“ဇာတ်ဝင်ခန်းမှာ အဝတ်ချွတ်ဖို့ လိုတယ်ဆိုရင် ချွတ်ရမှာပဲ”လို့ ဒဲ့ ပြောလာတဲ့ ဒါရိုက်တာညိုမင်းလွင်

0
156










Video ကြည့်ရန်

"ဇာတ်ဝင်ခန်းမှာ အဝတ်ချွတ်ဖို့ လိုတယ်ဆိုရင် ချွတ်ရမှာပဲ"လို့ ဒါရိုက်တာ ညိုမင်းလွင် ပြော

"ဇာတ်ဝင်ခန်းမှာ အဝတ်ချွတ်ဖို့ လိုတယ်ဆိုရင် ချွတ်ရမှာပဲ"လို့ ဒါရိုက်တာ ညိုမင်းလွင် ပြော (ရုပ်/သံ)ဧရာဝတီ၊ သြဂုတ်လ ၈ ၊ ၂၀၁၉ "အမှန်တိုင်း ပြောရင် ကျနော် ဒါက တဏှာရူးနေတာမှ မဟုတ်ဘူးလေ။ အလုပ်လုပ်ကြတာပဲ။ အလုပ်အရ ဒီ ဇာတ်ဝင်ခန်းမှာ အဝတ် ချွတ်ဖို့လိုတယ်ဆိုရင် ချွတ်ရမှာပဲလေ။ ရိုက်ကူးရေးစလုပ်ကတည်းက Spa အခန်းထဲမှာ မီးထိုးစရာ ရှိတဲ့လူက မီးထိုးပြီး အပြင်ထွက်၊ ဒီအခန်းထဲမှာ ဒါရိုက်တာရယ်၊ DOP ရယ် နှစ်ယောက်ပဲ ရှိရမယ်ဆိုတဲ့ သဘောတူညီမှုနဲ့ ရိုက်ကြတာ။ နေရာတကာတော့ ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့ ထောက်လို့ မရဘူး" လို့ 'Spa' ရုပ်ရှင်မှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။ရိုက်ကူး/တည်းဖြတ် – သက်ပိုင်စိုး

Posted by The Irrawaddy Lifestyle on Wednesday, 7 August 2019

Unicode Version ဖြင့်ဖတ်ရန်

ဒါရိုက်တာညိုမင်းလွင်ကတော့ အတည့်အတိုင်းပြောတဲ့နေရာမှာ နာမည်ကြီးလှတဲ့ နာမည်ကြီးဒါရိုက်တာတစ်ဦးပါ။

အခုလည်း SPA ဇာတ်ကားမှာသရုပ်ဆောင်ရွေးချယ်မှုအပိုင်းအတွက် ပြောဆိုရာမှာ

“ဇာတ်ဝင်ခန်းမှာ အဝတ်ချွတ်ဖို့ လိုတယ်ဆိုရင် ချွတ်ရမှာပဲ”လို့ ဒဲ့ ပြောလာခဲ့တာပဲဖြစ်ပါတယ်။

ဆက်လက်ပြီး ဒါရိုက်တာညိုမင်းလွင်က

ဇာတ်ဝင်ခန်းရီုက်တဲ့အခါCrew များက မီးထိုးခဲ့ပီးတော့ Dob နဲ့ ဒါရိုက်တာနှစ်ယောက်ပဲ ရှိနေတာဖြစ်ကြောင်း၊

အားလုံးစိတ်ချရကြောင်းပြောကြားခဲ့ပါတယ်။

ယဉ်ကျေးမှုအရ ဝေဖန်တာတွေကိုလည်းလက်ခံကြောင်း SPA ဇာတ်ကားမှာ သရုပ်ဆောင်သူများဟာ မြန်မာလူမျိုးအနေနဲ့

သရုပ်ဆောင်ထားတာမဟုတ်တာကြောင့် မြန်မာ့ယဉ်ကျေးမှုဆိုတာကြီးနဲ့တိုင်းတာလို့မရကြောင်းလည်း ဆက်လက်ပြောကြားခဲ့ပါတယ်။

အင်တာဗျူးအပြည့်အစုံကိုတော့ အောက်ပါ Videoo ဖိုင်မှာနားထောင်နိုင်ပါတယ်နော်။ magic (Shwe Yaung Lan)/ Irrawaddy Lifestyle