သမီး ဖြစ်သူ အတွက် ဖိနပ်လှလှလေး ဝယ်ပေးခဲ့ပေမယ့် စေတနာက ဝေဒနာဖြစ်ခဲ့ ရတဲ့ မိခင်

0
119

သမီး ဖြစ်သူ အတွက် ဖိနပ်လှလှလေး ဝယ်ပေးခဲ့ပေမယ့် စေတနာက ဝေဒနာဖြစ်ခဲ့ ရတဲ့ မိခင်

သား သမီးတွေ ကို လှပစေချင်တာ မိဘတိုင်း ရဲ့ မေတ္တာတရားတွေထဲ က မေတ္တာတရားတစ်ခုပါပဲ ။ ဒါပေမယ့် ကိုယ့်သားသမီး ကို လှစေချင် လို့ ပစ္စည်းတွေ ဝယ်ဆင်ပေးတဲ့ အခါ မှာ အဲဒီပစ္စည်း ထဲ မှာ ပါတဲ့ ဓာတ်ပစ္စည်းတွေက ကိုယ့်သားသမီးနဲ့ တည့်သလား၊ မတည့်ဘူးလား ဆိုတာ ဘယ်သူ မှ မသိပါဘူး ။

လှစေချင်လို့ ဆေးဆိုးပေး ဆေးကြောင့် ပိုရုပ်ဆိုးဆိုသလို ဖြစ်သွားတတ်ပါတယ်။ ထိတ်လန့်ကြောက်ရွံ့နေတဲ့ မိခင်တစ်ယောက်က 10မိနစ်လေးလောက်ပဲ စီးလိုက်တဲ့ဖိနပ်ကြောင့် အရည်ကြည်ဖူးတွေ ဆိုးဆိုးဝါးဝါးထွက်လာတဲ့ လမ်းလျောက်တတ်စ ကလေးငယ်ရဲ့ ခြေထောက်ပုံ တွေကို အွန်လိုင်းပေါ်မှာ တင်လိုက်ပါတယ်။

မိခင်ရဲ့ ပြောပြချက်အရ အဲဒီလို အိမ်ပတ်ပတ်လည် တောက်တက်တောက်တက်နဲ့ ပတ်သွားနေပြီးနောက် သမီးငယ်လေး Poppy Hallett ဟာ နှစ်ပတ်သုံးပတ်ကြာအောင်ထိ ကောင်းကောင်းလမ်းမလျောက်နိုင်တော့ပါဘူး။ ဖိနပ်ကို ချွတ်လိုက် ချိန် အတွင်းသားထိ ဖြစ်နေတဲ့ အရည်ကြည်ဖူးတွေကို-

အလန့်တကြားတွေ့လိုက်ရတယ်။ ဖိနပ်ကို ဝတ်ပေးလိုက်ချိန်က 10မိနစ်ပဲ ကြာပါတယ်။ “ဖိနပ်ကို ဝတ်ပေးလိုက်တဲ့နေ့က ရာသီဥတုက ပူမနေပဲ အေးနေတာပါ။ အဲဒီဖိနပ်ကို တစ်ရက်ပဲ စီးလိုက်တာပါ။ ဖိနပ်ကို ချွတ်လိုက်တော့ နှစ်ပါတ်သုံးပါတ်ကြာအောင် လမ်းကောင်းကောင်း မလျောက်နိုင်တော့ဘူး။

သူ ထိုင်ပဲထိုင်နေရတယ်။ အဲဒီတော့ သူနာနေရှာမှာပဲ။ ခြေထောက်မှာ အရည်ကြည်ဖူးတွေ ရှိတယ်။ ဓာတ်ပုံတွေက သူ အဲဒီဖိနပ် စီးပြီးတဲ့နောက် တစ်ပါတ်အကြာမှာ ရိုက်ထားတာပါ”…လို့ အမေဖြစ်သူက ပြောပြပါတယ်။ မိခင်ဖြစ်သူက Popy ရဲ့ ခြေထောက်က အရည်ကြည်ဖူးတွေကို-

ဆေးလိမ်းပေးထားပြီး ဖုန်မှုံ့တွေ မဝင်အောင် ရှားစောင်းလက်ပတ်လဲ လိမ်းပေးထားပါတယ်။ သုံးနှစ်အရွယ် Poppy ကလေးက ဆိုင်ကနေ ဂျယ်လီတွေ့လိုက်တော့ မျက်စိက နာလွှဲလိုက်တယ်။ ဂျယ်လီဖိနပ်ကို မြင်တော့ “အမေ အဲဖိနပ်တွေကြောင့် သမီးခြေထောက်တွေ အနာဖြစ်တာ”…လို့ ပြောပါတယ်။

အခုဆို သူ ဂျယ်လီဖိနပ် ဆို ကြည့်တောင် မကြည့်တော့ပါဘူး။ မိခင်ဖြစ်သူက ဖိနပ်ကို လက်လီဆိုင်ဆီ ပြန်မယူခဲ့ပါဘူး။ နောက်ထပ်လည်း ဘယ်တော့မှ မဝယ် တော့ဘဲ အဲဒီဖိနပ်ကို လွှင့်ပစ်လိုက်ပါတယ်။ သူမက “အဲဒီအချိန်က ကျွန်မစိတ်ထဲမှာ သမီးလေးရဲ့ ခြေထောက်ပဲ ပြန်သက်သာစေချင်တာပဲ ရှိပါတယ်။

ကျွန်မ အဲဒီဖိနပ်ကို ကျွန်မ လွှင့်ပဲ ပစ်လိုက် တယ်။ နောက်ထပ်လည်း မဝယ်တော့ဘူး။ ပြီးတော့ မိသားစုတွေကိုလည် ဘယ်ဂျယ်လီဖိနပ်ကိုမှ မဝယ်ဖို့ ပြောပြတယ်”…လို့ ပြောပြပါတယ်။ ဒီအကြောင်းကို ဖတ်လိုက်ရတော့ ဂျယ်လီဖိနပ်လေးပဲ ဘာမှ ဖြစ်မှာမဟုတ်ပါဘူလို့ ထင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါက တကယ်ကို ဖြစ်သွားခဲ့တာပါ။

မင်းနွယ်ခန့် (D Nae Khit)

source : Mirror