ဦးဇော်ကြီးအတွက် အလှူရှင် တချို့ရဲ့ ကူညီထောက်ပံ့မှုကို ပေးအပ်ခဲ့တဲ့ ဦးကောင်းကျော်

0
161





credit – momolay

For Unicode

ဦးဇော်ကြီးအတွက် အလှူရှင် တစ်ချို့ရဲ့ ကူညီထောက်ပံ့မှုကို ပေးအပ်ခဲ့တဲ့ ဦးကောင်းကျော်

ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ကောင်းကျော် ဟာဆိုရင် ရွှေညီအစ်ကို ဆိုတဲ့ လူရွှင်တော်အဖွဲ့နဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု များစွာ ရရှိထားတာပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ ပြောင်မြောက်တဲ့ ဟာသ ပညာတွေနဲ့ ပရိသတ်တွေကို အမြဲ ပျော်ရွှင်စေခဲ့တာပါ ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် ဦးကောင်းကျော် က လူကြမ်းသရုပ်ဆောင် ဦးဇော်ကြီးအတွက် အလှူငွေ ပေးအပ်ခဲ့တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော် ။

ဦးကောင်းကျော်က ” နှစ်ပေါင်းများစွာ ရုပ်ရှင်ထဲက လူကြမ်းကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဇော်ကြီးနေရတဲ့ ဘဝက ကျူးကျော်တဲ လမ်းနဲ့မလွတ်လို့ နောက်ကို ၁၅ ပေလောက် ဆုတ်ဖို့ သက်ဆိုင်ရာက ပြောတော့ နောက်ဆုတ်ပေးဖို့ နေနေသာသာ လက်ရှိနေတဲ့တဲ လေးတောင် လူတက်ရင် ယိုင်လုလု အခြေအနေကို ဒေါက်ကလေးတောင် မထောက်နိုင်တဲ့ ဘဝ အသက်ကြီးလာတဲ့ သရုပ်ဆောင်တွေကို မသုံးတော့တဲ့ ခေတ်ပျက်ကြီးထဲ ခေါ်သုံးမယ် ဒါရိုက်တာကမရှိလို့ ဝမ်းရေးအတွက် ဈေးရောင်းပြီး ရုံးကန်နေရတဲ့ အခြေအနေ မှာမို့ကရွာ ရေကတက် နဲ့ အခက်ကြုံရပြီပေါ့”

“ ဒီသတင်းကို ကြားသိရလို့ အနုပညာ လုပ်ဖော်ကိုင်ဖက် အသိုင်းအဝိုင်းနဲ့စေတနာရှင်တွေက ကူညီ စောင့်ရှောက်မှုလေးတွေနဲ့ နေလို့ဖြစ်တဲ့ အိမ်ကလေးတစ်လုံးတော့ ဖြစ်သွားခဲ့သည်ပေါ့ ????? ဒီသတင်းကို ကြားသိရတဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ဖြူစင်မေတ္တာ ပရဟိတအသင်းရဲ့ ဥက္ကဌ ကိုစံဌေးက တတ်နိုင်တာလေးကို ဦးဇော်ကြီးအတွက် ကူညီချင်ပါတယ် ဆက်သွယ်ပေးပါဗျာလို့ အကူအညီတောင်းလာလို့ ဦးဇော်ကြီးကို ရအောင်ဆက်သွယ်ပြီး အိမ်တိုင်ရာရောက် သွားလို့ wavemoney နဲ့လွှဲပြီး ကူညီထောက်ပံ့ပေး တဲ့ငွေ ၆ သောင်းတိတိကို အိမ်တိုင်ရာရောက် သွားပြီးပေးအပ် ကူညီပေးခဲ့ပါသည် ။

ယခုလို ကူညီ လှုဒါန်းလိုသော အလှုရှင်များ အနေဖြင့်လည်း ကူညီထောက်ပံ့ လှုဒါန်းလိုပါက ဦးဇော်ကြီး၏ အောက်ပါ ph သို့ တိုက်ရိုက် ဆက်သွယ် လှုဒါန်း ကူညီနိုင်ပါသည်ဗျာ ။ 09421717236 (လူကြမ်းသရုပ်ဆောင်) ဇော်ကြီး” ဆိုပြီး ပြောထားပါတယ် ။ စိတ်ထားနူးညံ့ သိမ်မွေ့သလောက် ဘဝခရီးလမ်း ကြမ်းတမ်းလွန်းတဲ့ ရုပ်ရှင်ထဲက လူကြမ်း ကိုဇော်ကြီး အတွက် စိတ်မကောင်း ဖြစ်ရတယ်လို့လည်း ပြောထားပါသေးတယ် ။ ကြည့်ရူပေကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ်နော် ။

credit – momolay