ျမျမေနရာက သရုပ္ေဆာင္မယ့္ မင္းသမီးအေၾကာင္း ေျပာျပလိုက္တဲ့ ညိဳမင္းလြင္

0
162

မတရား အႏိုင္က်င့္ခံရၿပီး အေလာင္းေဖ်ာက္ခံလိုက္ရတဲ့ စက္႐ုံဝန္ထမ္း ျမျမ အေၾကာင္းကို ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္သြားၾကေပမဲ့ ျပန္လည္လႈံ႕ေဆာ္တဲ့ အေနနဲ႔ ဇာတ္ကား ႐ိုက္မယ့္သူက ဒါ႐ိုက္တာ ညိဳမင္းလြင္ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္သစ္ေတြကို ေ႐ြးခ်ယ္ၿပီး ႐ိုက္ကူးတဲ့ ဇာတ္ကားျဖစ္တဲ့အတြက္ ပုံစံေဟာင္းကေန ခြဲထြက္ၿပီး သ႐ုပ္ေဆာင္သြားမယ့္ပုံေပၚပါတယ္။ ျမျမေနရာက သ႐ုပ္ေဆာင္မယ့္ မင္းသမီး ေ႐ြးခ်ယ္မႈနဲ႔ ပတ္သက္လို႔ ဒါ႐ိုက္တာ ညိဳမင္းလြင္က ခုလို ေျပာသြားပါတယ္။

“အခုလက္ရွိ ေလွ်ာက္ထားသူေပါင္း ရာေက်ာ္ ေနပါၿပီ။ ျမျမဘယ္သူလဲ ဆိုတာကို ကြၽန္ေတာ္တို႔ မၾကာခင္ ေျပာပါ့မယ္။ ျမျမက ကြၽန္ေတာ္နဲ႔ ႐ိုက္ဖူးတဲ့ သ႐ုပ္ေဆာင္ မင္းသမီး တစ္လက္ပါ။ သူနဲ႔ ကြၽန္ေတာ္ လက္တြဲၿပီး ဇာတ္ကားေတြ အမ်ားႀကီး ႐ိုက္ခဲ့ဖူးပါတယ္။ ျမျမကို စိတ္ဝင္စားတဲ့ ပရိသတ္ေတြ အတြက္ ထိုက္တန္တဲ့ ဇာတ္ကားတစ္ခု ျဖစ္မယ္လို႔ ယုံၾကည္ပါတယ္။” လို႔ ဆိုပါတယ္။

သ႐ုပ္ေဆာင္သစ္ေတြကို အခြင့္အေရးေပးျဖစ္ပုံကိုလည္း ညိဳမင္းလြင္က ခုလို ေျပာသြားပါတယ္။

“အဲ့ဇာတ္လမ္းကို စဥ္းစားမိၿပီး ေခါင္းထဲ ေရာက္တည္းက သူ႔ကိုပဲ ျမင္တယ္။ သူက ျမျမပဲ။ စက္တင္ဘာ ပထမပိုင္းမွာ မုဒိမ္းသမားဇာတ္ေကာင္အတြက္ audition လုပ္ပါမယ္။ ကြၽန္ေတာ္က ႐ုပ္ရွင္ေလာကထဲက လူကို မေ႐ြးတာက ဆင္ဆာကို ေမ့ထားၿပီး ႐ိုက္ခ်င္လို႔။ ႐ုပ္ရွင္ေလာကထဲက လူက်ေတာ့ ဒါက ရပါ့မလားတို႔ ၊ဆင္ဆာလြတ္ပါ့မလားဆိုၿပီး ေမးခြန္းေတြ ထုတ္တယ္။ ကြၽန္ေတာ္က ေမ့ၿပီး ႐ိုက္ေစခ်င္တာ။ အေဟာင္းေတြက်ေတာ့ မင္းခြၽတ္ကြာဆိုရင္ ခြၽတ္တာက ျဖစ္ပါ့မလားလို႔ ေျပာေနမွာဆိုေတာ့ အသစ္တစ္ေယာက္ကို အခြင့္အေရး ေပးလိုက္တာ ပိုေကာင္းပါတယ္။” ဆိုၿပီး ေျပာျပသြားပါတယ္။

ျမျမ ႐ုပ္ရွင္ကေတာ့ တကယ္ရွိတယ္ မရွိဘူး ျငင္းခုံေနတဲ့ ပရိသတ္ ႏွစ္မ်ိဳးစလုံးအတြက္ ထိုက္တန္တဲ့ ဇာတ္ကား ျဖစ္မွာပါဆိုၿပီး ညိဳမင္းလြင္က ေျပာၾကားသြားခဲ့ပါတယ္။

Unicode

မတရား အနိုင်ကျင့်ခံရပြီး အလောင်းဖျောက်ခံလိုက်ရတဲ့ စက်ရုံဝန်ထမ်း မြမြ အကြောင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြပေမဲ့ ပြန်လည်လှုံ့ဆော်တဲ့ အနေနဲ့ ဇာတ်ကား ရိုက်မယ့်သူက ဒါရိုက်တာ ညိုမင်းလွင် ဖြစ်ပါတယ်။ သရုပ်ဆောင်သစ်တွေကို ရွေးချယ်ပြီး ရိုက်ကူးတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ပုံစံဟောင်းကနေ ခွဲထွက်ပြီး သရုပ်ဆောင်သွားမယ့်ပုံပေါ်ပါတယ်။ မြမြနေရာက သရုပ်ဆောင်မယ့် မင်းသမီး ရွေးချယ်မှုနဲ့ ပတ်သက်လို့ ဒါရိုက်တာ ညိုမင်းလွင်က ခုလို ပြောသွားပါတယ်။

“အခုလက်ရှိ လျှောက်ထားသူပေါင်း ရာကျော် နေပါပြီ။ မြမြဘယ်သူလဲ ဆိုတာကို ကျွန်တော်တို့ မကြာခင် ပြောပါ့မယ်။ မြမြက ကျွန်တော်နဲ့ ရိုက်ဖူးတဲ့ သရုပ်ဆောင် မင်းသမီး တစ်လက်ပါ။ သူနဲ့ ကျွန်တော် လက်တွဲပြီး ဇာတ်ကားတွေ အများကြီး ရိုက်ခဲ့ဖူးပါတယ်။ မြမြကို စိတ်ဝင်စားတဲ့ ပရိသတ်တွေ အတွက် ထိုက်တန်တဲ့ ဇာတ်ကားတစ်ခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်။” လို့ ဆိုပါတယ်။

သရုပ်ဆောင်သစ်တွေကို အခွင့်အရေးပေးဖြစ်ပုံကိုလည်း ညိုမင်းလွင်က ခုလို ပြောသွားပါတယ်။

“အဲ့ဇာတ်လမ်းကို စဉ်းစားမိပြီး ခေါင်းထဲ ရောက်တည်းက သူ့ကိုပဲ မြင်တယ်။ သူက မြမြပဲ။ စက်တင်ဘာ ပထမပိုင်းမှာ မုဒိမ်းသမားဇာတ်ကောင်အတွက် audition လုပ်ပါမယ်။ ကျွန်တော်က ရုပ်ရှင်လောကထဲက လူကို မရွေးတာက ဆင်ဆာကို မေ့ထားပြီး ရိုက်ချင်လို့။ ရုပ်ရှင်လောကထဲက လူကျတော့ ဒါက ရပါ့မလားတို့ ၊ဆင်ဆာလွတ်ပါ့မလားဆိုပြီး မေးခွန်းတွေ ထုတ်တယ်။ ကျွန်တော်က မေ့ပြီး ရိုက်စေချင်တာ။ အဟောင်းတွေကျတော့ မင်းချွတ်ကွာဆိုရင် ချွတ်တာက ဖြစ်ပါ့မလားလို့ ပြောနေမှာဆိုတော့ အသစ်တစ်ယောက်ကို အခွင့်အရေး ပေးလိုက်တာ ပိုကောင်းပါတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

မြမြ ရုပ်ရှင်ကတော့ တကယ်ရှိတယ် မရှိဘူး ငြင်းခုံနေတဲ့ ပရိသတ် နှစ်မျိုးစလုံးအတွက် ထိုက်တန်တဲ့ ဇာတ်ကား ဖြစ်မှာပါဆိုပြီး ညိုမင်းလွင်က ပြောကြားသွားခဲ့ပါတယ်။