ျပင္းအား ၆ ဒသမ ၈ အဆင့္ရွိ ငလ်င္ႀကီး လွုပ္ၿပီး အင္ဒိုနီးရွားမွာ ဆူနာမီေသတိေပးခ်က္ေတြထုတ္ျပန္

0
157

အင္ဒိုနီးရွားနိုင္ငံ၊ ဆူမားၾတားကၽြန္းႏွင့္ ဂ်ာဗားကၽြန္းတို႔တြင္ ၾသဂုတ္လ ၂ရက္ ညပိုင္းက ၆ ဒသမ ၈ မဂၢနီက်ဳရွိ အင္အားျပင္းငလ်င္လွုပ္ခတ္သြားခဲ့မွုေၾကာင့္

အေဆာက္အအုံရာႏွင့္ခ်ီပ်က္စီးခဲ့ရၿပီးငလ်င္ေၾကာင့္ေသဆုံးသူ ေလးဦးရွိခဲ့ကာ ေနာက္ဆက္တြဲဆူနာမီေရလွိုင္းျဖစ္ေပၚနိုင္သည့္အတြက္ ဆူနာမီေရလွိုင္းသတိေပးခ်က္ပါ ထုတ္ျပန္ထားေၾကာင္းသိရသည္။

ဆူနာမီေရလွိုင္းသတိေပးခ်က္မွာႏွစ္နာရီမၽွ ၾကာျမင့္ခဲ့ၿပီး ကမ္းေျခအနီးရွိေဒသခံမ်ားကို ကုန္းျမင့္ပိုင္းသို႔ ေရႊ႕ေျပာင္းတိမ္းေရွာင္ေစခဲ့ေၾကာင္းသိရသည္။

ငလ်င္လွုပ္ခတ္မွုေၾကာင့္ အိမ္ေျခအေဆာက္အအုံ ၂၀၀ ေက်ာ္ပ်က္စီးခဲ့ရၿပီး ထိခိုက္ဒဏ္ရာရသူမ်ားလည္းရွိခဲ့ေၾကာင္း အင္ဒိုနီးရွားသဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲေရးအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ အဂတ္စ္ဝီဘိုဝိုက ဆိုသည္။

အေမရိကန္ဘူမိေဗဒေလ့လာေရးအဖြဲ႕၏ထုတ္ျပန္ခ်က္အရ ဆူမားၾတားကၽြန္း တီလြတ္ဘီတမ္ၿမိဳ႕မွ ၁၄၁မိုင္အကြာ အိႏၵိယသမုဒၵရာကို ဗဟိုျပဳကာ ငလ်င္လွုပ္ခတ္သြားခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။

ပစိဖိတ္မီးကြင္းေဒသေပၚတြင္ တည္ရွိေနသည့္ အင္ဒိုနီးရွားနိုင္ငံတြင္ ငလ်င္မ်ား မၾကာခဏလွုပ္ခတ္ေနခဲ့ၿပီး တစ္ခါတရံ ဆူနာမီေရလွိုင္းမ်ားပါ၀င္ေရာက္လာေလ့ရွိသည္။

၂၀၀၄ခုႏွစ္ ဒီဇင္ဘာ ၂၆ရက္တြင္ လွုပ္ခတ္ခဲ့သည့္ ၉ဒသမ၅မဂၢနီက်ဳရွိ အင္အားျပင္းငလ်င္လွုပ္ခတ္ခဲ့ၿပီးေနာက္ ႀကီးမားသည့္ဆူနာမီေရလွိုင္းျဖစ္ေပၚခဲ့သျဖင့္ အိႏၵိယသမုဒၵရာကမ္းေျခေဒသမ်ားတြင္

လူစုစုေပါင္း ၂၂၆၀၀၀ခန႔္ ေသဆုံးခဲ့ရသည္တြင္အင္ဒိုနီးရွားနိုင္ငံက လူေပါင္း ၁၂၆၀၀၀ေက်ာ္ ေသဆုံးခဲ့ရေၾကာင္း မွတ္တမ္းမ်ားအရသိရသည္။

ယခင္ႏွစ္ကလည္း အင္ဒိုနီးရွားနိုင္ငံ ဆူလာေဝစီကၽြန္း၌ အနက္ကရာကတူမီးေတာင္ေပါက္ကြဲမွုေၾကာင့္ ငလ်င္လွုပ္ခတ္မွုျဖစ္ကာ ဆူနာမီေရလွိုင္းျဖစ္ေပၚခဲ့ၿပီး ကမ္းေျခရွိလူေပါင္း ၄၃၀ဦးထက္မနည္းေသဆုံးခဲ့ရ ေၾကာင္းသိရသည္။

Credit – _Pyi Myanmar

Unicode

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းနှင့် ဂျာဗားကျွန်းတို့တွင် သြဂုတ်လ ၂ရက် ညပိုင်းက ၆ ဒသမ ၈ မဂ္ဂနီကျုရှိ အင်အားပြင်းငလျင်လှုပ်ခတ်သွားခဲ့မှုကြောင့်

အဆောက်အအုံရာနှင့်ချီပျက်စီးခဲ့ရပြီးငလျင်ကြောင့်သေဆုံးသူ လေးဦးရှိခဲ့ကာ နောက်ဆက်တွဲဆူနာမီရေလှိုင်းဖြစ်ပေါ်နိုင်သည့်အတွက် ဆူနာမီရေလှိုင်းသတိပေးချက်ပါ ထုတ်ပြန်ထားကြောင်းသိရသည်။

ဆူနာမီရေလှိုင်းသတိပေးချက်မှာနှစ်နာရီမျှ ကြာမြင့်ခဲ့ပြီး ကမ်းခြေအနီးရှိဒေသခံများကို ကုန်းမြင့်ပိုင်းသို့ ရွှေ့ပြောင်းတိမ်းရှောင်စေခဲ့ကြောင်းသိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် အိမ်ခြေအဆောက်အအုံ ၂၀၀ ကျော်ပျက်စီးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း အင်ဒိုနီးရှားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ အဂတ်စ်ဝီဘိုဝိုက ဆိုသည်။

အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့၏ထုတ်ပြန်ချက်အရ ဆူမားတြားကျွန်း တီလွတ်ဘီတမ်မြို့မှ ၁၄၁မိုင်အကွာ အိန္ဒိယသမုဒ္ဒရာကို ဗဟိုပြုကာ ငလျင်လှုပ်ခတ်သွားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ပစိဖိတ်မီးကွင်းဒေသပေါ်တွင် တည်ရှိနေသည့် အင်ဒိုနီးရှားနိုင်ငံတွင် ငလျင်များ မကြာခဏလှုပ်ခတ်နေခဲ့ပြီး တစ်ခါတရံ ဆူနာမီရေလှိုင်းများပါ၀င်ရောက်လာလေ့ရှိသည်။

၂၀၀၄ခုနှစ် ဒီဇင်ဘာ ၂၆ရက်တွင် လှုပ်ခတ်ခဲ့သည့် ၉ဒသမ၅မဂ္ဂနီကျုရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ကြီးမားသည့်ဆူနာမီရေလှိုင်းဖြစ်ပေါ်ခဲ့သဖြင့်

အိန္ဒိယသမုဒ္ဒရာကမ်းခြေဒေသများတွင် လူစုစုပေါင်း ၂၂၆၀၀၀ခန့် သေဆုံးခဲ့ရသည်တွင်အင်ဒိုနီးရှားနိုင်ငံက လူပေါင်း ၁၂၆၀၀၀ကျော် သေဆုံးခဲ့ရကြောင်း မှတ်တမ်းများအရသိရသည်။

ယခင်နှစ်ကလည်း အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း၌ အနက်ကရာကတူမီးတောင်ပေါက်ကွဲမှုကြောင့် ငလျင်လှုပ်ခတ်မှုဖြစ်ကာ ဆူနာမီရေလှိုင်းဖြစ်ပေါ်ခဲ့ပြီး ကမ်းခြေရှိလူပေါင်း ၄၃၀ဦးထက်မနည်းသေဆုံးခဲ့ရ ကြောင်းသိရသည်။

Credit – _Pyi Myanmar