
0
133





CRD : CeleGabar

For Unicode

မွန်ပြည်နယ် ရေကြီးမှုတွေအတွက် ကယ်ဆယ်ရေးကို ကိုယ်တိုင်ပါဝင် လုပ်ဆောင်ချင်တယ်လို့ ဆိုလာတဲ့ ခင်သဇင်

ခင်သဇင်ကတော့ မော်ဒယ်လ်သရုပ်ဆောင် တစ်ဦးဖြစ်ပြီး ချစ်စရာကောင်တဲ့ အပြုံးပိုင်ရှင်လေးတစ်ဦးပဲ ဖြစ်ပါတယ် ။ ဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေ စတင် သတိထားမိလာပြီး ခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေ ကြော်ငြာတွေအပြင် အနုပညာပွဲတွေ ဆက်တိုက် တက်ရောက်နေသူလေးလည်း ဖြစ်ပါတယ် ။ အနုပညာ အလုပ်တွေအပြင် ပညာရေးဘက်ကိုလည်း လေ့လာ သင်ယူနေဆဲ ဖြစ်ပြီး အဘက်ဘက်က ထူးချွန်တဲ့ မော်ဒယ်လ် မင်းသမီးတစ်လက်ဆိုလည်း မမှားပါဘူးနော် ။

အားပေးနေတဲ့ ပရိသတ်ကို အနုပညာ အလုပ်တွေလုပ်ပြီး ကြိုးစားနေတဲ့အပြင် ကိုယ်တတ်မြောက်ထားတဲ့ ပညာတွေနဲ့ ပြည်သူတွေကို အကျိုးပြုစေမယ့် အလုပ်တွေကို လုပ်ဆောင်ချင်တဲ့ မော်ဒယ်လ်မင်းသမီးတစ်လက်လို့ ဆိုရမှာပါ ။ ရရင်ရသလို ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင်တတ်တဲ့ သူမကတော့ နိုင်ငံကျော် ပြည်သူ့အချစ်တော် ဟာသသရုပ်ဆောင် ကစ်ကစ်အတွက် ရောဂါ စဖြစ်ချိန်ကတည်းက ထောက်ပံ့မှုတွေကို လုပ်ဆောင်ပေးခဲ့တဲ့ သူတစ်ယောက်ဆိုတာ ပရိသတ်တွေ သိရှိပြီးသား ဖြစ်မှာပါနော် ။ အစစအရာရာ ကူညီထောက်ပံ့ပေးမှုတွေကြောင့် ပရိသတ်တွေကလည်း ဝမ်းသာကျေးဇူးတင်နေကြတာပဲ ဖြစ်ပါတယ် ။

ပရဟိတ အလုပ်တွေကို စိတ်ဝင်တစား လုပ်ကိုင်တတ်တဲ့ ခင်သဇင်ကတော့ လက်ရှိမှာ ဖြစ်ပျက်လျက်ရှိတဲ့ မွန်ပြည်နယ်မှာ ရေကြီးမှုနဲ့ ပတ်သက်ပြီး သူမကိုယ်တိုင် ပါဝင်ကာ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ချင်ကြောင်းကို ” မွန်ပြည်နယ် ကယ်ဆယ်ရေး နောက်ဆုံး အခြေအနေလေး လင်းပါ ။ ကယ်ဆယ်ရေးသွားလည်း သွားချင်ပါတယ် ။ သွားမယ့်သူတွေ ကယ်မယ့်သူတွေရှိရင် ဆက်သွယ်ပေးပါ ။” ဆိုပြီး သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ သူမကို ဆက်သွယ်ပေးဖို့ ဖော်ပြထားတာပဲ ဖြစ်ပါတယ် ။ ပရိသတ်ကြီးလည်း ခင်သဇင်ရဲ့ ချစ်စရာကောင်းပြီး မွန်မြတ်လှတဲ့ ညစိတ်ထားလေးကို ချစ်ရင် မှတ်ချက်တစ်ခုခု ပေးခဲ့ပါဦးနော် ။

CRD : CeleGabar