မော်လမြိုင် ရေဘေးခံစားနေရတဲ့ ပရိသတ်တွေအတွက် စိုးရိမ်ကာ ဆုတောင်းစကားပြောလိုက်တဲ့ အဆိုတော် ပိုပို
0
254
( Unicode )
အဆိုတော်ပိုပိုလို့ ပရိသတ်တွေလက်ခံလာခဲ့တဲ့ သီချင်းကတော့ ” ချစ်ဖူးခဲ့သမျှ”သီချင်းMTVလေး ဖြစ်ပြီး မြင့်မြတ်နဲ့တွဲဖက်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ထပ်မံပြီး ပရိသတ်တွေပါးစပ်ဖျားမှာ ကလေးတွေကအစ နှစ်သက်သဘောကျတဲ့ “ဘာမှမလိုဘူး” သီချင်းMTV လေးလို့ဆိုရမှာပါ။နိုင်ငံကကျော်သရုပ်ဆောင်မင်းသားကျော်ကျော်ဗိုလ်နဲ့ တွဲဖက်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ယခုချိန်မှာတော့ ပိုပိုဟာ အများကအားကျရတဲ့ သိန်း(၅)ထောင်တန်ကိုယ်ပိုင်အိမ်လှလှလေးကို ပိုင်ဆိုင်ထားပြီး ကိုယ်ပိုင်စတူဒီယိုလေးကိုလည်း ပိုင်ဆိုင်ထားတာပြီပဲ ဖြစ်ပါတယ်။
အဆိုတော်သရုပ်ဆောင်ပိုပို ဟာ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်ပြီး အလှူအတန်း မကြာခဏပြုလုပ်တတ်သူလေးလည်းဖြစ်ပြီး ပိုပိုဟာ မိဘတွေမရှိတော့ဘဲ ကိုယ်တိုင်တစ်ဦးတည်း ရပ်တည်လာနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူမဘဝအကြောင်းကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောပြထား သူလေးလည်း ဖြစ်တဲ့အပြင် သူမသီချင်းတော်တော်များများကို ကလေးလူကြီးမရွေးနှစ်သက်သဘောကျကြတာကြောင့် ပရိသတ်အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်။သူမရဲ့We Love တွေနဲ့လည်း အလှူအတန်းတွေအပြင် သီလရှင်လည်းအတူတူဝတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မော်လမြိုင် ရေကြီးနေမှုနဲ့ပတ်သက်ပြီး သူမရဲ့မော်လမြိုင်က ပရိသတ်တွေအတွက်စိုးရိမ်နေတာပဲ ဖြစ်ပါတယ်။” မော်လမြိုင် က ပရိတ်သတ်တွေ အဆင်ပြကြရဲ့လား ရှင်။ စိတ်မကောင်းဘူး အားလုံး အန္တရာယ်ကင်းကြပါစေ။ ရေမြန်မြန်ကျကြပါစေ။စိတ်ပူတယ်။ ” ဆိုပြီးမော်လမြိုင်ကပရိသတ်တွေအတွက် စိုးရိမ်ကာ ဆုတောင်းစကားပြောကြတာပဲ ဖြစ်ပါတယ်။