ရိုးရိုးဖ်ားတယ္ အထင္နဲ႔ ေပါ့ဆမိရာကေန ၁၁ လအရြယ္ သားေလး ရဲ႕အျဖစ္

0
367

ရိုးရိုးဖ်ားတယ္ အထင္နဲ႔ ေပါ့ဆမိရာကေန ၁၁ လအရြယ္ သားေလး ရဲ႕အျဖစ္

ရိုးရိုးဖ်ားတယ္ အထင္နဲ႔ ေပါ့ဆမိရာကေန ၁၁ လအရြယ္ သားေလး ေျခေတြလက္ေတြ ျဖတ္ျပစ္ခဲ့ရ

Abigail Wardle အမည္ရွိသူ အသက္ ၂၃ ႏွစ္အရြယ္မိခင္ဟာ ဒီလိုျဖစ္ရပ္မ်ိဳးေတြ မၾကံဳရေလေအာင္ အမ်ားကို မွ်ေဝေပးခဲ့တာ ျဖစ္ပါတယ္။ ေရာဂါခံစားခဲ့ရသူ သားငယ္ေလးကေတာ့ Oliver လို႔ေခၚပါတယ္။ အမ်ားသိထားတဲ့အတုိင္း ေရာဂါကူးစက္မွဳေတြဟာ ခ်က္ခ်င္းလကၡဏာျပေလ့မရွိဘဲ ေရာဂါရင့္ျပီး ဆုိးရြားလွတဲ့ အေျခအေနမွသာ ျပေလ့ရွိပါတယ္။ ဒီေရာဂါကူးစက္မွဳေတြဟာ UK မွာဆိုလူေပါင္း ၂၅၀၀၀၀ (ႏွစ္သိန္းငါးေသာင္း) ခံစားေနရျပီး တစ္ႏွစ္ကို လူေပါင္း ၄၄၀၀၀ ဦးေရကို သတ္ေနတာ ျဖစ္ပါတယ္။

အခ်ိဳ႕ေသာကူးစက္မွဳေတြဟာ ကုသလို႔မရႏိုင္ေလာက္ေအာင္ လူကိုေသေစႏိုင္ပါတယ္။ အထူးသျဖင့္တုပ္ေကြး လိုေရာဂါမ်ိဳးဟာ သာမန္ဖ်ားတယ္လို႔ ထင္ရေပမယ့္ အသက္ကိုပါ ႏုတ္ယူႏိုင္တဲ့ အထိျဖစ္ေစပါတယ္။ သင့္မွာ ေရာဂါးကူးစက္မွဳ တစ္ခုခုရွိေနျပီဆိုရင္ ခႏၶာကိုယ္ကိုက္ခဲျပီး အိပ္ယာထရတာ ခက္ခဲျခင္း၊ အသားအေရေတြေအးစက္ျပီး ခ်မ္းတယ္လုိ႔ ခံစားရျခင္း၊ အသားအေရ အေရာင္ေဖ်ာ့ေတာ့ျခင္း ျပာျခင္းမ်ား ျဖစ္ေပၚျခင္း၊ အသက္ရွဴျမန္ျခင္း၊ အဆိုးဆံုးကေတာ့ အေၾကာဆြဲျခင္းေတြျဖစ္ေပၚေစတယ္လုိ႔ သိရပါတယ္။

Abigail အေနနဲ႔ သားငယ္ေလးဟာ အရမ္းငုိလုိ႔ဆိုျပီး သာမာန္အဖ်ားအထင္နဲ႔ အဖ်ားေပ်ာက္ေဆးေတြကိုသာ တုိက္ခဲ့တယ္လို႔ဆိုပါတယ္။ ဒီအေတာအတြင္း သားငယ္ေလးရဲ႕အသားအေရေတြဟာ ကြက္ၾကားကြက္ၾကားျဖဴျခင္း၊ ျပာျခင္းမ်ား ျဖစ္ေနတယ္လုိ႔ ဆုိပါတယ္။ တစ္ညေတာ့ သူမက သားေလးကို ေပြ႔ဖက္ရင္းေနရာေရြ႕ေပးရာ အရုိးကိုက္ေနသည့္ပံုစံျဖင့္ ငိုေနခဲ့တယ္လုိ႔ဆိုပါတယ္။

သားငယ္ေလးကို ရင္ခြင္ထဲ ထည့္လုိက္ရာ မငိုေတာ့ဘဲ ညည္းသံသဲ့သဲ့ေလးသာ ၾကားရတာပါ။ တကယ္ေတာ့ သားေလးဟာ ငိုဖို႔စြမ္းအားကို မရွိရွာေတာ့တာပါ။

ထုိ႔ေနာက္ ေဆးခန္းျပရာ ကေလးကို ေမ့ေဆးေပးျပီး စစ္ေဆးမွဳမ်ားျပဳလုပ္ျပီးေနာက္ ကေလးဟာ ေရာဂါကူးစက္ခံထားရမွန္း သိရတယ္လုိ႔ ေနာင္တရစြာ ေျပာသြားခဲ့ပါတယ္။ ကူးစက္မွဳေတြဟာ ကေလးလူၾကီးမေရြးျဖစ္ႏိုင္ပါတယ္။ ထုိ႔ေနာက္ ခြဲစိတ္ကုသဖို႔ စီစဥ္တဲ့ ၾကားကာလထဲွာ ကေလးနာက်င္မွဳသက္သာေစရန္ ေဆးတုိက္ေဆးထုိးမွဳေတြ ျပဳလုပ္ခဲ့ရပါေသးတယ္။ မိခင္တစ္ေယာက္ရဲ႕ ေပါ့ဆမွဳကို ရဲရင့္စြာ ခ်ျပျပီး အျခားမိဘမ်ားလည္း ကေလးဖ်ားနာလာရင္ မေပါ့ဆဖို႔ ေျပာသြားခဲ့ပါတယ္။

ၾကားကာလမွာ ကေလးရဲ႕ကူးစက္မွဳဟာ အေတာ္ေလး သိသာလာခဲ့ျပီး ေျခေတြလက္ေတြမွာ ခရမ္းပုပ္ေရာင္ျဖစ္လာခဲ့ပါတယ္။ ဒါ့ေၾကာင့္ ခႏၶာကိုယ္ေပၚ ဆက္ျပီး မကူးစက္လာေအာင္ အလ်င္အျမန္ ျဖတ္ေတာက္ပစ္ခဲ့ရတာပါ။ ကေလးရဲ႕မိခင္အေနနဲ႔လည္း လူတိုင္းကေတာ့ သနားခ်င္သနားေနမွာပါ။ သို႔ေပမယ့္ သားေလး အသက္ရွင္ေနတာကိုပဲ သူမနဲ႔ ခင္ပြန္းျဖစ္သူဟာ ဝမ္းသာေနပါျပီလို႔ ဆိုပါတယ္။

Oliver ေလးရဲ႕ေရွ႕ေရးမွာ စိတ္ဓါတ္ခိုင္မာေအာင္၊ လူ႔ေလာကကို ဘယ္လုိျဖတ္သန္းရမယ္ဆိုတာ၊ ကိုယ့္အားကိုယ္ကိုးတတ္ေအာင္ သင္ၾကားျပဆံုးမေပးဖို႔ တာဝန္ပိုၾကီးသြားျပီျဖစ္ျပီး သားငယ္ေလးအတြက္ ေထာက္ပံ့မွဳေတြ အမ်ားၾကီးပိုေပးသြားမယ္လို႔ ဆိုသြားခဲ့ပါတယ္။ မိဘတိုင္း အဖ်ားေသးေသးေလးကအစ မေပါ့ဆဖို႔ အမွာပါးခဲ့ေသးတယ္။

AlinnMyay ပရိတ္သတ္ၾကီးလည္း ဒီလိုျဖစ္ရပ္ဆိုးေတြမၾကံဳရေလေအာင္ ကေလးျဖစ္ျဖစ္ လူၾကီးၾကီးျဖစ္ျဖစ္ ေရာဂါကူးစက္မွဳေတြ မခံရေအာင္ သတိနဲ႔သြား သတိနဲ႔စားကာ မေပါ့ဆဖို႔ မွာလုိက္ပါတယ္။

Oliver ေလးကခုဆုိေပ်ာ္ရႊင္စြာ တခစ္ခစ္နဲ႔ရယ္ေနပါျပီ။ ေရွ႕ေရးေကာင္းေအာင္ ဆုမြန္ေကာင္းေတာင္းေပးလုိက္ပါဦး.

Credit to San Htet Wai-AlinnMyay(အလင္းေျမ) Source-Mirror

Unicode

ရိုးရိုးဖျားတယ် အထင်နဲ့ ပေါ့ဆမိရာကနေ ၁၁ လအရွယ် သားလေး ရဲ့အဖြစ်

ရိုးရိုးဖျားတယ် အထင်နဲ့ ပေါ့ဆမိရာကနေ ၁၁ လအရွယ် သားလေး ခြေတွေလက်တွေ ဖြတ်ပြစ်ခဲ့ရ

Abigail Wardle အမည်ရှိသူ အသက် ၂၃ နှစ်အရွယ်မိခင်ဟာ ဒီလိုဖြစ်ရပ်မျိုးတွေ မကြုံရလေအောင် အများကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ ရောဂါခံစားခဲ့ရသူ သားငယ်လေးကတော့ Oliver လို့ခေါ်ပါတယ်။ အများသိထားတဲ့အတိုင်း ရောဂါကူးစက်မှုတွေဟာ ချက်ချင်းလက္ခဏာပြလေ့မရှိဘဲ ရောဂါရင့်ပြီး ဆိုးရွားလှတဲ့ အခြေအနေမှသာ ပြလေ့ရှိပါတယ်။ ဒီရောဂါကူးစက်မှုတွေဟာ UK မှာဆိုလူပေါင်း ၂၅၀၀၀၀ (နှစ်သိန်းငါးသောင်း) ခံစားနေရပြီး တစ်နှစ်ကို လူပေါင်း ၄၄၀၀၀ ဦးရေကို သတ်နေတာ ဖြစ်ပါတယ်။

အချို့သောကူးစက်မှုတွေဟာ ကုသလို့မရနိုင်လောက်အောင် လူကိုသေစေနိုင်ပါတယ်။ အထူးသဖြင့်တုပ်ကွေး လိုရောဂါမျိုးဟာ သာမန်ဖျားတယ်လို့ ထင်ရပေမယ့် အသက်ကိုပါ နုတ်ယူနိုင်တဲ့ အထိဖြစ်စေပါတယ်။ သင့်မှာ ရောဂါးကူးစက်မှု တစ်ခုခုရှိနေပြီဆိုရင် ခန္ဓာကိုယ်ကိုက်ခဲပြီး အိပ်ယာထရတာ ခက်ခဲခြင်း၊ အသားအရေတွေအေးစက်ပြီး ချမ်းတယ်လို့ ခံစားရခြင်း၊ အသားအရေ အရောင်ဖျော့တော့ခြင်း ပြာခြင်းများ ဖြစ်ပေါ်ခြင်း၊ အသက်ရှူမြန်ခြင်း၊ အဆိုးဆုံးကတော့ အကြောဆွဲခြင်းတွေဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။

Abigail အနေနဲ့ သားငယ်လေးဟာ အရမ်းငိုလို့ဆိုပြီး သာမာန်အဖျားအထင်နဲ့ အဖျားပျောက်ဆေးတွေကိုသာ တိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဒီအတောအတွင်း သားငယ်လေးရဲ့အသားအရေတွေဟာ ကွက်ကြားကွက်ကြားဖြူခြင်း၊ ပြာခြင်းများ ဖြစ်နေတယ်လို့ ဆိုပါတယ်။ တစ်ညတော့ သူမက သားလေးကို ပွေ့ဖက်ရင်းနေရာရွေ့ပေးရာ အရိုးကိုက်နေသည့်ပုံစံဖြင့် ငိုနေခဲ့တယ်လို့ဆိုပါတယ်။

သားငယ်လေးကို ရင်ခွင်ထဲ ထည့်လိုက်ရာ မငိုတော့ဘဲ ညည်းသံသဲ့သဲ့လေးသာ ကြားရတာပါ။ တကယ်တော့ သားလေးဟာ ငိုဖို့စွမ်းအားကို မရှိရှာတော့တာပါ။

ထို့နောက် ဆေးခန်းပြရာ ကလေးကို မေ့ဆေးပေးပြီး စစ်ဆေးမှုများပြုလုပ်ပြီးနောက် ကလေးဟာ ရောဂါကူးစက်ခံထားရမှန်း သိရတယ်လို့ နောင်တရစွာ ပြောသွားခဲ့ပါတယ်။ ကူးစက်မှုတွေဟာ ကလေးလူကြီးမရွေးဖြစ်နိုင်ပါတယ်။ ထို့နောက် ခွဲစိတ်ကုသဖို့ စီစဉ်တဲ့ ကြားကာလထှဲာ ကလေးနာကျင်မှုသက်သာစေရန် ဆေးတိုက်ဆေးထိုးမှုတွေ ပြုလုပ်ခဲ့ရပါသေးတယ်။ မိခင်တစ်ယောက်ရဲ့ ပေါ့ဆမှုကို ရဲရင့်စွာ ချပြပြီး အခြားမိဘများလည်း ကလေးဖျားနာလာရင် မပေါ့ဆဖို့ ပြောသွားခဲ့ပါတယ်။

ကြားကာလမှာ ကလေးရဲ့ကူးစက်မှုဟာ အတော်လေး သိသာလာခဲ့ပြီး ခြေတွေလက်တွေမှာ ခရမ်းပုပ်ရောင်ဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ပေါ် ဆက်ပြီး မကူးစက်လာအောင် အလျင်အမြန် ဖြတ်တောက်ပစ်ခဲ့ရတာပါ။ ကလေးရဲ့မိခင်အနေနဲ့လည်း လူတိုင်းကတော့ သနားချင်သနားနေမှာပါ။ သို့ပေမယ့် သားလေး အသက်ရှင်နေတာကိုပဲ သူမနဲ့ ခင်ပွန်းဖြစ်သူဟာ ဝမ်းသာနေပါပြီလို့ ဆိုပါတယ်။

Oliver လေးရဲ့ရှေ့ရေးမှာ စိတ်ဓါတ်ခိုင်မာအောင်၊ လူ့လောကကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ၊ ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ကြားပြဆုံးမပေးဖို့ တာဝန်ပိုကြီးသွားပြီဖြစ်ပြီး သားငယ်လေးအတွက် ထောက်ပံ့မှုတွေ အများကြီးပိုပေးသွားမယ်လို့ ဆိုသွားခဲ့ပါတယ်။ မိဘတိုင်း အဖျားသေးသေးလေးကအစ မပေါ့ဆဖို့ အမှာပါးခဲ့သေးတယ်။

AlinnMyay ပရိတ်သတ်ကြီးလည်း ဒီလိုဖြစ်ရပ်ဆိုးတွေမကြုံရလေအောင် ကလေးဖြစ်ဖြစ် လူကြီးကြီးဖြစ်ဖြစ် ရောဂါကူးစက်မှုတွေ မခံရအောင် သတိနဲ့သွား သတိနဲ့စားကာ မပေါ့ဆဖို့ မှာလိုက်ပါတယ်။

Oliver လေးကခုဆိုပျော်ရွှင်စွာ တခစ်ခစ်နဲ့ရယ်နေပါပြီ။ ရှေ့ရေးကောင်းအောင် ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦး.

Credit to San Htet Wai-AlinnMyay(အလင်းမြေ) Source-Mirror