မြဝတီမြို့ငွေလဲဗိုက်ဖောက်အဖွဲ့မှ အလုပ်သမ ၁၃ ဦးထံမှ ကျပ် ၉ သိန်းလိမ် ပူးပေါင်းအဖွဲ့မှ တရားခံများဖမ်းဆီးပြီး ငွေပြန်ရအောင်ကူညီတဲ့ ဝေဠုကျော်နှင့် ကိုရဲမင်း
0
214
( Unicode )
မြဝတီမြို့ငွေလဲဗိုက်ဖောက်အဖွဲ့မှ ထိုင်းမှမြန်မာသို့ MOU ပတ်စပိုစ့်လုပ်ရန်ပြန်လာသည့် အမျိုး
သမီး ၁၃ ဦးအား ကျပ်ငွေ ၉ သိန်းကျော်လိမ်လည်ခဲ့ကြောင်း အကူအညီတောင်းရာ မြဝတီမြို့ရဲစခန်းမှူးဦးနိင်ဝင်းဦးဆောင်သော မြန်မာနိင်ငံရဲတပ်ဖွဲ့ဝင်များ မြဝတီမြို့မှအလုပ်သမားရေးတက်ကြွလှုပ်ရှားသူများ နယ်ခြားစောင့်တပ်(BGF)တပ်နယ် ၃ ကွပ်ကဲရေးမှ ဗိုလ်မှူးခင်မောင်ဝင်းနှင့် BGF ရဲဘော်များ WLK ဝေဠုကျော်အဖွဲ့
နှင့် AAC ကိုရဲမင်းတို့အဖွဲ့မှ ပူးပေါင်း၍ အုပ်စုဖွဲ့ဗိုက်ဖောက်ငွေလဲလူလိမ် ၃ ဦးကို ရဲတပ်ဖွဲ့မှဖမ်းဆီးပြီး လိမ်လည်ထားသော ကျပ် ၉ သိန်းကျော်ကို အလိမ်ခံရသူများလက်ဝယ်ပြန်လည်ပေးအပ်နိင်ခဲ့ပါသည်။
ရန်ကုန်မှမြဝတီသို့ wlkဝေဠုကျော်နှင့် ကိုရဲမင်းတို့နှစ်ဦး လိုင်းကားစီးလာစဉ် အလိမ်ခံရသူများ
နှင့် ကားတစ်စီးထဲတွေ့ဆုံပြီး အလိမ်ခံရကြောင်းMOU ပြန်လုပ်သော အလုပ်သမလေးများကအကူအညီတောင်းခံခဲ့ခြင်းဖြစ်ပြီး ယခုညနေ
မှာတော့ ထိုင်းပြန်ရန် ကားပေါ်ရောက်သည်ထိကိုဝေဠုကျော်မှ ဦးဆောင်စီစဉ်ပေးခဲ့ပါသည်။
မှတ်ချက်။ ။ယခင်အကြိမ်များက ငွေပြန်ရ လူမမိ တရားခံတရားစွဲမရ အလိမ်ခံရသူမှ တိုင်ချက်မဖွင့် ဖြစ်စဉ်များရှိခဲ့ပေမယ့် ဒီတကြိမ်
မှာတော့ ဗိုက်ဖောက်များလည်းမိ ငွေအားလုံးလဲ ပြန်ရခဲ့ပါကြောင်း….
Photo-မိုးခါးရေ ပုံစာ-မြဝတီမြို့ရဲစခန်းတွင် စခန်းမှူးဦးနိင်ဝင်းနှင့် ထိုင်းရောက်မြန်မာအလုပ်သမလေးများ
ရဲ့ ယနေ့မြင်ကွင်းများ….
ရဲမင်း(AAC မဟာမိတ်အဖွဲ့)ထိုင်းရောက်အလုပ်သမားရေးလှုပ်ရှားသူ