ဗိုလ္ခ်ဳပ္႐ုပ္ပုံပါ ပိုက္ဆံ လာမည့္ ဒီဇင္ဘာတြင္ ထြက္ရွိမည္

0
514

ျမန္မာ့လြတ္လပ္ေရး ဗိသုကာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ပုံပါ က်ပ္ေငြစကၠဴေတြကိုအခုႏွစ္ကုန္ပိုင္းမွာ ထုတ္ေဝသြားမယ္လို႔ႏိုင္ငံေတာ္ ဗဟိုဘဏ္ ဒုဥကၠ႒ ဦးစိုးသိန္းကေျပာပါတယ္။

ေနျပည္ေတာ္မွာ ဒီေန႔ျပဳလုပ္တဲ့ ႏိုင္ငံေတာ္အစိုးရရဲ႕ တတိယတႏွစ္တာကာလ သတင္းစာရွင္းလင္းပြဲမွာ ဒုဥကၠ႒က ေျပာခဲ့တာ ျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္ေငြစကၠဴက ထုတ္ကို ထုတ္မွာပါ၊ လုပ္ေနတာလည္း ေတာ္ေတာ္ခရီးေရာက္ေနပါၿပီ၊ ဒီႏွစ္ကုန္ေလာက္ ထုတ္ေဝႏိုင္မွာပါ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ပုံကို အနာဂတ္ကာလ ထုတ္ေဝမယ့္ ေငြစကၠဴေတြမွာ ႐ိုက္ႏွိပ္ထုတ္ေဝဖို႔ အစိုးရအား တိုက္တြန္းတဲ့အဆိုကို ၂၀၁၈ ခုႏွစ္က ျပည္သူ႔လႊတ္ေတာ္တရပ္မွာ တင္သြင္းခဲ့ၿပီး ေဆြးေႏြးအတည္ျပဳခဲ့ပါတယ္။

အဲ့ဒီေနာက္ အစိုးရရဲ႕ ဒုတိယ တႏွစ္တာသတင္းစာရွင္းလင္းပြဲမွာ ဗဟိုဘဏ္ဒုဥကၠ႒ဦးစိုးသိန္းက ဗိုလ္ခ်ဳပ္႐ုပ္ပုံပါ ေငြစကၠဴေတြကို အခုအစိုးရသက္တမ္းအတြင္း ထုတ္ေဝသြားမယ္လို႔ ေျပာဆိုခဲ့ဖူးပါတယ္။ အဲ့ဒီသတင္းစာရွင္းလင္ပြဲတုန္းက ဗဟိုဘဏ္ဒုဥကၠ႒က ဗိုလ္ခ်ဳပ္ပုံပါ ေငြစကၠဴထုတ္တာေၾကာင့္ စီးပြားေရးအေပၚ ႐ိုက္ခတ္မႈမရွိႏိုင္ဘဲ ႏွစ္လမ္း ႏွစ္မ်ိဳးနဲ႔ ထုတ္ေဝသြားမယ္လို႔ ထုတ္ေျပာခဲ့ဖူးပါတယ္။

( Unicode )

မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ကျပ်ငွေစက္ကူတွေကိုအခုနှစ်ကုန်ပိုင်းမှာ ထုတ်ဝေသွားမယ်လို့နိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းကပြောပါတယ်။

နေပြည်တော်မှာ ဒီနေ့ပြုလုပ်တဲ့ နိုင်ငံတော်အစိုးရရဲ့ တတိယတနှစ်တာကာလ သတင်းစာရှင်းလင်းပွဲမှာ ဒုဥက္ကဋ္ဌက ပြောခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ငွေစက္ကူက ထုတ်ကို ထုတ်မှာပါ၊ လုပ်နေတာလည်း တော်တော်ခရီးရောက်နေပါပြီ၊ ဒီနှစ်ကုန်လောက် ထုတ်ဝေနိုင်မှာပါ။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံကို အနာဂတ်ကာလ ထုတ်ဝေမယ့် ငွေစက္ကူတွေမှာ ရိုက်နှိပ်ထုတ်ဝေဖို့ အစိုးရအား တိုက်တွန်းတဲ့အဆိုကို ၂၀၁၈ ခုနှစ်က ပြည်သူ့လွှတ်တော်တရပ်မှာ တင်သွင်းခဲ့ပြီး ဆွေးနွေးအတည်ပြုခဲ့ပါတယ်။

အဲ့ဒီနောက် အစိုးရရဲ့ ဒုတိယ တနှစ်တာသတင်းစာရှင်းလင်းပွဲမှာ ဗဟိုဘဏ်ဒုဥက္ကဋ္ဌဦးစိုးသိန်းက ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူတွေကို အခုအစိုးရသက်တမ်းအတွင်း ထုတ်ဝေသွားမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ အဲ့ဒီသတင်းစာရှင်းလင်ပွဲတုန်းက ဗဟိုဘဏ်ဒုဥက္ကဋ္ဌက ဗိုလ်ချုပ်ပုံပါ ငွေစက္ကူထုတ်တာကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်မှုမရှိနိုင်ဘဲ နှစ်လမ်း နှစ်မျိုးနဲ့ ထုတ်ဝေသွားမယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။