပုပ်သိုးအောင်ထိုးတဲ့ ဖော်မလင်ဆေးတွေ ထည့်သွင်းသုံးစွဲလေ့ရှိပါတယ်။

အဲဒီလိုသုံးစွဲတာကို ရန်ကုန်မြို့မှာ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ကနေ စစ်ဆေးပြီး ဖမ်းဆီးတာ၊ ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီလို ဖျက်ဆီးအရေးယူမှုတွေလုပ်တဲ့အပေါ် လုပ်ငန်းရှင်တွေက ဖော်မလင်အစား တခြားအစားထိုး ဆေးဝါးတွေ အသုံးပြုဖို့ပြောဆိုတာကြောင့် FDA ကနေ ဖော်မလင်အစားထိုး နည်းပညာသင်တန်းတွေ ပေးခဲ့ပြီးနောက် ရန်ကုန်အနေနဲ့ ရာနှုန်းပြည့်နီးပါး ဖော်မလင် အသုံးပြုတာ မတွေ့ရတော့ဘူးလို့ FDA ရန်ကုန်တိုင်းတာ၀န်ခံ ဒေါက်တာမင်း၀န်က ပြောပါတယ်။မုန့်ဖတ်ရောင်းတဲ့ ဈေးဆိုင်တွေကို သက်ဆိုင်ရာဌာနတွေက လာရောက်စစ်ဆေးတဲ့အခါ ၀ယ်ယူတဲ့ဆိုင်တွေအထိ ပြသပေးရပြီး FDA ခွင့်ပြုချက်ရတဲ့ မုန့်ဆိုင်တွေကပဲ ၀ယ်ယူခွင့်ရတယ်လို့ မုန့်ဟင်းခါးအရောင်းဆိုင်တွေက ဆိုပါတယ်။

အရင်က မုန့်ဖတ်တွေဟာ ၂ ရက်လောက်အထိ အထားခံပေမယ့် အခုနောက်ပိုင်း ဖော်မလင်ဆေး မပါတာကြောင့် တရက်ပဲ ခံတော့တယ်လို့ မုန့်ဟင်းခါး အရောင်းဆိုင်ရှင်တဦးဖြစ်တဲ့ မအေးအေးမာက ပြောပါတယ်။မြန်မာနိုင်ငံမှာ စားသုံးဖို့မသင့်တဲ့ အစားအသောက်တွေနဲ့ ပတ်သက်ပြီး အရေးယူလို့ ရနိုင်တဲ့ ဥပဒေတွေ ရှိပေမယ့် အဲဒီဥပဒေတွေကို ထိရောက်တဲ့ အကောင်အထည်ဖော်မှု အားနည်းနေတယ်လို့ မြန်မာစားသုံးသူများသမဂ္ဂ အတွင်ရေးမှူး ဦးမောင်မောင်က ပြောပါတယ်။

မုန့်ဖတ်တွေမှာ ဖော်မလင်ပါ၀င်မှုအပိုင်း စစ်ဆေးတာကို အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စစ်ဆေးရမှာဖြစ်ပြီး စားသုံးသူအန္တရာယ်ဖြစ်စေမယ့် ဖော်မလင်ပါ၀င်မှုရှိရင်တော့ စားသုံးသူကာကွယ်ရေးဥပဒေနဲ့ အရေးယူလို့ရတယ်လို့ ဧရာ၀တီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးအောင်က ဆိုပါတယ်။လက်ရှိမှာတော့ စားသုံးသူအတွက် အန္တရာယ်ဖြစ်စေမယ့် ဆေးဝါးနဲ့ဆိုးဆေးပါ၀င်မှုကို စားသုံးသူ ဥပဒေနဲ့ အရေးယူသလို FDA ဥပဒေနဲ့ အမှုဖွင့်အရေးယူခဲ့တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
-သတင်း- စိုးမိုးအောင်
Credit DVB Burmese News