FB မွာခ်စ္သူျဖစ္တဲ့ အမ်ိဳးသမီး(၅)ဦးကုိ အိမ္ေခၚကာ အဓမၼက်င့္သတ္ပစ္ၿပီး၊ ၿခံထဲမွာျမႇဳပ္ခဲ့တဲံ သူ

0
684

ေတာင္အာဖရိကႏုိင္ငံ၊ Hazyview အမည္ရ ၿမိဳ႕မွာ အမ်ိဳးသားတစ္ေယာက္ဟာ Facebook ကေန ခ်စ္သူျဖစ္တဲ့ အမ်ိဳးသမီး(၅)ဦးကို ေနအိမ္မွာ ဖိတ္ေခၚ၊ အၾကမ္းဖက္ အဓမၼျပဳက်င့္ၿပီး၊ ၎ရဲ႕ ေနအိမ္ၿခံဝင္းထဲမွာပဲ လူမသိသူမသိ ျမႇုဳပ္ႏွံခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေဖာ္ထုတ္ႏုိင္ခဲ့ပါတယ္။

အဆုိပါ လူသတ္ရာဇာ အဓမၼက်င့္ သတ္ျဖတ္ခဲ့တဲ့ အမ်ိဳးသမီးေတြဟာ အသက္(၁၅)ႏွစ္မွ အသက္(၂၅)ႏွစ္အတြင္း အိမ္ေထာင္မရွိသူ အပ်ိဳေတြျဖစ္ၾကၿပီး၊ တရားခံရဲ႕အမည္ကေတာ့ Julius Mndawe (၂၅)ႏွစ္ ျဖစ္ပါတယ္။ သူဟာ ရည္းစားအမ်ိဳးသမီးေတြကုိ အဓမၼက်င့္ကာ-

လည္ပင္းညႇစ္သတ္ၿပီး၊ ေနအိမ္ၿခံဝင္းထဲမွာပဲ ေျမျမႇုဳပ္သၿဂႋဳဟ္ခဲ့တာလုိ႔ သိရပါတယ္။ ေဒသခံတစ္ဦးက သံသယျဖစ္ၿပီး ရဲတပ္ဖြဲ႕ကို သတင္းေပးခဲ့ရာ၊ ရပ္ကြက္လူအုပ္ႀကီးကလည္း အဲဒီေနအိမ္ကို စီးနင္းၿပီး၊ ေနအိမ္ကုိ မီး႐ႈိ႕ဖ်က္ဆီးခဲ့ပါတယ္။ ရဲေတြက သူတုိ႔ကို မတားႏုိင္ခဲ့ပါဘူး။

ေနအိမ္ၿခံဝင္းအတြင္းမွာ အေလာင္းျမႇဳပ္ထားတဲ့ေနရာေတြဟာ သိသာထင္ရွားေနၿပီး တူးေဖာ္စစ္ေဆးခဲ့ပါတယ္။ အဓမၼက်င့္ သတ္ျဖတ္ခံရသူေတြကေတာ့ Tokkie Tlaka (၂၄)ႏွစ္၊ Banele Khoza (၁၅)ႏွစ္၊ Noxolo Mdluli (၁၉)ႏွစ္၊Felicia Shabangu (၁၇)ႏွစ္နဲ႔ Nomthandazo Mdluli (၁၉)ႏွစ္တုိ႔ ျဖစ္ပါတယ္။

Mndawe ကို တစ္ပတ္အၾကာမွာ ဖမ္းဆီးႏုိင္ခဲ့ၿပီး၊ သူ ပထမဆုံး အဓမၼက်င့္သတ္ျဖတ္မႈကို ေမလမွာ က်ဴးလြန္ခဲ့တာပါတဲ့။ ဒါေပမယ့္ သူ သတ္ျဖတ္ခဲ့သူထဲမွာ လူမႈကြန္ရက္က ခ်စ္သူျဖစ္သူ တစ္ဦးသာပါဝင္တယ္လုိ႔ သူက ေျပာပါတယ္။ က်န္တာကေတာ့ အရပ္ထဲကလုိ႔ ေျပာပါတယ္။

ေနသူရိန္ (D Nae Thit)

source : Mirror

ယူနီကုဒ်ဖြင့်ဖတ်ရန်-

တောင်အာဖရိကနိုင်ငံ၊ Hazyview အမည်ရ မြို့မှာ အမျိုးသားတစ်ယောက်ဟာ Facebook ကနေ ချစ်သူဖြစ်တဲ့ အမျိုးသမီး(၅)ဦးကို နေအိမ်မှာ ဖိတ်ခေါ်၊ အကြမ်းဖက် အဓမ္မပြုကျင့်ပြီး၊ ၎င်းရဲ့ နေအိမ်ခြံဝင်းထဲမှာပဲ လူမသိသူမသိ မြှုုပ်နှံခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အဆိုပါ လူသတ်ရာဇာ အဓမ္မကျင့် သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီးတွေဟာ အသက်(၁၅)နှစ်မှ အသက်(၂၅)နှစ်အတွင်း အိမ်ထောင်မရှိသူ အပျိုတွေဖြစ်ကြပြီး၊ တရားခံရဲ့အမည်ကတော့ Julius Mndawe (၂၅)နှစ် ဖြစ်ပါတယ်။ သူဟာ ရည်းစားအမျိုးသမီးတွေကို အဓမ္မကျင့်ကာ-

လည်ပင်းညှစ်သတ်ပြီး၊ နေအိမ်ခြံဝင်းထဲမှာပဲ မြေမြှုုပ်သင်္ဂြိုဟ်ခဲ့တာလို့ သိရပါတယ်။ ဒေသခံတစ်ဦးက သံသယဖြစ်ပြီး ရဲတပ်ဖွဲ့ကို သတင်းပေးခဲ့ရာ၊ ရပ်ကွက်လူအုပ်ကြီးကလည်း အဲဒီနေအိမ်ကို စီးနင်းပြီး၊ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ရဲတွေက သူတို့ကို မတားနိုင်ခဲ့ပါဘူး။

နေအိမ်ခြံဝင်းအတွင်းမှာ အလောင်းမြှုပ်ထားတဲ့နေရာတွေဟာ သိသာထင်ရှားနေပြီး တူးဖော်စစ်ဆေးခဲ့ပါတယ်။ အဓမ္မကျင့် သတ်ဖြတ်ခံရသူတွေကတော့ Tokkie Tlaka (၂၄)နှစ်၊ Banele Khoza (၁၅)နှစ်၊ Noxolo Mdluli (၁၉)နှစ်၊Felicia Shabangu (၁၇)နှစ်နဲ့ Nomthandazo Mdluli (၁၉)နှစ်တို့ ဖြစ်ပါတယ်။

Mndawe ကို တစ်ပတ်အကြာမှာ ဖမ်းဆီးနိုင်ခဲ့ပြီး၊ သူ ပထမဆုံး အဓမ္မကျင့်သတ်ဖြတ်မှုကို မေလမှာ ကျူးလွန်ခဲ့တာပါတဲ့။ ဒါပေမယ့် သူ သတ်ဖြတ်ခဲ့သူထဲမှာ လူမှုကွန်ရက်က ချစ်သူဖြစ်သူ တစ်ဦးသာပါဝင်တယ်လို့ သူက ပြောပါတယ်။ ကျန်တာကတော့ အရပ်ထဲကလို့ ပြောပါတယ်။

နေသူရိန် (D Nae Thit)

source : Mirror