သူငယ္ခ်င္းကုိ ေက်ာက္ကပ္ လွဴေပးခဲ့ေပမယ့္လည္း မေခၚမေျပာတာကုိ ခံေနရတဲ့ မိန္းကေလး ရဲ႕ အျဖစ္

0
200

သူငယ္ခ်င္းကုိ ေက်ာက္ကပ္ လွဴေပးခဲ့ေပမယ့္လည္း မေခၚမေျပာတာကုိ ခံေနရတဲ့ မိန္းကေလး ရဲ႕ အျဖစ္

၂၀၁၇ ေႏြရာသီ တုန္းက ဆလီနာရဲ့ အခ်စ္ဆုံး သူငယ္ခ်င္း တစ္ေယာက္ ျဖစ္တဲ့ ေရဆာက ဆလီနာကို ေက်ာက္ကပ္ လႉေပးခဲ့ပါတယ္ ဆိုတာ အားလုံး သိၿပီးသားပဲ ျဖစ္မွာပါ ။ ေက်ာက္ကပ္ အစားထိုးကုသမႈက ေအာင္ျမင္ခဲ့ ၿပီးေတာ့ ဆလီနာကဟာ ေရဆာကို အရမ္း ေက်းဇူးတင္ ခဲ့ပါတယ္ …။

“သူမဟာ ကၽြန္မကို အစားထိုးလို႔ မရတဲ့ လက္ေဆာင္ေပး ခဲ့တာပါ ။ သူမရဲ့ ေက်ာက္ကပ္ တစ္ခုကို ကၽြန္မအတြက္ စေတးခဲ့တာပါ ။ သူမသာ မကယ္ရင္ ကၽြန္မ ေသေနေလာက္ၿပီ။ သူမလို သူငယ္ခ်င္းမ်ိဳးရွိတာ ကၽြန္မအတြက္ အရမ္း ကံေကာင္းတယ္ …” လို႔ Elle ရဲ့Talk Show မွာ ဆယ္လီနာက ေျပာခဲ့ဖူး ပါတယ္ …။

ဒီလို ပတ္သက္မႈမ်ိဳးေတြ ရွိခဲ့တဲ့ သူငယ္ခ်င္း ႏွစ္ေယာက္က အခုလုံးဝ စကားမေျပာေတာ့ဘူး ဆိုတဲ့ သတင္းေတြ ထြက္လာခဲ့ ပါၿပီ။ သူတို႔ႏွစ္ေယာက္ရဲ့ သူငယ္ခ်င္း သံေယာစဥ္က အဆုံးသတ္မယ့္ အေနအထားမွာ ရွိေနတယ္လို႔ သတင္းအခ်က္အလက္ တစ္ခုက ဆိုပါတယ္။ Radar Online ရဲ့သတင္းတစ္ခုအရ သူတို႔ႏွစ္ေယာက္ စကားမေျပာတာ ယခင္ႏွစ္ ေအာက္တိုဘာလ ကတည္းက ျဖစ္တာေၾကာင့္ ၉ လေလာက္ ရွိၿပီလို႔ လည္းသိရပါတယ္ …။

အဲလို မေခၚမေျပာနိုင္ ျဖစ္ရတဲ့ အေၾကာင္းအရင္းကေတာ့ ဆလီနာဟာ သူမေျပာခဲ့တဲ့ စကားနဲ႔ အညီ မေနထိုင္လို႔ပါ တဲ့။ ဆလီနာဟာ Alcohol နဲ႔ ပတ္သက္တာေတြကို မေသာက္ေတာ့ဘူးလို႔ ေျပာခဲ့ပါတယ္။ ဒါေပမဲ့ သူမေနျပန္ေကာင္းလာတဲ့ အခါမွာ သူမ စကား အတိုင္း မလုပ္ခဲ့ပါဘူး။ ဒါေၾကာင့္ ေရဆာဟာ စိတ္ပူၿပီး ဆလီနာကို ဒီလိုေတြ မလုပ္ဖို႔ ဖုန္းဆက္ ေျဖာင့္ဖ်ခဲ့ ပါတယ္ …။

ဆလီနာဟာ ခႏၶာကိုယ္ က်န္းမာေရး အတြက္ သာမက စိတ္က်န္းမာေရး အတြက္ပါ အရက္ကို လုံးဝေရွာင္ရမယ့္ သူတစ္ေယာက္ပါ ။ ဒါေပမဲ့ သူငယ္ခ်င္းရဲ့ စကားကို နားမေထာင္၊ ကိုယ့္က်န္းမာေရးကိုလည္း ဂ႐ုမစိုက္ဘဲ ဆလီနာဟာ အရက္ေတြေသာက္၊ ပါတီေတြ တက္ခဲ့ပါတယ္ ။ ဒီလို လုပ္ေနတာေတြနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြက ေမးခြန္းထုတ္လာတဲ့ အခါမွာ ဆလီနာက အခုလိုပဲ ျပန္ေျဖခဲ့ပါတယ္ …။

“ ဒါဟာ ကၽြန္မ ကိုယ္ပိုင္ဘဝပဲ။ ဝိုင္တစ္ခြက္ေလာက္ ေသာက္တာကို အျပစ္ေျပာတယ္ဆိုရင္ ကၽြန္မ ၂ ခြက္ ေသာက္ပစ္ လိုက္မယ္ ။ ဘာကိုမွ ဖုံးကြယ္ေနစရာ မလိုပါဘူး ။ ဒါ ကၽြန္မ ဘဝပဲေလ” လို႔ Elle နဲ႔ အင္တာဗ်ဴးမွာ ေျပာခဲ့ပါတယ္ေနာ္ …။

တစ္ဖက္မွာလည္း ေရဆာ (အသက္ ၃၁ ႏွစ္) ဟာ ဆလီနာကို ေက်ာက္ကပ္ လႉလိုက္တာေၾကာင့္ စိတ္ပိုင္းဆိုင္ရာေရာ၊ ႐ုပ္ပိုင္းဆိုင္ရာပါ အားနည္းလာခဲ့ ပါတယ္။ “၁၆ ေပါင္ပဲေလးတဲ့ ကၽြန္မရဲ့ အိမ္ေမြးေခြးေလးကိုေတာင္ ကၽြန္မ မခ်ီနိုင္ေတာ့ ပါဘူး။ ဒါက တကယ္ကို ခက္ခဲပါတယ္။” လို႔ ေရဆာက ဆိုပါတယ္။ ဆလီနာကလည္း သူမအရမ္း အားနည္းလြန္းလို႔ သာမန္ အိမ္မႈ ကိစၥေလးေတြ ကိုေတာင္ မလုပ္နိုင္ေတာ့ ေၾကာင္း မဂၢဇင္းတစ္ခုမွာ ေျပာထားပါတယ္ …။

ႏွစ္ဦးလုံးက အားနည္းတဲ့ အေျခအေနျဖစ္ေနတဲ့ အခ်ိန္မွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ေဖးမေနရမယ့္အစား စကားမေျပာနိုင္ မဆိုနိုင္ျဖစ္ရတဲ့ အဓိက အေၾကာင္းအရင္းက ဘာလဲ ဆိုတာေတာ့ ဘယ္သူမွ ေသခ်ာေပါက္ မေျပာနိုင္ပါဘူး။ ေသခ်ာတာ ကေတာ့ ဆလီနာဟာ က်န္းမာေရးနဲ႔မညီညြတ္တာကို လုပ္တဲ့အတြက္ သူငယ္ခ်င္းျဖစ္သူနဲ႔ စကားမ်ား ရန္ျဖစ္ၾကပုံ ေပၚပါတယ္ …။

အသက္ကယ္ ေပးခဲ့တဲ့ သူငယ္ခ်င္းကို ဆလီနာက ျပန္ခြင့္လႊတ္မလား ဆိုတာေတာ့ ေစာင့္ၾကည့္ရမွာပါ။ ဘာေတြပဲ ျဖစ္ခဲ့ပါေစ ခုေလာေလာဆယ္ေတာ့ ဆလီနာဟာ ေရဆာရဲ့ ခႏၶာကိုယ္ အစိတ္အပိုင္းတစ္ခုေၾကာင့္သာ အသက္ ဆက္ရွင္ေနရတာ မဟုတ္လား …?

Ref; www.topbuzz.com , By Paulina

Unicode

သူငယ်ချင်းကို ကျောက်ကပ် လှူပေးခဲ့ပေမယ့်လည်း မခေါ်မပြောတာကို ခံနေရတဲ့ မိန်းကလေး ရဲ့ အဖြစ်

၂၀၁၇ နွေရာသီ တုန်းက ဆလီနာရဲ့ အချစ်ဆုံး သူငယ်ချင်း တစ်ယောက် ဖြစ်တဲ့ ရေဆာက ဆလီနာကို ကျောက်ကပ် လှူပေးခဲ့ပါတယ် ဆိုတာ အားလုံး သိပြီးသားပဲ ဖြစ်မှာပါ ။ ကျောက်ကပ် အစားထိုးကုသမှုက အောင်မြင်ခဲ့ ပြီးတော့ ဆလီနာကဟာ ရေဆာကို အရမ်း ကျေးဇူးတင် ခဲ့ပါတယ် …။

“သူမဟာ ကျွန်မကို အစားထိုးလို့ မရတဲ့ လက်ဆောင်ပေး ခဲ့တာပါ ။ သူမရဲ့ ကျောက်ကပ် တစ်ခုကို ကျွန်မအတွက် စတေးခဲ့တာပါ ။ သူမသာ မကယ်ရင် ကျွန်မ သေနေလောက်ပြီ။ သူမလို သူငယ်ချင်းမျိုးရှိတာ ကျွန်မအတွက် အရမ်း ကံကောင်းတယ် …” လို့ Elle ရဲ့Talk Show မှာ ဆယ်လီနာက ပြောခဲ့ဖူး ပါတယ် …။

ဒီလို ပတ်သက်မှုမျိုးတွေ ရှိခဲ့တဲ့ သူငယ်ချင်း နှစ်ယောက်က အခုလုံးဝ စကားမပြောတော့ဘူး ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ ပါပြီ။ သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်း သံယောစဉ်က အဆုံးသတ်မယ့် အနေအထားမှာ ရှိနေတယ်လို့ သတင်းအချက်အလက် တစ်ခုက ဆိုပါတယ်။ Radar Online ရဲ့သတင်းတစ်ခုအရ သူတို့နှစ်ယောက် စကားမပြောတာ ယခင်နှစ် အောက်တိုဘာလ ကတည်းက ဖြစ်တာကြောင့် ၉ လလောက် ရှိပြီလို့ လည်းသိရပါတယ် …။

အဲလို မခေါ်မပြောနိုင် ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ဆလီနာဟာ သူမပြောခဲ့တဲ့ စကားနဲ့ အညီ မနေထိုင်လို့ပါ တဲ့။ ဆလီနာဟာ Alcohol နဲ့ ပတ်သက်တာတွေကို မသောက်တော့ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူမနေပြန်ကောင်းလာတဲ့ အခါမှာ သူမ စကား အတိုင်း မလုပ်ခဲ့ပါဘူး။ ဒါကြောင့် ရေဆာဟာ စိတ်ပူပြီး ဆလီနာကို ဒီလိုတွေ မလုပ်ဖို့ ဖုန်းဆက် ဖြောင့်ဖျခဲ့ ပါတယ် …။

ဆလီနာဟာ ခန္ဓာကိုယ် ကျန်းမာရေး အတွက် သာမက စိတ်ကျန်းမာရေး အတွက်ပါ အရက်ကို လုံးဝရှောင်ရမယ့် သူတစ်ယောက်ပါ ။ ဒါပေမဲ့ သူငယ်ချင်းရဲ့ စကားကို နားမထောင်၊ ကိုယ့်ကျန်းမာရေးကိုလည်း ဂရုမစိုက်ဘဲ ဆလီနာဟာ အရက်တွေသောက်၊ ပါတီတွေ တက်ခဲ့ပါတယ် ။ ဒီလို လုပ်နေတာတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေက မေးခွန်းထုတ်လာတဲ့ အခါမှာ ဆလီနာက အခုလိုပဲ ပြန်ဖြေခဲ့ပါတယ် …။

“ ဒါဟာ ကျွန်မ ကိုယ်ပိုင်ဘဝပဲ။ ဝိုင်တစ်ခွက်လောက် သောက်တာကို အပြစ်ပြောတယ်ဆိုရင် ကျွန်မ ၂ ခွက် သောက်ပစ် လိုက်မယ် ။ ဘာကိုမှ ဖုံးကွယ်နေစရာ မလိုပါဘူး ။ ဒါ ကျွန်မ ဘဝပဲလေ” လို့ Elle နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်နော် …။

တစ်ဖက်မှာလည်း ရေဆာ (အသက် ၃၁ နှစ်) ဟာ ဆလီနာကို ကျောက်ကပ် လှူလိုက်တာကြောင့် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ အားနည်းလာခဲ့ ပါတယ်။ “၁၆ ပေါင်ပဲလေးတဲ့ ကျွန်မရဲ့ အိမ်မွေးခွေးလေးကိုတောင် ကျွန်မ မချီနိုင်တော့ ပါဘူး။ ဒါက တကယ်ကို ခက်ခဲပါတယ်။” လို့ ရေဆာက ဆိုပါတယ်။ ဆလီနာကလည်း သူမအရမ်း အားနည်းလွန်းလို့ သာမန် အိမ်မှု ကိစ္စလေးတွေ ကိုတောင် မလုပ်နိုင်တော့ ကြောင်း မဂ္ဂဇင်းတစ်ခုမှာ ပြောထားပါတယ် …။

နှစ်ဦးလုံးက အားနည်းတဲ့ အခြေအနေဖြစ်နေတဲ့ အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ဖေးမနေရမယ့်အစား စကားမပြောနိုင် မဆိုနိုင်ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းက ဘာလဲ ဆိုတာတော့ ဘယ်သူမှ သေချာပေါက် မပြောနိုင်ပါဘူး။ သေချာတာ ကတော့ ဆလီနာဟာ ကျန်းမာရေးနဲ့မညီညွတ်တာကို လုပ်တဲ့အတွက် သူငယ်ချင်းဖြစ်သူနဲ့ စကားများ ရန်ဖြစ်ကြပုံ ပေါ်ပါတယ် …။

အသက်ကယ် ပေးခဲ့တဲ့ သူငယ်ချင်းကို ဆလီနာက ပြန်ခွင့်လွှတ်မလား ဆိုတာတော့ စောင့်ကြည့်ရမှာပါ။ ဘာတွေပဲ ဖြစ်ခဲ့ပါစေ ခုလောလောဆယ်တော့ ဆလီနာဟာ ရေဆာရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကြောင့်သာ အသက် ဆက်ရှင်နေရတာ မဟုတ်လား …?

Ref; www.topbuzz.com , By Paulina