ေဘဘီ့ကို ေက်းဇူးတင္ပါတယ္လို႔ ေျပာလိုက္ပါ ဆိုတဲ့ အစၥဏီ

0
158

ေဘဘီ့ကို ေက်းဇူးတင္ပါတယ္လို႔ ေျပာလိုက္ပါ ဆိုတဲ့ အစၥဏီ

ပရိသတ္ေတြ ေမွ်ာ္တလင့္လင့္နဲ႕ ေစာင့္စားခဲ့ရတဲ့ အဆိုေတာ္ အစၥဏီရဲ႕ အမႈဟာဆိုရင္ အျပီးသတ္ လြတ္ေျမာက္ဖို႔ လမ္းစ နီးကပ္ေနျပီ ျဖစ္ပါတယ္ ။ စုစုေပါင္း (၁၆) လ အခ်ဳပ္က်ခဲ့ရတဲ့ အစၥဏီက စူးရွထက္ ျဖစ္ေစခ်င္တဲ့အတိုင္း မီဒီယာေတြေရွ႕မွာ ေတာင္းပန္စကား ေျပာခဲ့ပါတယ္ ။ မိခင္ျဖစ္သူကလည္း သားလြတ္ေျမာက္ဖို႔အတြက္ ေတာင္းပန္ရမယ္ ဆိုရင္ အဆင္သင့္ပါပဲ ။

စူးရွထက္ကေတာ့ အစၥဏီ ေတာင္းပန္မွသာ ရုတ္သိမ္းလႊာကို လက္မွတ္ ထိုးေပးလိုက္တာ ျဖစ္ပါတယ္ ။ ေလ်ာ္ေၾကး မယူထားဘူးလို႔သာ တြင္တြင္ျငင္းျပီး အမွားလုပ္ထားတဲ့ အစၥဏီကသာ ေတာင္းပန္သင့္သူလို႔ ဆိုပါတယ္ ။ တရားခြင္မွာ တကယ္တမ္း အစၥဏီတို႔ သားအမိ ေတာင္းပန္ခ်ိန္မွာေတာ့ အမႈ သံုးခုလံုးကို ေက်ေအးေပးလိုက္ပါတယ္ ။

ရံုးခ်ိန္းကေန ထြက္လာတဲ့ အစၥဏီကေတာ့ အခ်ဳပ္ကားထဲ မဝင္ခင္ ပရိသတ္ၾကီးဆီ ခုလို သတင္းစကား ပါးသြားပါတယ္ ။ “ဝမ္းသာပါတယ္ ။ ေဘဘီ့ကိုလည္း ေမးလိုက္ပါ ။ Thank you လို႔ ။ ေသာၾကာေန႔က်ရင္ ရံုးခ်ိန္းမွာ ျပန္ထြက္လာခဲ့မယ္ ။ အဲ့ေတာ့မွ ေျပာေတာ့မယ္ ။ ပရိသတ္ေတြ အားလံုး က်န္းက်န္းမာမာနဲ႕ ရွိရဲ႕လား ။ ကၽြန္ေတာ္လည္း က်န္းမာေရး ဂရုစိုက္ပါတယ္ ။ သီခ်င္းေတြ အမ်ားၾကီး ျပန္ဆိုမယ္လို႔ ပရိသတ္ကို ကတိေပးပါတယ္ ။” လို႔ ဆိုပါတယ္ ။

အစၥဏီ အမႈက ရုတ္သိမ္းခြင့္ျပဳလုိ႔ အမႈ ျပီးျပတ္သြားရင္ေတာ့ လြတ္မွာျဖစ္ျပီး အခ်ိန္ကာလေတာ့ အတိအက် ေျပာလို႔ မရေသးဘူးလို႔ သိရပါတယ္ ။

CRD : Nanmalgyi

For Unicode

ဘေဘီ့ကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါ ဆိုတဲ့ အစ္စဏီ

ပရိသတ်တွေ မျှော်တလင့်လင့်နဲ့ စောင့်စားခဲ့ရတဲ့ အဆိုတော် အစ္စဏီရဲ့ အမှုဟာဆိုရင် အပြီးသတ် လွတ်မြောက်ဖို့ လမ်းစ နီးကပ်နေပြီ ဖြစ်ပါတယ် ။ စုစုပေါင်း (၁၆) လ အချုပ်ကျခဲ့ရတဲ့ အစ္စဏီက စူးရှထက် ဖြစ်စေချင်တဲ့အတိုင်း မီဒီယာတွေရှေ့မှာ တောင်းပန်စကား ပြောခဲ့ပါတယ် ။ မိခင်ဖြစ်သူကလည်း သားလွတ်မြောက်ဖို့အတွက် တောင်းပန်ရမယ် ဆိုရင် အဆင်သင့်ပါပဲ ။

စူးရှထက်ကတော့ အစ္စဏီ တောင်းပန်မှသာ ရုတ်သိမ်းလွှာကို လက်မှတ် ထိုးပေးလိုက်တာ ဖြစ်ပါတယ် ။ လျော်ကြေး မယူထားဘူးလို့သာ တွင်တွင်ငြင်းပြီး အမှားလုပ်ထားတဲ့ အစ္စဏီကသာ တောင်းပန်သင့်သူလို့ ဆိုပါတယ် ။ တရားခွင်မှာ တကယ်တမ်း အစ္စဏီတို့ သားအမိ တောင်းပန်ချိန်မှာတော့ အမှု သုံးခုလုံးကို ကျေအေးပေးလိုက်ပါတယ် ။

ရုံးချိန်းကနေ ထွက်လာတဲ့ အစ္စဏီကတော့ အချုပ်ကားထဲ မဝင်ခင် ပရိသတ်ကြီးဆီ ခုလို သတင်းစကား ပါးသွားပါတယ် ။ “ဝမ်းသာပါတယ် ။ ဘေဘီ့ကိုလည်း မေးလိုက်ပါ ။ Thank you လို့ ။ သောကြာနေ့ကျရင် ရုံးချိန်းမှာ ပြန်ထွက်လာခဲ့မယ် ။ အဲ့တော့မှ ပြောတော့မယ် ။ ပရိသတ်တွေ အားလုံး ကျန်းကျန်းမာမာနဲ့ ရှိရဲ့လား ။ ကျွန်တော်လည်း ကျန်းမာရေး ဂရုစိုက်ပါတယ် ။ သီချင်းတွေ အများကြီး ပြန်ဆိုမယ်လို့ ပရိသတ်ကို ကတိပေးပါတယ် ။” လို့ ဆိုပါတယ် ။

အစ္စဏီ အမှုက ရုတ်သိမ်းခွင့်ပြုလို့ အမှု ပြီးပြတ်သွားရင်တော့ လွတ်မှာဖြစ်ပြီး အချိန်ကာလတော့ အတိအကျ ပြောလို့ မရသေးဘူးလို့ သိရပါတယ် ။

CRD : Nanmalgyi