အမိႈက္ေကာက္ရတဲ့ဘ၀ကေန ၾသဇီမွာပညာသင္ဆုရတဲ့အထိ ထူးခြ်န္ခဲ့တဲ့ ေကာင္မေလး

0
113

ကေမာၻဒီးယားႏိုင္ငံရဲ႕ နာမည္ႀကီးလွတဲ့ ဖႏြမ္းပင္အမႈိက္ပုံႀကီးမွာ အလုပ္လုပ္ရင္း ႀကီးျပင္းလာခဲ့တဲ့ ေကာင္မေလးတစ္ေယာက္ဟာ အခုလိုရင္ ပညာသင္ဆုအျပည့္နဲ႔ ၾသစေတးလ်ႏိုင္ငံ တကၠသိုလ္မွာ ဆက္လက္ပညာသင္ၾကားခြင့္ရေနၿပီ ျဖစ္ပါတယ္။

သူမနာမည္ကေတာ့ ဆိုဖီျဖစ္ပါတယ္။ ဆိုဖီဟာ Cambodian Chidren’s Fund (CCF)ရဲ႕ ေထာက္ပံ့မႈနဲ႔ မဲလ္ဘုန္းတကၠသိုလ္မွာ ဒီဂရီဘြဲ႕အတြက္ ပညာေတာ္သင္ဆု ရရွိခဲ့တာပါ။

ဆိုဖီဟာ CCF ရဲ႕ ေထာက္ပံ့မႈနဲ႔ အသက္(၁၁) ႏွစ္ကမွစၿပီး ပညာသင္ယူခြင့္ရခဲ့တာပါ။ အရင္တုန္းကေတာ့ ဆိုဖီဟာ အမႈိက္ပုံမွာ အလုပ္လုပ္ၿပီး မိဘေတြကို ရွာေႂကြးကာ အိမ္ကို ေထာက္ပံ့ရပါတယ္။ တစ္ပတ္ကို (၇) ရက္လုံးလုံး ဒူးေလာက္နစ္ေနတဲ့ ဖႏြမ္းပင္အမႈိက္ပုံႀကီးထဲမွာ ဆိုဖီက ျပန္ေရာင္းလို႔ရမယ့္ စြန႔္ပစ္ပစၥည္းအေဟာင္းအျမင္းေလးေတြကို ရွာၿပီး ဆိုင္မွာျပန္သြင္းကာ ပိုက္ဆံရွာရတာပါ။

အခုေတြ႕ျမင္ရတဲ့ ဆိုဖီရဲ႕ ဓာတ္ပုံေတြကေတာ့ ဆိုဖီရဲ႕ေကာလိပ္ေက်ာင္းဆင္းတုန္းက ဓာတ္ပုံေတြပဲ ျဖစ္ပါတယ္။ အမႈိက္ပုံထဲမွာ က်င္လည္ေနတဲ့ဘဝကေန အခုလို အထက္တန္းေက်ာင္းေကာလိပ္ေအာင္ၿပီး တကၠသိုလ္တက္ဖို႔ အဆင္သင့္ျဖစ္ေနတဲ့ ဆိုဖီရဲ႕ဘဝေလးကေတာ့ အားက်ဖြယ္ပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ ေက်ာင္းကလည္း သူမရဲ႕ ေအာင္ျမင္မႈကို ဂုဏ္ျပဳတဲ့အေနနဲ႔ ေက်ာင္းဆင္းပြဲမွာ အပိတ္စကားေျပာဖို႔ေတာင္ ေတာင္းဆိုခဲ့ပါတယ္။

ေက်ာင္းဆင္းပြဲၿပီးတဲ့ေနာက္မွာေတာ့ ဆိုဖီက သူမဟာ အရမ္းစိတ္လႈပ္ရွားေနခဲ့တယ္လို႔ ဆိုပါတယ္။ CCF အဖြဲ႕အစည္း ဟာ ပညာသင္ၾကားခ်င္ေပမယ့္ အိမ္လည္း အဆင္မေျပ၊ ေငြေၾကးလည္းမတတ္ႏိုင္တဲ့ ကေလးေတြကို ကူညီေက်ာင္းထားေပးေနတာ ျဖစ္ပါတယ္။

ကေလးက စာေတာ္ရင္ေတာ္သလို ႏိုင္ငံျခားအဖြဲ႕အစည္းေတြနဲ႔ ခ်ိတ္ဆက္ၿပီး ပညာေတာ္သင္ဆုေတြကိုလည္း ေလွ်ာက္ထားရယူေပးေနတာ ျဖစ္ပါတယ္။ အရင္တုန္းက အမႈိက္ပုံမွာ ညစ္ညစ္ပတ္ပတ္ေနရၿပီး စားေသာက္စရာမရွိေအာင္ ဆင္းရဲလွတဲ့ ေကာင္မေလးဟာ အခုဆိုရင္ေတာ့ ႏိုင္ငံျခားမွာ ဒီဂရီဘြဲ႕ရယူဖို႔ ႀကိဳးစားေနတဲ့ ေလးစားအားက်ဖြယ္ အမ်ိဳးသမီးေလး ျဖစ္လို႔ေနခဲ့ပါၿပီ။

Unicode

ကမ္ဘောဒီးယားနိုင်ငံရဲ့ နာမည်ကြီးလှတဲ့ ဖနွမ်းပင်အမှိုက်ပုံကြီးမှာ အလုပ်လုပ်ရင်း ကြီးပြင်းလာခဲ့တဲ့ ကောင်မလေးတစ်ယောက်ဟာ အခုလိုရင် ပညာသင်ဆုအပြည့်နဲ့ သြစတေးလျနိုင်ငံ တက္ကသိုလ်မှာ ဆက်လက်ပညာသင်ကြားခွင့်ရနေပြီ ဖြစ်ပါတယ်။

သူမနာမည်ကတော့ ဆိုဖီဖြစ်ပါတယ်။ ဆိုဖီဟာ Cambodian Chidren’s Fund (CCF)ရဲ့ ထောက်ပံ့မှုနဲ့ မဲလ်ဘုန်းတက္ကသိုလ်မှာ ဒီဂရီဘွဲ့အတွက် ပညာတော်သင်ဆု ရရှိခဲ့တာပါ။

ဆိုဖီဟာ CCF ရဲ့ ထောက်ပံ့မှုနဲ့ အသက်(၁၁) နှစ်ကမှစပြီး ပညာသင်ယူခွင့်ရခဲ့တာပါ။ အရင်တုန်းကတော့ ဆိုဖီဟာ အမှိုက်ပုံမှာ အလုပ်လုပ်ပြီး မိဘတွေကို ရှာကြွေးကာ အိမ်ကို ထောက်ပံ့ရပါတယ်။ တစ်ပတ်ကို (၇) ရက်လုံးလုံး ဒူးလောက်နစ်နေတဲ့ ဖနွမ်းပင်အမှိုက်ပုံကြီးထဲမှာ ဆိုဖီက ပြန်ရောင်းလို့ရမယ့် စွန့်ပစ်ပစ္စည်းအဟောင်းအမြင်းလေးတွေကို ရှာပြီး ဆိုင်မှာပြန်သွင်းကာ ပိုက်ဆံရှာရတာပါ။

အခုတွေ့မြင်ရတဲ့ ဆိုဖီရဲ့ ဓာတ်ပုံတွေကတော့ ဆိုဖီရဲ့ကောလိပ်ကျောင်းဆင်းတုန်းက ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ အမှိုက်ပုံထဲမှာ ကျင်လည်နေတဲ့ဘဝကနေ အခုလို အထက်တန်းကျောင်းကောလိပ်အောင်ပြီး တက္ကသိုလ်တက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ဆိုဖီရဲ့ဘဝလေးကတော့ အားကျဖွယ်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျောင်းကလည်း သူမရဲ့ အောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ကျောင်းဆင်းပွဲမှာ အပိတ်စကားပြောဖို့တောင် တောင်းဆိုခဲ့ပါတယ်။

ကျောင်းဆင်းပွဲပြီးတဲ့နောက်မှာတော့ ဆိုဖီက သူမဟာ အရမ်းစိတ်လှုပ်ရှားနေခဲ့တယ်လို့ ဆိုပါတယ်။ CCF အဖွဲ့အစည်း ဟာ ပညာသင်ကြားချင်ပေမယ့် အိမ်လည်း အဆင်မပြေ၊ ငွေကြေးလည်းမတတ်နိုင်တဲ့ ကလေးတွေကို ကူညီကျောင်းထားပေးနေတာ ဖြစ်ပါတယ်။

ကလေးက စာတော်ရင်တော်သလို နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ပညာတော်သင်ဆုတွေကိုလည်း လျှောက်ထားရယူပေးနေတာ ဖြစ်ပါတယ်။ အရင်တုန်းက အမှိုက်ပုံမှာ ညစ်ညစ်ပတ်ပတ်နေရပြီး စားသောက်စရာမရှိအောင် ဆင်းရဲလှတဲ့ ကောင်မလေးဟာ အခုဆိုရင်တော့ နိုင်ငံခြားမှာ ဒီဂရီဘွဲ့ရယူဖို့ ကြိုးစားနေတဲ့ လေးစားအားကျဖွယ် အမျိုးသမီးလေး ဖြစ်လို့နေခဲ့ပါပြီ။