​ေရာဂါျဖစ္​ရင္​ ျမန္​မာျပည္​မွာ ကုမွာလား ျဖစ္သြားၾကျပန္ၿပီ အထူးကုေဆးရံုႀကီးေတြ

0
409

ျမန္မာႏိုင္ငံမွာ ရွိေနတဲ့ ေမေမေတြအားလံုး အေရးႀကီးဆံုး သတိျပဳရမည့္ ကေလး က်န္းမာေရးအတြက္ အခ်က္ တစ္ခ်က္

ကေလး က်န္းမာေရးအတြက္ ေမေမေတြ သတိျပဳရမဲ့ အေရးႀကီးဆံုး အခ်က္ေလး (၁)ခ်က္ ဒီေန႔ မွ်ေဝေပးမယ္ေနာ္။ မင္မင္ရဲ႕ My Shop ဆိုင္ေလးက ( 25.7.2019 ) ကေန ( 4.8.2019 ) အထိ ဆိုင္ပိတ္ၿပီး Bangkok မွာ မင္မင္ရဲ႕ သမီးေလး ေဆးရံုတက္ၿပီး အသက္ အႏၲရယ္ရွိသြားတဲ့ အဆင့္ထိ ခံစားခဲ့ရတာပါ။

ဘာေၾကာင့္ ကေလးက ဒီေလာက္အထိ ျဖစ္သြားရတာလဲ ? –> ဆိုတဲ့ အခ်က္ကို မင္မင္ ရွာေတြ႕ခဲ့ပါတယ္

ဒီေနရာမွာ မင္မင္ အခ်က္ (၂)ခ်က္ ခြဲၿပီး share ေပးမယ္ေနာ္။ ပထမ အခ်က္က ေရာဂါက ဘယ္ကေန ဘယ္လို စျဖစ္တာလဲဆိုတာနဲ႔၊ ဒုတိယ အခ်က္က ဘာေၾကာင့္ ဒီေလာက္အထိ ျဖစ္သြားရတာလဲဆိုတာ ရွင္းျပသြားပါမယ္ေနာ္။

ပထမ အခ်က္အေနနဲ႔ –> မင္မင္ရဲ႕ သမီးေလး ( ၇လပိုင္း ) ပထမ အပတ္မွာ ေနမေကာင္းစျဖစ္ခဲ့ပါတယ္။ ရန္ကုန္က နံမည္ႀကီး ေဆးရံုမွာျပေတာ့ အေျဖက ႐ိုး႐ိုး ေနမေကာင္းျဖစ္တယ္ဆိုၿပီး ( combination ) ေပးပါတယ္။ ဘာေၾကာင့္ဖ်ားတယ္ ဆိုတာ မရွင္းျပခဲ့ပါဘူး😟။ အဖ်ားေပ်ာက္ေဆးေသာက္ၿပီး (၃)ရက္ အၾကာ ဒုတိယ အပတ္မွာ ကေလးဝမ္းစေလွ်ာပါတယ္။ ေဆးရံုထပ္သြားျပေတာ့ ဝမ္းပိတ္ေဆးေပးပါတယ္ ( ဘာေၾကာင့္ ဝမ္းေလွ်ာတယ္ဆိုတာ အေျဖမရွာပါဘူး😣 )။ အဲ့ဒီညပဲ ကေလးေသြးဝမ္းသြားပါတယ္၊ Emergency ေရာက္ၿပီး ညတြင္းခ်င္း ေဆးရံုတက္ ဝမ္းစစ္ေတာ့ မသန္႔ရွင္းတာ စားတယ္ဆိုၿပီး မွတ္ခ်က္ေပးပါတယ္။ ပိုးသတ္ေဆးေပးမယ္ ကေလးကေတာ့ ေသြးဝမ္း ၂ ရက္ေလာက္ေတာ့ ဆက္သြားအံုးမယ္ဆိုၿပီး မွတ္ခ်က္ေပးခဲ့ပါတယ္။

( အဲ့ဒီမွာ မင္မင္ရဲ႕ အမ်ိဳးေတြက bangkok သြားပါလား သြားကုပါလားဆိုၿပီး ေျပာက်တယ္၊ မင္မင္က သြားဖို႔ မလိုပါဘူး ဒီမွာလဲ နံမည္ႀကီးေဆးရံုပဲ ဒီမွာကုမယ္ဆိုၿပီ ေပေတေနခဲ့တယ္ )။ ေဆးရံု (၁)ရက္ တက္ၿပီး ကေလး သက္သာၿပီ ေဆးရံုဆင္းလို႔ရၿပီလို႔ေျပာေတာ့ -> ငါ့ေတာ့ အဆင္ေျပသြားၿပီဆိုၿပီး ထင္ေနခဲ့တယ္။ မၾကာပါဘူး ေဆးရံုဆင္းၿပီးညကစၿပီး အဖ်ားက တက္လိုက္ က်လိုက္ ျဖစ္ေတာ့တာပဲ။ အဖ်ားတက္ရင္ အနည္းဆံုး 104, 105 ‘C ရွိတယ္။ ေဆးရံုဆင္းၿပီး ေနာက္ ၂ ရက္ေနတဲ့ အထိကို အဖ်ားက မက်ေသးေတာ့ ေဆးရံု ထပ္သြားျပေတာ့ –> နံမည္ႀကီး တုပ္ေကြး စျဖစ္ၿပီ ( combination ) ဆိုၿပီး ထပ္ေပးတယ္။ အဲ့ဒီမွာ မင္မင္ ဆံုးျဖတ္ခ်က္ခ်ၿပီး ရရာ Air Ticket နဲ႔ ေနာက္ရက္ Bangkok သြားလိုက္တယ္။ ဘာလို႔လဲ ဆိုေတာ့ ေနမေကာင္းျဖစ္တာ (၁၅) ရက္ေလာက္ရွိၿပီ ကေလး ပါစပ္က အစ ျပာလာတယ္၊ အစာလဲ လံုးဝမစားေတာ့ဘူး။

ဒီလိုနဲ႔ Bangkok ေရာက္တာနဲ႔ ေဆးရံုတန္းသြား၊ Bkk ဆရာဝန္က စစ္ေဆးၿပီးတာနဲ႔ ေျပာတာက ေဆးရံု ခ်က္ခ်င္းတက္ပါ ကေလးအေျခေန လံုးဝ သေဘာမက်ဘူးဆိုၿပီးေျပာတယ္။ ဒီေနရာမွာ မင္မင္ ဒုတိယ အခ်က္စၿပီး မွ်ေဝေပးသြားမယ္ေနာ္။ Bkk မွာ ကေလးကို ဆီးစစ္၊ ဝမ္းစစ္၊ ေသြးစစ္ပါတယ္။ စစ္သမွ် ပိုးရွိတယ္ဆိုတဲ့ အေျဖထြက္ပါတယ္။ အဆိုးဆံုးက ေသြးထဲ ပိုးဝင္သြားတာပဲ။ ဘာေၾကာင့္ ေသြးထဲ ပိုးဝင္သြားရလဲဆိုေတာ့ ကေလး ေနမေကာင္း ဝမ္းေလွ်ာတာ အခ်ိန္ၾကာသြားလို႔ ေျဖပါတယ္ ( BKK က ဆရာဝန္ေျပာတာေနာ္ )။

ေနာက္ၿပီး bkk ဆရာဝန္က ေျပာလိုက္တဲ့ အခ်က္က ကေလး အခုေသာက္ေနတဲ့ ေဆးအားလံုးက ကေလးရဲ႕ ေရာဂါပိုးကို မတိုက္ထုတ္ႏိုင္ပါဘူးတဲ့။ သူတို႔ ကေလးရဲ႕ ေရာဂါပိုးေမြးၿပီး စစ္ၿပီးသြားပါၿပီတဲ့ ပိုးကို မတိုက္ထုတ္ႏိုင္ပါဘူးတဲ့။ ( ဘုရားေရ ၁၅ ရက္လံုးလံုး ေသာက္ခဲ့တဲ့ေဆးက သမီးေလးရဲ႕ ေရာဂါပိုး မတိုက္ထုတ္ႏိုင္ဘူးတဲ့)။ ေရာဂါပိုး ေမြးၿပီး ဘယ္ေဆးနဲ႔ တိုးမလဲဆိုတာ အေျဖရွာေနပါတယ္တဲ့၊ ကေလးမွာရွိတဲ့ ပိုးက ႐ိုး႐ိုးေဆးနဲ႔ မတိုးတဲ့ ပိုး အမ်ိဳးစားပါတဲ့။

( သမီးေလး နာက်င္ခံစားေနရတဲ့ မ်က္ႏွာေလးၾကည့္ရင္း မင္မင္စိတ္ထဲ ေမးခြန္းေပါင္းမ်ားစြာ ကိုယ့္ဟာကို ေမးေနမိတယ္ –> ဘာလို႔ ရန္ကုန္မွာ ၁၅ ရက္အတြင္း ေဆးရံု ၃ ခါ၊ emergency ၁ ခါ၊ ေဆးရံု (၁)ရက္တက္ခဲ့တာ ဘာေၾကာင့္ ဘယ္လိုေၾကာင့္ ဆိုတာကို အေျဖမရွာခဲ့က်ဘူးလားဆိုၿပီး မခံခ်ိမခံသာ ေမးခြန္းထုတ္ေနမိခဲ့တယ္ )

အဲ့ဒါေၾကာင့္ ေရာဂါပိုးေမြးၿပီး ေဆးတိုးမတိုးဆိုတဲ့ အေရးႀကီးတဲ့ အခ်က္ (၁)ခ်က္က မင္မင္ရဲ႕ သမီးေလး ကိုယ္တိုင္ခံစားခဲ့ရၿပီး ေဆးရံုး ရက္ရွည္တက္ခဲ့ရၿပီး သိလာခဲ့တဲ့ အခ်က္ပါ။

တကယ္လို႔သာ bkk မွာ ပိုးမေမြးခဲ့ဘူး၊ ရန္ကုန္မွာလဲ ဒီလို combination ေဆးေတြပဲ ႀကိတ္မွိတ္ေသာက္ကုေနမယ္ဆိုရင္ ေသြးထဲေရာက္ေနတဲ့ ပိုးအေျခေနက မေတြးဝံ့စရာပါ။ ေစာေစာစီးစီးထဲက ပိုးက ေသာက္ေနတဲ့ ေဆးတိုးမတိုး စစ္ေဆးသိခဲ့မယ္ဆိုရင္ ဒီ အေျခေနထိ ျဖစ္မလာပါဘူး။ ေမေမတို႔အားလံုး သတိျပဳလို႔ရေအာင္ ဒီ Post ကေန မွ်ေဝေပးလိုက္ပါတယ္ေနာ္။

( Unicode )

မြန်မာနိုင်ငံမှာ ရှိနေတဲ့ မေမေတွေအားလုံး အရေးကြီးဆုံး သတိပြုရမည့် ကလေး ကျန်းမာရေးအတွက် အချက် တစ်ချက်

ကလေး ကျန်းမာရေးအတွက် မေမေတွေ သတိပြုရမဲ့ အရေးကြီးဆုံး အချက်လေး (၁)ချက် ဒီနေ့ မျှဝေပေးမယ်နော်။ မင်မင်ရဲ့ My Shop ဆိုင်လေးက ( 25.7.2019 ) ကနေ ( 4.8.2019 ) အထိ ဆိုင်ပိတ်ပြီး Bangkok မှာ မင်မင်ရဲ့ သမီးလေး ဆေးရုံတက်ပြီး အသက် အန္တရယ်ရှိသွားတဲ့ အဆင့်ထိ ခံစားခဲ့ရတာပါ။

ဘာကြောင့် ကလေးက ဒီလောက်အထိ ဖြစ်သွားရတာလဲ ? –> ဆိုတဲ့ အချက်ကို မင်မင် ရှာတွေ့ခဲ့ပါတယ်

ဒီနေရာမှာ မင်မင် အချက် (၂)ချက် ခွဲပြီး share ပေးမယ်နော်။ ပထမ အချက်က ရောဂါက ဘယ်ကနေ ဘယ်လို စဖြစ်တာလဲဆိုတာနဲ့၊ ဒုတိယ အချက်က ဘာကြောင့် ဒီလောက်အထိ ဖြစ်သွားရတာလဲဆိုတာ ရှင်းပြသွားပါမယ်နော်။

ပထမ အချက်အနေနဲ့ –> မင်မင်ရဲ့ သမီးလေး ( ရလပိုင်း ) ပထမ အပတ်မှာ နေမကောင်းစဖြစ်ခဲ့ပါတယ်။ ရန်ကုန်က နံမည်ကြီး ဆေးရုံမှာပြတော့ အဖြေက ရိုးရိုး နေမကောင်းဖြစ်တယ်ဆိုပြီး ( combination ) ပေးပါတယ်။ ဘာကြောင့်ဖျားတယ် ဆိုတာ မရှင်းပြခဲ့ပါဘူး😟။ အဖျားပျောက်ဆေးသောက်ပြီး (၃)ရက် အကြာ ဒုတိယ အပတ်မှာ ကလေးဝမ်းစလျှောပါတယ်။ ဆေးရုံထပ်သွားပြတော့ ဝမ်းပိတ်ဆေးပေးပါတယ် ( ဘာကြောင့် ဝမ်းလျှောတယ်ဆိုတာ အဖြေမရှာပါဘူး😣 )။ အဲ့ဒီညပဲ ကလေးသွေးဝမ်းသွားပါတယ်၊ Emergency ရောက်ပြီး ညတွင်းချင်း ဆေးရုံတက် ဝမ်းစစ်တော့ မသန့်ရှင်းတာ စားတယ်ဆိုပြီး မှတ်ချက်ပေးပါတယ်။ ပိုးသတ်ဆေးပေးမယ် ကလေးကတော့ သွေးဝမ်း ၂ ရက်လောက်တော့ ဆက်သွားအုံးမယ်ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။

( အဲ့ဒီမှာ မင်မင်ရဲ့ အမျိုးတွေက bangkok သွားပါလား သွားကုပါလားဆိုပြီး ပြောကျတယ်၊ မင်မင်က သွားဖို့ မလိုပါဘူး ဒီမှာလဲ နံမည်ကြီးဆေးရုံပဲ ဒီမှာကုမယ်ဆိုပြီ ပေတေနေခဲ့တယ် )။ ဆေးရုံ (၁)ရက် တက်ပြီး ကလေး သက်သာပြီ ဆေးရုံဆင်းလို့ရပြီလို့ပြောတော့ -> ငါ့တော့ အဆင်ပြေသွားပြီဆိုပြီး ထင်နေခဲ့တယ်။ မကြာပါဘူး ဆေးရုံဆင်းပြီးညကစပြီး အဖျားက တက်လိုက် ကျလိုက် ဖြစ်တော့တာပဲ။ အဖျားတက်ရင် အနည်းဆုံး 104, 105 ‘C ရှိတယ်။ ဆေးရုံဆင်းပြီး နောက် ၂ ရက်နေတဲ့ အထိကို အဖျားက မကျသေးတော့ ဆေးရုံ ထပ်သွားပြတော့ –> နံမည်ကြီး တုပ်ကွေး စဖြစ်ပြီ ( combination ) ဆိုပြီး ထပ်ပေးတယ်။ အဲ့ဒီမှာ မင်မင် ဆုံးဖြတ်ချက်ချပြီး ရရာ Air Ticket နဲ့ နောက်ရက် Bangkok သွားလိုက်တယ်။ ဘာလို့လဲ ဆိုတော့ နေမကောင်းဖြစ်တာ (၁၅) ရက်လောက်ရှိပြီ ကလေး ပါစပ်က အစ ပြာလာတယ်၊ အစာလဲ လုံးဝမစားတော့ဘူး။

ဒီလိုနဲ့ Bangkok ရောက်တာနဲ့ ဆေးရုံတန်းသွား၊ Bkk ဆရာဝန်က စစ်ဆေးပြီးတာနဲ့ ပြောတာက ဆေးရုံ ချက်ချင်းတက်ပါ ကလေးအခြေနေ လုံးဝ သဘောမကျဘူးဆိုပြီးပြောတယ်။ ဒီနေရာမှာ မင်မင် ဒုတိယ အချက်စပြီး မျှဝေပေးသွားမယ်နော်။ Bkk မှာ ကလေးကို ဆီးစစ်၊ ဝမ်းစစ်၊ သွေးစစ်ပါတယ်။ စစ်သမျှ ပိုးရှိတယ်ဆိုတဲ့ အဖြေထွက်ပါတယ်။ အဆိုးဆုံးက သွေးထဲ ပိုးဝင်သွားတာပဲ။ ဘာကြောင့် သွေးထဲ ပိုးဝင်သွားရလဲဆိုတော့ ကလေး နေမကောင်း ဝမ်းလျှောတာ အချိန်ကြာသွားလို့ ဖြေပါတယ် ( BKK က ဆရာဝန်ပြောတာနော် )။

နောက်ပြီး bkk ဆရာဝန်က ပြောလိုက်တဲ့ အချက်က ကလေး အခုသောက်နေတဲ့ ဆေးအားလုံးက ကလေးရဲ့ ရောဂါပိုးကို မတိုက်ထုတ်နိုင်ပါဘူးတဲ့။ သူတို့ ကလေးရဲ့ ရောဂါပိုးမွေးပြီး စစ်ပြီးသွားပါပြီတဲ့ ပိုးကို မတိုက်ထုတ်နိုင်ပါဘူးတဲ့။ ( ဘုရားရေ ၁၅ ရက်လုံးလုံး သောက်ခဲ့တဲ့ဆေးက သမီးလေးရဲ့ ရောဂါပိုး မတိုက်ထုတ်နိုင်ဘူးတဲ့)။ ရောဂါပိုး မွေးပြီး ဘယ်ဆေးနဲ့ တိုးမလဲဆိုတာ အဖြေရှာနေပါတယ်တဲ့၊ ကလေးမှာရှိတဲ့ ပိုးက ရိုးရိုးဆေးနဲ့ မတိုးတဲ့ ပိုး အမျိုးစားပါတဲ့။

( သမီးလေး နာကျင်ခံစားနေရတဲ့ မျက်နှာလေးကြည့်ရင်း မင်မင်စိတ်ထဲ မေးခွန်းပေါင်းများစွာ ကိုယ့်ဟာကို မေးနေမိတယ် –> ဘာလို့ ရန်ကုန်မှာ ၁၅ ရက်အတွင်း ဆေးရုံ ၃ ခါ၊ emergency ၁ ခါ၊ ဆေးရုံ (၁)ရက်တက်ခဲ့တာ ဘာကြောင့် ဘယ်လိုကြောင့် ဆိုတာကို အဖြေမရှာခဲ့ကျဘူးလားဆိုပြီး မခံချိမခံသာ မေးခွန်းထုတ်နေမိခဲ့တယ် )

အဲ့ဒါကြောင့် ရောဂါပိုးမွေးပြီး ဆေးတိုးမတိုးဆိုတဲ့ အရေးကြီးတဲ့ အချက် (၁)ချက်က မင်မင်ရဲ့ သမီးလေး ကိုယ်တိုင်ခံစားခဲ့ရပြီး ဆေးရုံး ရက်ရှည်တက်ခဲ့ရပြီး သိလာခဲ့တဲ့ အချက်ပါ။

တကယ်လို့သာ bkk မှာ ပိုးမမွေးခဲ့ဘူး၊ ရန်ကုန်မှာလဲ ဒီလို combination ဆေးတွေပဲ ကြိတ်မှိတ်သောက်ကုနေမယ်ဆိုရင် သွေးထဲရောက်နေတဲ့ ပိုးအခြေနေက မတွေးဝံ့စရာပါ။ စောစောစီးစီးထဲက ပိုးက သောက်နေတဲ့ ဆေးတိုးမတိုး စစ်ဆေးသိခဲ့မယ်ဆိုရင် ဒီ အခြေနေထိ ဖြစ်မလာပါဘူး။ မေမေတို့အားလုံး သတိပြုလို့ရအောင် ဒီ Post ကနေ မျှဝေပေးလိုက်ပါတယ်နော်။