တရုတ္ေရလိႈင္းတုကန္ထဲစက္ခ်ိဳ႕ယြင္းကာ ဆူနာမီနီးနီးရွိတဲ့အင္အားျဖစ္သြားခဲ့တဲ့ျဖစ္ရပ္ ဗီဒီယို

0
150

၂၀၁၉ ဇူလုိင္လ ၃၀ ရက္တုန္းက တရုတ္ႏုိင္ငံက လိႈင္းတုေရကန္အပန္းေျဖစခန္းတစ္ခုမွာ စက္ခ်ိဳ႕ယြင္းမႈေၾကာင့္ဆိုၿပီး ဆူနာနီနီးနီးအင္အားရွိတဲ့ ျပင္းအားနဲ႔ လိႈင္းႀကီးတစ္ခုျဖစ္ေပၚခဲ့တဲ့အတြက္ ဒဏ္ရာရသူကရနဲ႔ အုတ္ေအာေသာင္းနင္းျဖစ္ခဲ့ၾကတယ္လို႔ တရုတ္မီဒီယာေတာ္ေတာ္မ်ားမ်ားအပါအဝင္ Times.com မွလည္း ေဖာ္ျပျခင္းခံခဲ့ရပါတယ္။

ေနရာကေတာ့ တရုတ္ႏုိင္ငံ၊ Longing မွာ တည္ရွိတဲ့ Yuong Shuiyun ေရကစားဥယ်ာဥ္မွာပါျဖစ္သြားခဲ့တာပါ။ ဒီျဖစ္ရပ္ကို အမွတ္မထင္မွတ္တမ္းတင္ထားမိခဲ့တဲ့ ဗီဒီယိုတစ္ခုဟာ တရုတ္လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႕သြားခဲ့ရာမွတစ္ဆင့္ နာမည္ႀကီးသြားခဲ့တာပါ။ ဗီဒီယိုထဲမွာေတာ့ ရုတ္တရက္ဆိုသလို ေရျပင္ဟာ အစနားကစၿပီး တျေဖးေျဖးျမင့္တက္လာကာ အလယ္ပိုင္းေရာက္တဲ့အခါမွာေတာ့ လိႈင္းကေအာက္ကိုျပန္က်ၿပီး အေနာက္ဖက္မွာရွိေနတဲ့လူေတြကို အေပၚစီးကေန အားနဲ႔ပုတ္ခ်ပစ္လိုက္ပါေတာ့တယ္။

ကံအေကာင္းဆံုးကေတာ့ အေရွ႕ပိုင္းမွာေနေနတဲ့လူေတြပါပဲ။ လိႈင္းဟာ အဲဒီအေရွ႕ပိုင္းက်မွ ပုတ္ခ်ဖို႔လံုေလာက္တဲ့အျမင့္အတြက္ အရွိန္စယူေနတာျဖစ္တဲ့အတြက္ သူတို႔ကေတာ့ ေကာင္းေကာင္းႀကီး လြတ္သြားခဲ့ၿပီး အလယ္ပိုင္းနဲ႔ ေနာက္ပုိင္းမွာရွိတဲ့ လူေတြကေတာ့ ေတာ္ေတ္ာေလးကို အထိနာခဲ့ၾကပါတယ္။ သတင္းေတြရဲ႕ေဖာ္ျပခ်က္မွာေတာ့ လူေပါင္း ၄၄ ေယာက္ေလာက္ ဒဏ္ရာရခဲ့တယ္လို႔ သိရၿပီး အဲဒီအထဲကမွ ၅ ေယာက္ဟာေတာ့ ဆိုးဆိုးရြားရြားျဖစ္ခဲ့ၾကလို႔ ေဆးရံုကိုအေရးေပၚတင္ခဲ့ရပါတယ္။လိႈင္းျပင္းမျပင္းကိုကေတာ့ ဗီဒီယိုထဲမွာ လိႈင္းပုတ္ခ်က္ဟာ ေရကန္ထဲတင္မဟုတ္ဘဲ အျပင္ဖက္အေပၚပိုင္းကလူေတြဆီကိုပါ လွမ္းပုတ္လိုက္တဲ့အတြက္ အေပၚမွာရွိေနတဲ့လူေတြေတာင္ အလဲလဲအၿပိဳၿပိဳျဖစ္ခဲ့ၾကတာကိုပဲၾကည့္ပါေတာ့။ ဒီလိုျဖစ္ပ်က္သြားမႈကိုေတာ့ အပန္းေျဖဥယ်ာဥ္က တာဝန္ရွိတဲ့ ဝန္ထမ္းေတြကေတာ့ မီးျပတ္သြားလို႔ စက္ခ်ိဳ႕ယြင္းသြားတယ္လို႔ ေျဖတဲ့သူကေျဖၿပီး တခ်ိဳ႕ဝန္ထမ္းေတြကေတာ့ ဒီေျပာၾကားခ်က္ကို မဟုတ္ဘူးလို႔ ျပန္ျငင္းထားသူေတြလည္း ရွိေနပါတယ္။ အခုေတာ့ Yuong Shuiyun ေရကစားဥယ်ာဥ္ကို ယာယီပိတ္ထားခဲ့ၿပီး စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္လ်က္ရွိပါတယ္။

ဗီဒီယို ျကည္ ့ရန္

( Unicode )

၂၀၁၉ ဇူလိုင်လ ၃၀ ရက်တုန်းက တရုတ်နိုင်ငံက လှိုင်းတုရေကန်အပန်းဖြေစခန်းတစ်ခုမှာ စက်ချို့ယွင်းမှုကြောင့်ဆိုပြီး ဆူနာနီနီးနီးအင်အားရှိတဲ့ ပြင်းအားနဲ့ လှိုင်းကြီးတစ်ခုဖြစ်ပေါ်ခဲ့တဲ့အတွက် ဒဏ်ရာရသူကရနဲ့ အုတ်အောသောင်းနင်းဖြစ်ခဲ့ကြတယ်လို့ တရုတ်မီဒီယာတော်တော်များများအပါအဝင် Times.com မှလည်း ဖော်ပြခြင်းခံခဲ့ရပါတယ်။

နေရာကတော့ တရုတ်နိုင်ငံ၊ Longing မှာ တည်ရှိတဲ့ Yuong Shuiyun ရေကစားဥယျာဉ်မှာပါဖြစ်သွားခဲ့တာပါ။ ဒီဖြစ်ရပ်ကို အမှတ်မထင်မှတ်တမ်းတင်ထားမိခဲ့တဲ့ ဗီဒီယိုတစ်ခုဟာ တရုတ်လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ရာမှတစ်ဆင့် နာမည်ကြီးသွားခဲ့တာပါ။ ဗီဒီယိုထဲမှာတော့ ရုတ်တရက်ဆိုသလို ရေပြင်ဟာ အစနားကစပြီး တြဖေးဖြေးမြင့်တက်လာကာ အလယ်ပိုင်းရောက်တဲ့အခါမှာတော့ လှိုင်းကအောက်ကိုပြန်ကျပြီး အနောက်ဖက်မှာရှိနေတဲ့လူတွေကို အပေါ်စီးကနေ အားနဲ့ပုတ်ချပစ်လိုက်ပါတော့တယ်။

ကံအကောင်းဆုံးကတော့ အရှေ့ပိုင်းမှာနေနေတဲ့လူတွေပါပဲ။ လှိုင်းဟာ အဲဒီအရှေ့ပိုင်းကျမှ ပုတ်ချဖို့လုံလောက်တဲ့အမြင့်အတွက် အရှိန်စယူနေတာဖြစ်တဲ့အတွက် သူတို့ကတော့ ကောင်းကောင်းကြီး လွတ်သွားခဲ့ပြီး အလယ်ပိုင်းနဲ့ နောက်ပိုင်းမှာရှိတဲ့ လူတွေကတော့ တော်တေ်ာလေးကို အထိနာခဲ့ကြပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်မှာတော့ လူပေါင်း ၄၄ ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ သိရပြီး အဲဒီအထဲကမှ ၅ ယောက်ဟာတော့ ဆိုးဆိုးရွားရွားဖြစ်ခဲ့ကြလို့ ဆေးရုံကိုအရေးပေါ်တင်ခဲ့ရပါတယ်။လှိုင်းပြင်းမပြင်းကိုကတော့ ဗီဒီယိုထဲမှာ လှိုင်းပုတ်ချက်ဟာ ရေကန်ထဲတင်မဟုတ်ဘဲ အပြင်ဖက်အပေါ်ပိုင်းကလူတွေဆီကိုပါ လှမ်းပုတ်လိုက်တဲ့အတွက် အပေါ်မှာရှိနေတဲ့လူတွေတောင် အလဲလဲအပြိုပြိုဖြစ်ခဲ့ကြတာကိုပဲကြည့်ပါတော့။ ဒီလိုဖြစ်ပျက်သွားမှုကိုတော့ အပန်းဖြေဥယျာဉ်က တာဝန်ရှိတဲ့ ဝန်ထမ်းတွေကတော့ မီးပြတ်သွားလို့ စက်ချို့ယွင်းသွားတယ်လို့ ဖြေတဲ့သူကဖြေပြီး တချို့ဝန်ထမ်းတွေကတော့ ဒီပြောကြားချက်ကို မဟုတ်ဘူးလို့ ပြန်ငြင်းထားသူတွေလည်း ရှိနေပါတယ်။ အခုတော့ Yuong Shuiyun ရေကစားဥယျာဉ်ကို ယာယီပိတ်ထားခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

ဗီဒီယို ကြည့်ရန်