Live လႊင့္ေနခ်ိန္ ” error ” တက္ၿပီး မူရင္း႐ုပ္ေပၚ လာ တဲ့ နာမည္ေက်ာ္ ဘေလာ့ဂါ အမ်ိဳးသမီး

0
242

နည္းပညာေတြ အရမ္း တိုးတက္လာတဲ့ အခုေခတ္အခါ မွာ အြန္လိုင္းေပၚတင္ တဲ့ ပုံတိုင္း ကို အမွန္လို႔ ယူဆမရ တာ သိရွိၿပီး ျဖစ္မွာပါ။ တ႐ုတ္နိုင္ငံ မွာ လည္း သူမ ကိုယ္ သူမ “Your Highness Qiao Biluo” လို႔ နာမ္စားသုံး ေလ့ ရွိတဲ့ ပရိသတ္ အင္အားေတာင့္တင္းတဲ့ နာမည္ေက်ာ္ ဗီဒီယိုဘေလာ့ဂါ တစ္ေယာက္ ဟာ live လႊင္ေနစဥ္ error တက္ၿပီး ထည့္ထားတဲ့ filter ေတြေပ်ာက္ကာ သူမရဲ႕႐ုပ္ရည္အမွန္ ေပၚလာခဲ့ ပါတယ္ ။

အဆိုပါဘေလာ့ဂါဟာ သူမရဲ႕မ်က္ႏွာကို ကင္မရာမွာ ပါဝင္တဲ့ filter ေတြနဲ႕ ျပဳျပင္ၿပီး အသက္ငယ္ငယ္ေခ်ာေခ်ာ ေကာင္မေလးတစ္ေယာက္အသြင္ ဟန္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇူလိုင္ ၂၅ ရက္ေန႕က အဲဒီလို live လႊင့္ခ်ိန္ error တက္တဲ့အခါမွာေတာ့ သူမဟာ သာမန္႐ုပ္ရည္နဲ႕ သက္လတ္ပိုင္းအမ်ိဳးသမီးဆိုတဲ့ အမွန္တရား ေပၚထြက္လာပါ ေတာ့တယ္။

မူလက သူမဟာ တ႐ုတ္နိုင္ငံက ဆိုရွယ္ပလက္ေဖာင္းတစ္ခုျဖစ္တဲ့ Douyu မွာ follower ေပါင္း တစ္သိန္းေက်ာ္ရွိသူ ျဖစ္ပါတယ္။ သူမဟာ filter ေတြနဲ႕ ျပဳျပင္ေျပာင္းလဲထားတ့ ႐ုပ္ရည္သြင္ျပင္နဲ႕ ခ်ိဳသာတဲ့ အသံတို႔ေၾကာင့္ လူသိမ်ားသူလည္း ျဖစ္ပါတယ္။ တ႐ုတ္သတင္းဌာနတစ္ခုျဖစ္တဲ့ Global Times ရဲ႕ေဖာ္ျပခ်က္အရဆိုရင္ သူမဟာ အမာခံပရိသတ္တခ်ိဳ႕က ခ်စ္စရာနတ္ဘုရားမေလးတစ္ပါးအျဖစ္ ၫႊန္းဆိုၿပီး အ႐ူးအမူးအားေပးျခင္းခံရသူျဖစ္သလို တခ်ိဳ႕ပရိသတ္ေတြ လည္း တ႐ုတ္ယြမ္ေငြတစ္သိန္းေက်ာ္ ေပးခဲ့ပါတယ္။

သူမရဲ႕ပရိသတ္ေတြက filter ေတြ ဖယ္ရွားၿပီး မ်က္ႏွာ အစစ္အမွန္ကိုျပဖို႔ ေတာင္းဆိုခဲ့ဖူးေပမဲ့လည္း သူမက ျငင္းဆန္ခဲ့ၿပီး “ယြမ္တစ္သိန္း (အေမရိကန္ေဒၚလာ ၁၁,၅၅၀ ဝန္းက်င္) ဖိုး လက္ေဆာင္မရမခ်င္း မ်က္ႏွာကို မျပနိုင္ေၾကာင္းနဲ႕ သူက ႐ုပ္ေခ်ာတဲ့တင္ဆက္သူတစ္ေယာက္ ျဖစ္ေၾကာင္း” ျပန္ေျပာခဲ့ပါတယ္။

အဲဒါေၾကာင့္ သူမရဲ႕ follower ေတြက သူမကို ပိုက္ဆံေတြလွမ္းလႊဲခဲ့ၾကတာ ျဖစ္ပါတယ္။ အဲဒီလိုေျပာေနခ်ိန္ အတြင္းမွာကိုပဲ သူမဟာ ယြမ္ေလးေသာင္းေက်ာ္ေလာက္ ရရွိခဲ့ပါတယ္။ ဒါေပမဲ့ သူမရဲ႕႐ုပ္ရည္အစစ္အမွန္ ေပၚထြက္လာၿပီးေနာက္မွာေတာ့ သူမရဲ႕မူရင္း follower ေတြ၊ အထူးသျဖင့္ အမ်ိဳးသားေတြဟာ သူမကို follow ထားတာကို ရပ္တန႔္လိုက္ၾကၿပီး သူတို႔လႊဲထားတဲ့ေငြေတြကိုလည္း ျပန္လည္႐ုပ္သိမ္းသြားၾကတယ္လို႔ သိရပါတယ္။

အဲဒီလို Qiao Biluo ရဲ႕ ႐ုပ္ရည္အစစ္မွန္ေပၚထြက္လာတဲ့ သတင္းဟာ ဆိုရွယ္မီဒီယာမွာ ပ်ံ့ႏွံ႕သြားခဲ့ၿပီး ေဝဖန္ သူေတြလည္း အမ်ားအျပားရွိလာခဲ့ပါတယ္။ တခ်ိဳ႕ကလည္း အဲဒီလိုအြန္လိုင္းဗီဒီယိုဘေလာ့ဂါတစ္ေယာက္ကို ပိုက္ဆံလႊဲရဲတဲ့ အမ်ိဳးသားတခ်ိဳ႕ရဲ႕ ဉာဏ္ရည္ကို ေမးခြန္းထုတ္ေနၾကပါတယ္။ အဲဒီအျဖစ္ေၾကာင့္ Qiao Biluo တစ္ေယာက္ အရင္လို live မလႊင့္ေတာ့ေပမဲ့ သူမရဲ႕ Douyu page ဟာ အခုဆိုရင္ ဝင္ေရာက္စပ္စုၾကတဲ့ လူေတြေၾကာင့္ follower ေပါင္း ေျခာက္သိန္းခြဲရွိသြားပါၿပီ။

by Cherry Mon
Ref; BBC

( Unicode )

နည်းပညာတွေ အရမ်း တိုးတက်လာတဲ့ အခုခေတ်အခါ မှာ အွန်လိုင်းပေါ်တင် တဲ့ ပုံတိုင်း ကို အမှန်လို့ ယူဆမရ တာ သိရှိပြီး ဖြစ်မှာပါ။ တရုတ်နိုင်ငံ မှာ လည်း သူမ ကိုယ် သူမ “Your Highness Qiao Biluo” လို့ နာမ်စားသုံး လေ့ ရှိတဲ့ ပရိသတ် အင်အားတောင့်တင်းတဲ့ နာမည်ကျော် ဗီဒီယိုဘလော့ဂါ တစ်ယောက် ဟာ live လွှင်နေစဉ် error တက်ပြီး ထည့်ထားတဲ့ filter တွေပျောက်ကာ သူမရဲ့ရုပ်ရည်အမှန် ပေါ်လာခဲ့ ပါတယ် ။

အဆိုပါဘလော့ဂါဟာ သူမရဲ့မျက်နှာကို ကင်မရာမှာ ပါဝင်တဲ့ filter တွေနဲ့ ပြုပြင်ပြီး အသက်ငယ်ငယ်ချောချော ကောင်မလေးတစ်ယောက်အသွင် ဟန်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့က အဲဒီလို live လွှင့်ချိန် error တက်တဲ့အခါမှာတော့ သူမဟာ သာမန်ရုပ်ရည်နဲ့ သက်လတ်ပိုင်းအမျိုးသမီးဆိုတဲ့ အမှန်တရား ပေါ်ထွက်လာပါ တော့တယ်။

မူလက သူမဟာ တရုတ်နိုင်ငံက ဆိုရှယ်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Douyu မှာ follower ပေါင်း တစ်သိန်းကျော်ရှိသူ ဖြစ်ပါတယ်။ သူမဟာ filter တွေနဲ့ ပြုပြင်ပြောင်းလဲထားတ့ ရုပ်ရည်သွင်ပြင်နဲ့ ချိုသာတဲ့ အသံတို့ကြောင့် လူသိများသူလည်း ဖြစ်ပါတယ်။ တရုတ်သတင်းဌာနတစ်ခုဖြစ်တဲ့ Global Times ရဲ့ဖော်ပြချက်အရဆိုရင် သူမဟာ အမာခံပရိသတ်တချို့က ချစ်စရာနတ်ဘုရားမလေးတစ်ပါးအဖြစ် ညွှန်းဆိုပြီး အရူးအမူးအားပေးခြင်းခံရသူဖြစ်သလို တချို့ပရိသတ်တွေ လည်း တရုတ်ယွမ်ငွေတစ်သိန်းကျော် ပေးခဲ့ပါတယ်။

သူမရဲ့ပရိသတ်တွေက filter တွေ ဖယ်ရှားပြီး မျက်နှာ အစစ်အမှန်ကိုပြဖို့ တောင်းဆိုခဲ့ဖူးပေမဲ့လည်း သူမက ငြင်းဆန်ခဲ့ပြီး “ယွမ်တစ်သိန်း (အမေရိကန်ဒေါ်လာ ၁၁,၅၅၀ ဝန်းကျင်) ဖိုး လက်ဆောင်မရမချင်း မျက်နှာကို မပြနိုင်ကြောင်းနဲ့ သူက ရုပ်ချောတဲ့တင်ဆက်သူတစ်ယောက် ဖြစ်ကြောင်း” ပြန်ပြောခဲ့ပါတယ်။

အဲဒါကြောင့် သူမရဲ့ follower တွေက သူမကို ပိုက်ဆံတွေလှမ်းလွှဲခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလိုပြောနေချိန် အတွင်းမှာကိုပဲ သူမဟာ ယွမ်လေးသောင်းကျော်လောက် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့ရုပ်ရည်အစစ်အမှန် ပေါ်ထွက်လာပြီးနောက်မှာတော့ သူမရဲ့မူရင်း follower တွေ၊ အထူးသဖြင့် အမျိုးသားတွေဟာ သူမကို follow ထားတာကို ရပ်တန့်လိုက်ကြပြီး သူတို့လွှဲထားတဲ့ငွေတွေကိုလည်း ပြန်လည်ရုပ်သိမ်းသွားကြတယ်လို့ သိရပါတယ်။

အဲဒီလို Qiao Biluo ရဲ့ ရုပ်ရည်အစစ်မှန်ပေါ်ထွက်လာတဲ့ သတင်းဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပြီး ဝေဖန် သူတွေလည်း အများအပြားရှိလာခဲ့ပါတယ်။ တချို့ကလည်း အဲဒီလိုအွန်လိုင်းဗီဒီယိုဘလော့ဂါတစ်ယောက်ကို ပိုက်ဆံလွှဲရဲတဲ့ အမျိုးသားတချို့ရဲ့ ဉာဏ်ရည်ကို မေးခွန်းထုတ်နေကြပါတယ်။ အဲဒီအဖြစ်ကြောင့် Qiao Biluo တစ်ယောက် အရင်လို live မလွှင့်တော့ပေမဲ့ သူမရဲ့ Douyu page ဟာ အခုဆိုရင် ဝင်ရောက်စပ်စုကြတဲ့ လူတွေကြောင့် follower ပေါင်း ခြောက်သိန်းခွဲရှိသွားပါပြီ။

by Cherry Mon
Ref; BBC