မာယာမ်ားတဲ့ သီလရွင္ဝတ္ မိန္းကေလး ကုိ စစ္ေဆးလိုက္တဲ့အခါ

0
1694

မာယာမ်ားတဲ့ သီလရွင္ဝတ္ မိန္းကေလး ကုိ စစ္ေဆးလိုက္တဲ့အခါ

ယေန႔ မိမိတို႔ ခ်မ္းေအးသာစံၿမိဳ႕နယ္ သာသနာထိန္းသိမ္းေရးအဖြဲ႕ ၿမိဳ႕နယ္ထဲ လွည့္လည္ၾကစဥ္ ရတနာပံုေစ်းေရွ႕ နားေနခံုေပၚမွာ လဲေလ်ာင္းအိပ္စက္ေနတဲ့ သီလရွင္ဝတ္ မိန္းကေလးတစ္ေယာက္ ေတြ႕ရွိၾကလို႔ ေခၚေဆာင္ၿပီး စစ္ေဆးျဖစ္ၾကပါတယ္။

သီလရွင္ဝတ္မွ မိန္းကေလးမွ- ” ၿမိဳ႕ေဟာင္းဘူတာေဘးရွိ ဓမၼာေပၚမွာ အေဒၚျဖစ္သူ သီလရွင္ႏွင့္ အတူေနၾကေၾကာင္း၊တစ္ရက္(၂၀၀၀ဝိ)က်ပ္ရမွ ျပန္ရေၾကာင္း၊ အေဒၚျဖစ္သူမွ ေက်ာင္းေဆာက္လို၍ အလွဴခံခိုင္းျခင္းျဖစ္ေၾကာင္း” စသျဖင့္ ေျပာဆိုလာပါသည္။

ဒါေၾကာင့္မို႔ အဆိုပါ သီလရွင္ကို သာ/ထိန္းဥကၠ႒ဆရာေတာ္ကိုယ္တိုင္ ေခၚေဆာင္ၿပီး သက္ဆိုင္ရာ ၿမိဳ႕နယ္သံဃနာယကအဖြဲ႕ကို ေလွ်ာက္ထားကာ ၿမိဳ႕ေဟာင္းဘူတာအထိ ႂကြေရာက္ၾကပါသည္။

ၿမိဳ႕ေဟာင္းဘူတာေရာက္ေတာ့ သီလရွင္ဝတ္ မိန္းကေလးေျပာတာ တစ္ခုမွ မွန္ကန္မႈ မရွိပါ၊ အေသအခ်ာ စစ္ေဆးပါမွ ဘူတာႀကီးမွာ အေျခခ်ေၾကာင္း သိရလို႔ ဘူတာႀကီးသို႔ ႂကြေရာက္ၾကၿပီး သီလရွင္ဝတ္မိန္းကေလး ၫႊန္ျပသည့္ အမ်ိဳးသမီးကို စစ္ေဆးတဲ့အခါ အဆိုပါ အမ်ိဳးသမီးမွ-” သီလရွင္ဝတ္မိန္းကေလးဟာ ဘယ္ရပ္ဘယ္ေဒသကမွန္း မသိရေၾကာင္း၊

ဘူတာသံလမ္းပလက္ေဖာင္းေဘးမွာ တစ္ေယာက္ထဲ အိပ္ေနတာ ေတြ႕ေနရလို႔ မသမာလူေတြႏွင့္ ေတြ႕ၾကံဳသြားလွ်င္ ဒုကၡေရာက္သြားမွာ စိုးရိမ္ရလို႔ သနားၿပီး ေခၚေဆာင္ကာ သူတို႔ႏွင့္အတူ အိပ္စက္ခိုင္းတာျဖစ္ေၾကာင္း ေလွ်ာက္ထားလာပါသည္။

ဘူတာတာဝန္ရွိ ပာဂၢိဳလ္မ်ားမွလည္း ” ဒီသီလရွင္ဝတ္မိန္းကေလး ဘူတာမွာ ေတြ႕ျမင္ေနရတာ သံုးရက္ခန္႔ရွိၿပီးျဖစ္ေၾကာင္း၊ ေနျပည္ေတာ္ဘက္မွ လာသည္ဟု ယူဆရေၾကာင္း ေလွ်ာက္ထားလာလို႔ အဆိုပါ သီလရွင္ဝတ္ မိန္းကေလးကို သီလရွင္ဝတ္လဲေစကာ ဆံုးမၿပီး ေနျပည္ေတာ္သို႔ ထြက္ခြာမည့္ ရထားျဖင့္ ျပန္လည္တင္ေပးလိုက္ပါသည္။

( စစ္ေဆးေမးျမန္းကတည္းက စကားေျပာရာမွာ ယဥ္ေက်းစြာ သီလရွင္စကား အသံုးအနႈံးမတတ္ေၾကာင္း သိရွိခဲ့စဥ္ကတည္းက သီလရွင္အတုမွန္း သိသာပါသည္)

Source ; သာသနာထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ မႏၲေလး။

Credit to apannpyay

Unicode

မာယာများတဲ့ သီလရှင်ဝတ် မိန်းကလေး ကို စစ်ဆေးလိုက်တဲ့အခါ

ယနေ့ မိမိတို့ ချမ်းအေးသာစံမြို့နယ် သာသနာထိန်းသိမ်းရေးအဖွဲ့ မြို့နယ်ထဲ လှည့်လည်ကြစဉ် ရတနာပုံစျေးရှေ့ နားနေခုံပေါ်မှာ လဲလျောင်းအိပ်စက်နေတဲ့ သီလရှင်ဝတ် မိန်းကလေးတစ်ယောက် တွေ့ရှိကြလို့ ခေါ်ဆောင်ပြီး စစ်ဆေးဖြစ်ကြပါတယ်။

သီလရှင်ဝတ်မှ မိန်းကလေးမှ- ” မြို့ဟောင်းဘူတာဘေးရှိ ဓမ္မာပေါ်မှာ အဒေါ်ဖြစ်သူ သီလရှင်နှင့် အတူနေကြကြောင်း၊တစ်ရက်(၂ဝဝဝဝိ)ကျပ်ရမှ ပြန်ရကြောင်း၊ အဒေါ်ဖြစ်သူမှ ကျောင်းဆောက်လို၍ အလှူခံခိုင်းခြင်းဖြစ်ကြောင်း” စသဖြင့် ပြောဆိုလာပါသည်။

ဒါကြောင့်မို့ အဆိုပါ သီလရှင်ကို သာ/ထိန်းဥက္ကဋ္ဌဆရာတော်ကိုယ်တိုင် ခေါ်ဆောင်ပြီး သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့ကို လျှောက်ထားကာ မြို့ဟောင်းဘူတာအထိ ကြွရောက်ကြပါသည်။

မြို့ဟောင်းဘူတာရောက်တော့ သီလရှင်ဝတ် မိန်းကလေးပြောတာ တစ်ခုမှ မှန်ကန်မှု မရှိပါ၊ အသေအချာ စစ်ဆေးပါမှ ဘူတာကြီးမှာ အခြေချကြောင်း သိရလို့ ဘူတာကြီးသို့ ကြွရောက်ကြပြီး သီလရှင်ဝတ်မိန်းကလေး ညွှန်ပြသည့် အမျိုးသမီးကို စစ်ဆေးတဲ့အခါ အဆိုပါ အမျိုးသမီးမှ-” သီလရှင်ဝတ်မိန်းကလေးဟာ ဘယ်ရပ်ဘယ်ဒေသကမှန်း မသိရကြောင်း၊

ဘူတာသံလမ်းပလက်ဖောင်းဘေးမှာ တစ်ယောက်ထဲ အိပ်နေတာ တွေ့နေရလို့ မသမာလူတွေနှင့် တွေ့ကြုံသွားလျှင် ဒုက္ခရောက်သွားမှာ စိုးရိမ်ရလို့ သနားပြီး ခေါ်ဆောင်ကာ သူတို့နှင့်အတူ အိပ်စက်ခိုင်းတာဖြစ်ကြောင်း လျှောက်ထားလာပါသည်။

ဘူတာတာဝန်ရှိ ပာဂ္ဂိုလ်များမှလည်း ” ဒီသီလရှင်ဝတ်မိန်းကလေး ဘူတာမှာ တွေ့မြင်နေရတာ သုံးရက်ခန့်ရှိပြီးဖြစ်ကြောင်း၊ နေပြည်တော်ဘက်မှ လာသည်ဟု ယူဆရကြောင်း လျှောက်ထားလာလို့ အဆိုပါ သီလရှင်ဝတ် မိန်းကလေးကို သီလရှင်ဝတ်လဲစေကာ ဆုံးမပြီး နေပြည်တော်သို့ ထွက်ခွာမည့် ရထားဖြင့် ပြန်လည်တင်ပေးလိုက်ပါသည်။

( စစ်ဆေးမေးမြန်းကတည်းက စကားပြောရာမှာ ယဉ်ကျေးစွာ သီလရှင်စကား အသုံးအနှုံးမတတ်ကြောင်း သိရှိခဲ့စဉ်ကတည်းက သီလရှင်အတုမှန်း သိသာပါသည်)

Source ; သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။

Credit to apannpyay