အိမ္နီးခ်င္းကပြားလို႔ဆိုၿပီး ပတ္ခ်ာလည္အိမ္ေတြကိုပါ ပစ္ဝယ္ခဲ့တဲ့ Ed Sheeran

0
219

ကၽြန္ေတာ္တို႔ဘဝေတြမွာ အိမ္နီးခ်င္းေပါင္းစံုနဲ႔ ၾကံဳဆံုဖူးမွာပါပဲ။ ေဆြမ်ိဳးအရင္းအခ်ာလိုမ်ိဳး မိသားစုစိတ္ဓာတ္နဲ႔ အရာရာကူညီတတ္တဲ့ အိမ္နီးခ်င္းေကာင္းေတြရွိသလိုပဲ၊ အားေနေစာင္းေျမာင္းလိုက္၊ ကိုယ့္အိမ္ထဲကိုယ္ဘာလုပ္လုပ္ သူတို႔ကိုထိခိုက္တယ္ဆိုၿပီး လိုက္တားလိုက္၊ ျပႆနာရွာလိုက္နဲ႔ သိပ္စိတ္ရႈပ္ရတဲ့ အိမ္နီးခ်င္းေတြလည္း ရွိေကာင္းရွိပါလိမ့္မယ္။ ဒီလိုအိမ္နီးခ်င္းမ်ိဳးနဲ႔ေတြ႕ခဲ့ရင္ သင္ေရာဘယ္လိုလုပ္မလဲ။ကမၻာေက်ာ္အဆိုေတာ္ Ed Sherran ကေတာ့ သူ႕နဲ႔သိပ္ၿပီး အေပါက္အလမ္းမတည့္တဲ့ အိမ္နီးခ်င္းရဲ႕အိမ္ကို ဝယ္ပစ္လိုက္ခဲ့ပါတယ္တဲ့။ ျဖစ္ပံုကေတာ့ ဒီလို။ Ed ဟာ ၂၀၁၂ ခုႏွစ္တုန္းက ေပါင္ ၈၉၅,၀၀၀ တန္တဲ့ Suffolk, Farmlingham က အိမ္နဲ႔ျခံဝန္းႀကီးတစ္ခုကို ဝယ္ထားခဲ့ပါတယ္။ အဲဒီႏွစ္ထဲမွာပဲ ကပ္လ်က္က ေပါင္ ၄ သိန္းခြဲတန္အိမ္တစ္လံုးကို ဝယ္ခဲ့ၿပီး၂၀၁၆ ခုႏွစ္မွာ သူပိုင္ေျမထဲ ေပါင္ ၉၂၅,၀၀၀ တန္ အိမ္တစ္လံုးနဲ႔ ၂၀၁၇ ခုႏွစ္ထဲမွာ ေပါင္ ၅၂၅,၀၀၀ တန္အိမ္တစ္လံုးတို႔ကို တည္ေဆာက္ခဲ့ရင္း တျဖည္းျဖည္းနဲ႔ ေဘးနားက ေျမေတြကိုပါ ေပါင္ ၃.၇ သန္းဖိုးအထိ တစ္သဲ့သဲ့ဝယ္ေနခဲ့တာပါ။

ေနာက္ဆံုးအခုဝယ္ခဲ့တဲ့ အိမ္ဟဟာဆိုရင္ေတာ့ သူနဲ႔ကေတာက္ကဆျဖစ္ခဲ့ဖူးတယ္ဆိုၿပီး လူသိထားၾကတဲ့ Sharon Jenk ရဲ႕ ေနအိမ္ပါ။ ကေတာက္ကဆျဖစ္တဲ့အေၾကာင္းအရင္းကလည္း Ed က သူပိုင္ေျမထဲမွာ ၃၂ ေပျမင့္တဲ့ သစ္ပင္အိမ္ေလး (tree house) ေဆာက္တာကို မႀကိဳက္တာပါတဲ့။ Ed ရဲ႕ tree house က သူ႕ျခံနဲ႔ နည္းနည္းကပ္ေနတာကိုး။ ဒါနဲ႔ပဲ Ed ဟာ ၿပီးခဲ့တဲ့ ဧၿပီလထဲမွာပဲ အိမ္နီးခ်င္း Sharon ရဲ႕ အိမ္ကို ႀကိဳက္ေဈးေပးဝယ္ခဲ့ၿပီး အသစ္ဝယ္ခဲ့တဲ့ေျမေပၚမွာပဲ treehouse ကို ေဆာက္ခဲ့ပါေတာ့တယ္။

Ed ဟာ ၂၀၁၉ ခုႏွစ္ရဲ႕ ေနာက္ဆံုးရသတင္းမွာေတာ့ ပိုင္ဆိုင္မႈတန္ဖိုး ေပါင္သန္းေပါင္း ၁၆၀ ေလာက္ရွိေနၿပီလို႔ Metro မွာ ေဖာ္ျပထားခဲ့ၿပီး သူ႕ရဲ႕အိမ္ထဲမွာေတာ့ အရက္ဘား၊ သဘာဝဆန္လြန္းတဲ့ ေရကန္ႀကီးေတြကို ထည့္သြင္းထားခဲ့ၿပီးပါၿပီ။ Framlingham ကို ဘာေၾကာင့္ သိပ္သေဘာက်ၿပီး အျေခခ်ေနေနတာလဲဆိုတဲ့အေျဖကေတာ့ Ed နဲ႔ သူ႕ရဲ႕ဇနီး Cherry Seaborn တုိ႔ စေတြ႕ခဲ့တဲ့ ေက်ာင္းေလးရွိေနလို႔ပါပဲတဲ့။

credit – shwemom

( Unicode )

ကျွန်တော်တို့ဘဝတွေမှာ အိမ်နီးချင်းပေါင်းစုံနဲ့ ကြုံဆုံဖူးမှာပါပဲ။ ဆွေမျိုးအရင်းအချာလိုမျိုး မိသားစုစိတ်ဓာတ်နဲ့ အရာရာကူညီတတ်တဲ့ အိမ်နီးချင်းကောင်းတွေရှိသလိုပဲ၊ အားနေစောင်းမြောင်းလိုက်၊ ကိုယ့်အိမ်ထဲကိုယ်ဘာလုပ်လုပ် သူတို့ကိုထိခိုက်တယ်ဆိုပြီး လိုက်တားလိုက်၊ ပြဿနာရှာလိုက်နဲ့ သိပ်စိတ်ရှုပ်ရတဲ့ အိမ်နီးချင်းတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ ဒီလိုအိမ်နီးချင်းမျိုးနဲ့တွေ့ခဲ့ရင် သင်ရောဘယ်လိုလုပ်မလဲ။ကမ္ဘာကျော်အဆိုတော် Ed Sherran ကတော့ သူ့နဲ့သိပ်ပြီး အပေါက်အလမ်းမတည့်တဲ့ အိမ်နီးချင်းရဲ့အိမ်ကို ဝယ်ပစ်လိုက်ခဲ့ပါတယ်တဲ့။ ဖြစ်ပုံကတော့ ဒီလို။ Ed ဟာ ၂၀၁၂ ခုနှစ်တုန်းက ပေါင် ၈၉၅,၀၀၀ တန်တဲ့ Suffolk, Farmlingham က အိမ်နဲ့ခြံဝန်းကြီးတစ်ခုကို ဝယ်ထားခဲ့ပါတယ်။ အဲဒီနှစ်ထဲမှာပဲ ကပ်လျက်က ပေါင် ၄ သိန်းခွဲတန်အိမ်တစ်လုံးကို ဝယ်ခဲ့ပြီး၂၀၁၆ ခုနှစ်မှာ သူပိုင်မြေထဲ ပေါင် ၉၂၅,၀၀၀ တန် အိမ်တစ်လုံးနဲ့ ၂၀၁၇ ခုနှစ်ထဲမှာ ပေါင် ၅၂၅,၀၀၀ တန်အိမ်တစ်လုံးတို့ကို တည်ဆောက်ခဲ့ရင်း တဖြည်းဖြည်းနဲ့ ဘေးနားက မြေတွေကိုပါ ပေါင် ၃.၇ သန်းဖိုးအထိ တစ်သဲ့သဲ့ဝယ်နေခဲ့တာပါ။

နောက်ဆုံးအခုဝယ်ခဲ့တဲ့ အိမ်ဟဟာဆိုရင်တော့ သူနဲ့ကတောက်ကဆဖြစ်ခဲ့ဖူးတယ်ဆိုပြီး လူသိထားကြတဲ့ Sharon Jenk ရဲ့ နေအိမ်ပါ။ ကတောက်ကဆဖြစ်တဲ့အကြောင်းအရင်းကလည်း Ed က သူပိုင်မြေထဲမှာ ၃၂ ပေမြင့်တဲ့ သစ်ပင်အိမ်လေး (tree house) ဆောက်တာကို မကြိုက်တာပါတဲ့။ Ed ရဲ့ tree house က သူ့ခြံနဲ့ နည်းနည်းကပ်နေတာကိုး။ ဒါနဲ့ပဲ Ed ဟာ ပြီးခဲ့တဲ့ ဧပြီလထဲမှာပဲ အိမ်နီးချင်း Sharon ရဲ့ အိမ်ကို ကြိုက်ဈေးပေးဝယ်ခဲ့ပြီး အသစ်ဝယ်ခဲ့တဲ့မြေပေါ်မှာပဲ treehouse ကို ဆောက်ခဲ့ပါတော့တယ်။

Ed ဟာ ၂၀၁၉ ခုနှစ်ရဲ့ နောက်ဆုံးရသတင်းမှာတော့ ပိုင်ဆိုင်မှုတန်ဖိုး ပေါင်သန်းပေါင်း ၁၆၀ လောက်ရှိနေပြီလို့ Metro မှာ ဖော်ပြထားခဲ့ပြီး သူ့ရဲ့အိမ်ထဲမှာတော့ အရက်ဘား၊ သဘာဝဆန်လွန်းတဲ့ ရေကန်ကြီးတွေကို ထည့်သွင်းထားခဲ့ပြီးပါပြီ။ Framlingham ကို ဘာကြောင့် သိပ်သဘောကျပြီး အြခေချနေနေတာလဲဆိုတဲ့အဖြေကတော့ Ed နဲ့ သူ့ရဲ့ဇနီး Cherry Seaborn တို့ စတွေ့ခဲ့တဲ့ ကျောင်းလေးရှိနေလို့ပါပဲတဲ့။

credit – shwemom