ကားေတြေျပးေနတဲ့လမ္းေပၚမွာ အေရးေပၚအေျခအေနေၾကာင့္ ဆင္းသက္ခဲ့တဲ့ေလယာဥ္ (႐ုပ္သံ)

0
183

ျဖစ္ပြားခဲ့တဲ့ေနရာကေတာ့ အေမရိကန္ျပည္ေထာင္စုမွာပါ။ အေရးေပၚအေျခအေနတစ္ခုျဖစ္လာတဲ့ ေလယာဥ္ပ်ံဟာ ကားေတြ ရႈပ္ယွက္ခက္ေနတဲ့ လမ္းေၾကာင္းတစ္ခုေပၚကို သိပ္စဥ္းစားမေနဘဲ ထိုးဆင္းခဲ့ခ်ိန္၊ ရဲအရာရွိတစ္ဦးက အမိအရ မွတ္တမ္းတင္ခဲ့တာပါ။

ေကအာတူး ေလယာဥ္အမ်ိဳးအစား အေသးစားေလးဟာ ႐ုတ္တရက္ဆိုသလို ဝါရွင္တန္ ဟိုင္းေဝးလမ္းမႀကီး စတိတ္႐ုတ္ ဆဲဗင္း ေပၚကို ထိုးဆင္လာပါတယ္။ နံနက္ခင္း ေစာေစာစီးစီး အလုပ္သြားအလုပ္လာေတြမ်ားေနတဲ့အခ်ိန္မွာ အဆိုပါေလယာဥ္ဟာ စဥ္းစားေနပုံမေပၚဘဲ ဟိုင္းေဝးလမ္းကို ေလယာဥ္ေျပးလမ္းလို သတ္မွတႅိဳက္ပါတယ္

ဒီအျဖစ္အပ်က္ကို လမ္းေပၚက ရဲအရာအရွိက အစအဆုံးလိုက္႐ိုက္ခဲ့ပါတယ္။ ေလယာဥ္က ေအာက္ကိုထိုးဆင္းလာမယ့္ပုံကို ႀကိဳသိေနပုံပါပဲ။ ေအၾကာင္းက ေကအာတူးယာဥ္က ဝါရွင္တန္မွာ ေလေပၚကင္းလွည့္ေနတဲ့ ေလယာဥ္ျဖစ္တဲ့အတြက္ ေအာက္ကို မျဖစ္မေနဆင္းရမယ့္ အေျခအေနကို သက္ဆိုင္ရာဌာနကို ႀကိဴသတိေပးခဲ့တယ္လို႔ ဆိုပါတယ္။

အေသအေပ်ာက္ အထိအခိုက္မရွိ ေခ်ာေခ်ာေမြ႕ေမြ႕ဆင္းႏိုင္ခဲ့တဲ့အတြက္ အားလုံးက စိတ္ခ်မ္းသာရာရခဲ့ပါတယ္။ ေလယာဥ္ကေတာ့ ဆီထည့္တဲ့ကန္က ထိခိုက္ခဲ့တယ္လို႔ ရဲအရာရွိက အတည္ျပဳခဲ့သလို ယာဥ္ေမာင္းရဲ႕ ဗဟုသုတနဲ႔ ေလယာဥ္ဆင္းလို႔ရတဲ့အထိ ရွိေနခဲ့တဲ့ လမ္းမအက်ယ္က အခုလိုဆင္းႏိုင္ေအာင္ အဓိက ကူညီခဲ့တယ္လို႔ ေျပာပါတယ္။

ဒါေပမဲ့ ပထမဆုံးအႀကိမ္ ဆင္းဖူးတာလို႔ သိရၿပီး၊ တမင္ေလ့က်င့္ေရး ဆင္းတာလား၊ အေရးေပၚအေျခအေနကို စမ္းသပ္တာလားဆိုတဲ့ ေမးခြန္းကိုေတာ့ ေျဖၾကားခဲ့ျခင္းမရွိခဲ့ပါဘူး။

သူေရး (D Nae Thit)

Unicode ျဖင့္ဖတ္ရန္

ကားတွေပြေးနေတဲ့လမ်းပေါ်မှာ အရေးပေါ်အခြေအနေကြာင့် ဆင်းသက်ခဲ့တဲ့လေယာဉ် (ရုပ်သံ)

ဖြစ်ပွားခဲ့တဲ့နေရာကတော့ အမေရိကန်ပြည်ထောင်စုမှာပါ။ အရေးပေါ်အခြေအနေတစ်ခုဖြစ်လာတဲ့ လေယာဉ်ပျံဟာ ကားတွေ ရှုပ်ယှက်ခက်နေတဲ့ လမ်းကြောင်းတစ်ခုပေါ်ကို သိပ်စဉ်းစားမနေဘဲ ထိုးဆင်းခဲ့ချိန်၊ ရဲအရာရှိတစ်ဦးက အမိအရ မှတ်တမ်းတင်ခဲ့တာပါ။

ကေအာတူး လေယာဉ်အမျိုးအစား အသေးစားလေးဟာ ရုတ်တရက်ဆိုသလို ဝါရှင်တန် ဟိုင်းဝေးလမ်းမကြီး စတိတ်ရုတ် ဆဲဗင်း ပေါ်ကို ထိုးဆင်လာပါတယ်။ နံနက်ခင်း စောစောစီးစီး အလုပ်သွားအလုပ်လာတွေများနေတဲ့အချိန်မှာ အဆိုပါလေယာဉ်ဟာ စဉ်းစားနေပုံမပေါ်ဘဲ ဟိုင်းဝေးလမ်းကို လေယာဉ်ပြေးလမ်းလို သတ်မှတ္လိုက်ပါတယ်။

ဒီအဖြစ်အပျက်ကို လမ်းပေါ်က ရဲအရာအရှိက အစအဆုံးလိုက်ရိုက်ခဲ့ပါတယ်။ လေယာဉ်က အောက်ကိုထိုးဆင်းလာမယ့်ပုံကို ကြိုသိနေပုံပါပဲ။ အေကြာင်းက ကေအာတူးယာဉ်က ဝါရှင်တန်မှာ လေပေါ်ကင်းလှည့်နေတဲ့ လေယာဉ်ဖြစ်တဲ့အတွက် အောက်ကို မဖြစ်မနေဆင်းရမယ့် အခြေအနေကို သက်ဆိုင်ရာဌာနကို ကြိူသတိပေးခဲ့တယ်လို့ ဆိုပါတယ်။

အသေအပျောက် အထိအခိုက်မရှိ ချောချောမွေ့မွေ့ဆင်းနိုင်ခဲ့တဲ့အတွက် အားလုံးက စိတ်ချမ်းသာရာရခဲ့ပါတယ်။ လေယာဉ်ကတော့ ဆီထည့်တဲ့ကန်က ထိခိုက်ခဲ့တယ်လို့ ရဲအရာရှိက အတည်ပြုခဲ့သလို ယာဉ်မောင်းရဲ့ ဗဟုသုတနဲ့ လေယာဉ်ဆင်းလို့ရတဲ့အထိ ရှိနေခဲ့တဲ့ လမ်းမအကျယ်က အခုလိုဆင်းနိုင်အောင် အဓိက ကူညီခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ပထမဆုံးအကြိမ် ဆင်းဖူးတာလို့ သိရပြီး၊ တမင်လေ့ကျင့်ရေး ဆင်းတာလား၊ အရေးပေါ်အခြေအနေကို စမ်းသပ်တာလားဆိုတဲ့ မေးခွန်းကိုတော့ ဖြေကြားခဲ့ခြင်းမရှိခဲ့ပါဘူး။

သူရေး (D Nae Thit)