ရဲကထုတ္တဲ့ ဝရမ္းပုံကို မႀကိဳက္လုိ႔၊ ဓာတ္ပုံအသစ္ပုိ႔ေပးခဲ့တဲ့ ဝရမ္းေျပး

0
248

ရာဇဝတ္မႈနဲ႔အလုိရွိေနတဲ့ ဝရမ္းေျပးတစ္ဦးဟာ သူကုိ ရဲစခန္းက ဖမ္းဝရမ္းထုတ္စဥ္မွာ၊ ပုံက ဆြဲေဆာင္မႈမရွိလုိ႔ဆုိၿပီး ခပ္လန္းလန္း ဓာတ္ပုံေလး ႐ုိက္ပုိ႔ခဲ့တယ္လုိ႔ ဆုိပါတယ္။ဒီအျဖစ္အပ်က္ဟာ Lincolnshire မွာ ျဖစ္ခဲ့တာပါ။ တရားခံမွာ Stephen Murphy ျဖစ္ပါတယ္။သူ႕ကို ဝရမ္းထုတ္တဲ့ဓာတ္ပုံဟာ အေတာ္ေလး ၾကည့္ရဆုိးလုိ႔၊ သူ ပုိ႔စ္ခပ္ေကာင္းေကာင္းေပးထားတဲ့ အလန္းစားဓာတ္ပုံကုိ ဝရမ္းပုံအတြက္ သုံးဖုိ႔ သူက ေတာင္းဆုိခဲ့ပါတယ္တဲ့။ဒါ့အျပင္ သူ႕နာမည္ကုိလည္း စာလုံးေပါင္းမွန္ေအာင္ ေပါင္းဖုိ႔နဲ႔ သတင္းေထာက္ထံကိုလည္းသူ႕နာမည္က Jr V Murphy ျဖစ္ေၾကာင္း၊ ဒီနာမည္ကို လူပုိသိေၾကာင္း

ဒီလုိအခ်က္အလက္ေတြ ျပည့္စုံမွသာလွ်င္ သူ႕ကို ဖမ္းဆီးဖုိ႔လြယ္ကူမွာျဖစ္ေၾကာင္း သူက အႀကံေပးခဲ့ေသးတယ္လုိ႔ ဆုိပါတယ္။ သူဟာ ေဘာ္စတြန္ၿမိဳ႕မွာ ဖ်က္လုိဖ်က္စီးလုပ္မႈနဲ႔ တရားစြဲခံထားရသူပါ။ဇူလုိင္လ(၉)ရက္ေန႔ ႐ုံးခ်ိန္းကိုလာေရာက္ဖုိ႔ ပ်က္ကြက္ခဲ့ၿပီး၊ ရဲက ဆက္သြယ္ခဲ့ေပမယ့္ လာဖုိ႔ စိတ္မပါဘူးလုိ႔ ေျပာခဲ့ပါတယ္။ ဒီလုိနဲ႔ ရဲက သူ႕ကုိဖမ္းဖုိ႔ ဝရမ္းထုတ္ခဲ့တာလုိ႔ သိရပါတယ္။

သူဟာ ရဲစခန္းကို ေနာက္ထပ္ ဓာတ္ပုံေတြ ပုိ႔ေပးခဲ့တယ္လုိ႔ သိရပါတယ္။ သူ႕ကို ဖမ္းမမိေသးပါဘူး။

Credit to လင္းေဇာ္ကို (D Nae Thit) / Source; Metro

Unicode

ရဲကထုတ်တဲ့ ဝရမ်းပုံကို မကြိုက်လို့၊ ဓာတ်ပုံအသစ်ပို့ပေးခဲ့တဲ့ ဝရမ်းပြေး

ရာဇဝတ်မှုနဲ့အလိုရှိနေတဲ့ ဝရမ်းပြေးတစ်ဦးဟာ သူကို ရဲစခန်းက ဖမ်းဝရမ်းထုတ်စဉ်မှာ၊ ပုံက ဆွဲဆောင်မှုမရှိလို့ဆိုပြီး ခပ်လန်းလန်း ဓာတ်ပုံလေး ရိုက်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်ဟာ Lincolnshire မှာ ဖြစ်ခဲ့တာပါ။ တရားခံမှာ Stephen Murphy ဖြစ်ပါတယ်။သူ့ကို ဝရမ်းထုတ်တဲ့ဓာတ်ပုံဟာ အတော်လေး ကြည့်ရဆိုးလို့၊ သူ ပို့စ်ခပ်ကောင်းကောင်းပေးထားတဲ့ အလန်းစားဓာတ်ပုံကို ဝရမ်းပုံအတွက် သုံးဖို့ သူက တောင်းဆိုခဲ့ပါတယ်တဲ့။ဒါ့အပြင် သူ့နာမည်ကိုလည်း စာလုံးပေါင်းမှန်အောင် ပေါင်းဖို့နဲ့ သတင်းထောက်ထံကိုလည်းသူ့နာမည်က Jr V Murphy ဖြစ်ကြောင်း၊ ဒီနာမည်ကို လူပိုသိကြောင်း

ဒီလိုအချက်အလက်တွေ ပြည့်စုံမှသာလျှင် သူ့ကို ဖမ်းဆီးဖို့လွယ်ကူမှာဖြစ်ကြောင်း သူက အကြံပေးခဲ့သေးတယ်လို့ ဆိုပါတယ်။ သူဟာ ဘော်စတွန်မြို့မှာ ဖျက်လိုဖျက်စီးလုပ်မှုနဲ့ တရားစွဲခံထားရသူပါ

ဇူလိုင်လ(၉)ရက်နေ့ ရုံးချိန်းကိုလာရောက်ဖို့ ပျက်ကွက်ခဲ့ပြီး၊ ရဲက ဆက်သွယ်ခဲ့ပေမယ့် လာဖို့ စိတ်မပါဘူးလို့ ပြောခဲ့ပါတယ်။ ဒီလိုနဲ့ ရဲက သူ့ကိုဖမ်းဖို့ ဝရမ်းထုတ်ခဲ့တာလို့ သိရပါတယ်။သူဟာ ရဲစခန်းကို နောက်ထပ် ဓာတ်ပုံတွေ ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ သူ့ကို ဖမ်းမမိသေးပါဘူး။

Credit to လင်းဇော်ကို (D Nae Thit) / Source; Metro