သူမရဲ့ပရဟိတဂေဟာလေးမှာ အလုပ်လုပ်နေတဲ့ သူနာပြုတွေကို ရွှေမိုးငွေမိုး ရွာပေးခဲ့တဲ့ ခိုင်နှင်းဝေ

0
174





( Unicode )

အပြုံးချိုချိုလေးနဲ့ ပရိသတ်တွေရဲ့ရင်ကို အေးစေသူလေး ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကို ကိုယ်ကျိုးမကြည့်ပဲ လုပ်ဆောင်တတ်သူတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေ ပိုပိုပြီး အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်

လတ်တလောမှာတော့ ခိုင်နှင်းဝေက သူမရဲ့သားသမီးတွေအတွက် ငှားထားတဲ့ ပရဟိတဂေဟာလေးမှာ အလုပ်လုပ်နေတဲ့ Nurse တွေကို ရွှေမိုးငွေမိုး ရွာပေးခဲ့တဲ့ Live ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ခိုင်နှင်းဝေရဲ့ကုသိုလ်အလှူလေးက သေးသေးလေးပေမယ့် Nurse လေးတွေကတော့ ပျော်ရွှင်ကြည်နူးမှုတွေ အများကြီးရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ “ရွှေမိုးငွေမိုးရွာသွန်းဖြိုး ” ဆိုပြီး သူမရဲ့ပျော်စရာအလှူလေးအကြောင်း ဝေမျှပေးထားတာပါ။မွန်မြတ်တဲ့ မေတ္တာတရားတွေ ပြည့်နှက်နေတဲ့ ခိုင်နှင်းဝေကတော့ ပရဟိတလုပ်ငန်းတွေအတွက် “ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်း”ကို တည်ထောင်ထားပြီး သူမတတ်နိုင်တဲ့ ပရဟိတအလုပ်တွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေကတော့ အခုဆိုရင် မိဘမဲ့ကလေးတွေကို မိခင်အမည်ခံပြီး မွေးစားထားတာ ကလေးတွေအများကြီးရဲ့ မိခင်ဖြစ်လို့နေပါပြီ။ချစ်ပရိသတ်တွေလည်း ချစ်စရါစိတ်ဓါတ်ပိုင်ရှင်လေး ခိုင်နှင်းဝေရဲ့ကုသိုလ်ကို သာဓုခေါ်သွားကြပါဦးနော်။