သဘာဝေဘး ကူညီရန္ တပ္မေတာ္သား မ်ား အမိန္႔ေစာင့္စရာ မလုိ

0
97

သဘာဝေဘး ကူညီ ရန္ တပ္မေတာ္သား မ်ား အမိန္႔ေစာင့္ စရာ မလုိ…

ျ.မန္မာျပည္ ေအာက္ပိုင္း ေဒသမ်ား တြင္ ျဖစ္ေပၚေနသည့္ သဘာဝ ေဘးအႏၲရာယ္.မ်ား ျဖစ္ေသာ ေရႀကီး၊ ေရလ်ံ၊ ေျမၿပိဳမႈမ်ားကို ကူညီ ကယ္ဆယ္ေရး ေဆာင္႐ြက္ရန္ တပ္မေတာ္သားမ်ား အေနျဖင့္ အထက္ အမိန႔္ ေစာင့္ရန္ မလို.ဘဲ ၿပီးမွ အေၾကာင္းၾကားရန္ ၫႊန္ၾကားထားၿပီး ျဖစ္ေၾကာင္း သိရသည္။

ျမန္မာျပည္ ေအာက္ပိုင္း ေဒသမ်ား ျဖစ္သည့္ မြန္၊ ကရင္ႏွင့္ တနသာရႌေဒသမ်ားတြင္ သဘာဝ ေဘးအႏၲရာယ္ ႀကီးႀကီး မားမား ရင္ဆိုင္ေနရခ်ိန္ တပ္မေတာ္က ေဒသဆိုင္ရာ တပ္မ်ားကို ခ်က္ခ်င္း သြားေရာက္ကူညီၿပီးမွ အေၾကာင္းၾကားရန္ ၫႊန္ၾကားထားသည္ဟု တပ္မေတာ္၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။

ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း က “အမိန႔္ေစာင့္စရာ မလိုဘူး။ ျဖစ္တာနဲ႔ ခ်က္ခ်င္းကူညီ၊ ၿပီးမွ က်ေနာ္တို႔ကို အေၾကာင္းၾကား။ လိုအပ္တယ္ဆိုရင္ ထပ္ေျပာ။ က်ေနာ္ တို႔ ျဖည့္ဆည္းေပးဖို႔ လိုတာေတြ ဆက္ေဆာင္႐ြက္ ေပးတာေတြ ရွိပါတယ္။ အခုလည္း အဲဒီဘက္မွာ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉးကိုယ္တိုင္ ေရာက္ေနပါၿပီ။ လိုအပ္ရင္ သုံးလို႔ရေအာင္ ရဟတ္ယာဥ္ေတြလည္း ပို႔ေဆာင္ထားၿပီး ျဖစ္ပါတယ္” ဟု ေျပာသည္။

ေရႀကီးေရလွ်ံမႈ ျဖစ္စဥ္မ်ားေၾကာင့္ မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ မုတၱမ သဲ ျဖဴကုန္းေက်း႐ြာအုပ္စုရွိ မလက္ေတာင္ၿပိဳက်မႈ ေၾကာင့္ လူေသဆုံးသူ ၅၄ ဦး အေလာင္းရရွိၿပီး ျဖစ္ေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ ဆယ္ေရးႏွင့္ ျပန္လည္ ေနရာခ်ထားေရး ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးက ဧရာဝတီသို႔ ေျပာသည္။

ေဒါက္တာ ဝင္းျမတ္ေအးက “ကယ္ဆယ္ေရးေတြကလည္း လုံေလာက္ေအာင္ ေဆာင္႐ြက္ေနတယ္။ လူမႈအဖြဲ႕အစည္း ေတြကလည္း ကူညီတယ္။ တပ္မေတာ္ တို႔ မီးသတ္တို႔ ၾကက္ေျခနီေတြေရာ အမ်ားႀကီးပဲ။ အစိုးရ ဌာနဆိုင္ရာ ေတြလည္း အမ်ားႀကီးပဲ။ က်ေနာ္တို႔ ေရာက္တာနဲ႔ ခ်က္ခ်င္း အေရးေပၚကိစၥေတြကို အကုန္ ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ပါတယ္”ဟု ဝန္ႀကီးက ရွင္းျပသည္။

ယေန႔တြင္လည္း မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕တြင္ ဒုတိယ သမၼတ ၂ ဦးဟင္နရီဗန္ထီးယူက ျမန္မာႏိုင္ငံ ဆန္စပါး အသင္းခ်ဳပ္က လႉဒါန္းသည့္ ဆန္အိတ္ႏွင့္အလႉေငြမ်ား ေပးအပ္ပြဲသို႔ တက္ေရာက္ၿပီးမွ ေနျပည္ေတာ္ ျပန္မည္ ျဖစ္ေၾကာင္း၊ ဒုတိယ သမၼတႏွင့္ အဖြဲ႕သည္ မြန္ျပည္နယ္အတြင္းရွိ ေရေဘးသင့္ ျပည္သူမ်ား ရွိရာ စခန္း ၈ ခုသို႔ သြားေရာက္ခဲ့ေၾကာင္း သိရသည္။

ေဒါက္တာ ဝင္းျမတ္ေအး က “အခုေတာ့ သဘာဝ ေဘးအႏၲရာယ္ေဒသအျဖစ္ ေၾကညာဖို႔ မလိုေသးဘူး။ အခု အေျခအေန အရ ေျပာတာ။ အၿမဲတန္းလည္း ေစာင့္ၾကည့္ေနတယ္။ ဒုတိယ သမၼတ သြားတယ္ဆိုတာ သမၼတနဲ႔ အတိုင္ပင္ခံကိုယ္စား သြားတာ ျဖစ္ပါတယ္။ ၫႊန္ၾကားခ်က္ကေတာ့ ေဆာင္႐ြက္သင့္တာကို ျပတ္ျပတ္သားသား ဆုံးျဖတ္ေဆာင္႐ြက္ဖို႔ ဆိုတဲ့ ၫႊန္ၾကားခ်က္က ရွိၿပီး သားပါ။ အဲဒီအတိုင္းပဲ ေဆာင္႐ြက္ၾကရပါတယ္”ဟု ေျပာသည္။

မြန္ျပည္နယ္ရွိ ေရေဘးအတြက္ အားလုံးက ႏိုင္သေလာက္ ဝိုင္းကူညီေနၾကၿပီး တပ္မေတာ္သားမ်ား၊ ျပည္သူမ်ား စုေပါင္း ကူညီလ်က္ ရွိေၾကာင္း၊ တပ္ရင္းတပ္ဖြဲ႕ ႏွင့္ နီးသည့္ ေနရာမ်ားတြင္ တပ္မေတာ္၏ ကူညီေထာက္ပံ့မႈမွာ ၁၀၀ ရာခိုင္ႏႈန္း ရေၾကာင္း၊ တပ္ႏွင့္ ေဝးသည့္ ေနရာမ်ားတြင္ ျပည္သူမ်ားက ဝိုင္းကူေနေၾကာင္း မြန္ျပည္နယ္ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးမ်ိဳးဝင္းကလည္း ေျပာသည္။

ဦးမ်ိဳးဝင္း က “တပ္နဲ႔ ေဝးတဲ့ ေနရာေတြက်ေတာ့ ျပည္သူေတြ လႊမ္းၿခဳံတဲ့ေနရာက်ေတာ့လည္း တပ္ေတြက မေရာက္ႏိုင္ဘူး။ မေရာက္ႏိုင္တဲ့ အခါမွာ ျပည္သူေတြက ဝိုင္းလုပ္ထားတာေတြလည္း အမ်ားႀကီးပဲ။ အကုန္လုံးကေတာ့ ဒီအခ်ိန္မွာ ကူညီေနၾကတဲ့လူေတြကေလ ဘယ္ပါတီ၊ ဘယ္အဖြဲ႕အစည္းအတြက္ဆိုၿပီး ေခါင္းစဥ္တပ္တာထက္ ကို တကယ္ျဖစ္ေနတဲ့အေပၚမွာ တို႔ဝိုင္းလုပ္မွာ ျဖစ္မယ္ဆိုတဲ့ စိတ္ဓါတ္အေပၚ အေျခခံၿပီး လုပ္ေနတာပဲ မ်ားပါတယ္”ဟု ရွင္းျပသည္။

မြန္ျပည္နယ္တြင္ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉးကိုယ္တိုင္ ေရးၿမိဳ႕နယ္ဘက္ကို ေရာက္ရွိေနၿပီး ကူညီကယ္ဆယ္ ေရး လုပ္ငန္းေတြ ေဆာင္႐ြက္လ်က္ ရွိေၾကာင္း၊ တပ္မေတာ္က တိုင္းစစ္ဌာနခ်ဳပ္ အသီးသီးတြင္ သဘာဝ ေဘးအႏၲရာယ္ ကူညီ ကယ္ ဆယ္ေရးႏွင့္ ပတ္သက္သည့္ စီမံခ်က္မ်ား ေရးဆြဲထားသည္ဟု သိရသည္။

ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက “အင္အားကေတာ့ ၿမိဳ႕နယ္တိုင္းမွာ ရွိတဲ့ တပ္ေတြရဲ႕ အင္အားကို သုံးဖို႔တခါတည္း ေျပာထားၿပီးသား ျဖစ္တယ္။ သဘာဝေဘးအႏၲ ရယ္ ျဖစ္ေပၚလာရင္ အမိန႔္ေတာင္မွ ေစာင့္စရာမလိုဘူး။ ခ်က္ခ်င္းသြားကူ ၿပီးမွ အေၾကာင္းၾကားဖို႔ ေျပာထားတယ္။ အဲဒီမွာ ရွိတဲ့ အင္အားေတြကို အကုန္သုံးဖို႔ ေျပာထားၿပီးသား ျဖစ္ပါတယ္”ဟု ေျပာသည္။

ထို႔ျပင္ ယင္းေဒသရွိ စစ္ေျမျပင္ အင္ဂ်င္နီယာတပ္မ်ားတြင္ ရွိသည့္ ဖိုက္ဘာေလွမ်ား၊ ကူညီကယ္ဆယ္ေရးအတြက္ ရာဘာေလွမ်ား၊ စက္ေလွမ်ားကိုလည္း ပို႔ထားၿပီး ျဖစ္ေၾကာင္း၊ အေရးေပၚသုံး စစ္သုံးတဲမ်ားလည္း ရွိထားၿပီးေၾကာင္း၊ ကူညီ ကယ္ဆယ္ေရး လုပ္ငန္း မ်ားတြင္ လိုအပ္ပါက အသုံးျပဳႏိုင္ရန္ ရဟတ္ယာဥ္မ်ားလည္း အသင့္ပို႔ထားၿပီး ျဖစ္ေၾကာင္းလည္း သိရသည္။

မြန္ျပည္နယ္သို႔ ဒုတိယ သမၼတႏွင့္ အတူ သြားေရာက္ခဲ့သည့္ ခရီးစဥ္အရ ျပည္သူမ်ားႏွင့္ ေတြ႕ ဆုံရာတြင္ ၎တို႔၏ ေျပာျပခ်က္ အရ ႏွစ္ ၃၀ အတြင္း အဆိုးဝါးဆုံး ေရႀကီးမႈဟု ဆိုေၾကာင္း၊ တခ်ိဳ႕မွာ အေရးေပၚ ေျပးလာရသျဖင့္ အဝတ္တထည္၊ ကိုယ္တခုသာ ပါသည္ကို ေတြ႕ ရေၾကာင္း၊ ထို႔ေၾကာင့္ အစိုးရက အတတ္ႏိုင္ဆုံး ပံ့ပိုးမႈမ်ား ျပဳလုပ္ခဲ့ၿပီး ျပန္လည္ ထူေထာင္ေရးအတြက္ လုပ္စရာ ရွိသည္မ်ားကို လုပ္ေပးမည္ ျဖစ္ေၾကာင္း ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးက ေျပာသည္။

ဇြန္လကုန္ပိုင္းက စတင္ကာ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ တနသာရႌတိုင္းတို႔တြင္ ေရႀကီး ေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့ၿပီး လူေပါင္း ေသာင္းႏွင့္ခ်ီ၍ အိုးအိမ္မ်ားကို စြန႔္ခြာထြက္ေျပးခဲ့ၾကရသည့္အျပင္ ေရႀကီးမႈ ေနာက္ဆက္တြဲ ေျမၿပိဳမႈ မ်ားေၾကာင့္ မြန္ျပည္နယ္ႏွင့္ တနသာရႌတိုင္းသို႔ သြားေရာက္ရာ လမ္းေၾကာင္းမ်ားမွာလည္း ျပန္ေတာက္လ်က္ရွိသည္။

မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္မွ ေျမၿပိဳက်မႈႏွင့္ ပတ္သက္၍ သဘာဝ ပတ္ဝန္းက်င္ ထိခိုက္ေအာင္ ေဆာင္႐ြက္ခဲ့ၾကသည့္ ေက်ာက္မိုင္းမ်ားကို ျပည္သူလူထုက ေဝဖန္ေထာက္ျပမႈမ်ား ျပဳလုပ္လ်က္ရွိသည္။ ႏွစ္စဥ္ ျမန္မာႏိုင္ငံသည္ ေရႀကီး ေရလွ်ံမႈႏွင့္ ရင္ဆိုင္ရေလ့ရွိၿပီး ႀကိဳတင္ျပင္ဆင္မႈ အားနည္းခ်က္မ်ားေၾကာင့္ ႏွစ္တိုင္းလည္း လူ ေသဆုံးရေလ့ ရွိသည္။

ၿပီးခဲ့သည့္ ၂၀၁၇ တြင္ တိုင္းႏွင့္ျပည္နယ္ ၁၄ ခုစလုံး၌ လူဦးေရ ၃၃၅၆၃၅ ဦး၊ အိမ္ေထာင္စု ၈၂၁၁၄ စု ေရေဘး သင့္ခဲ့ကာ ေသ ဆုံးသူ ၁၀ ဦး ရွိခဲ့ေၾကာင္း၊ ၂၀၁၈ ဇူလိုင္မွ ၾသဂုတ္ ၅ ရက္ေန႔အထိ တိုင္းႏွင့္ျပည္နယ္ ၁၀ ခုတြင္ အိမ္ေထာင္စု ၃၂၈၅၄၊ လူဦးေရ ၁၅၂၂၁၁ ေရေဘးဒဏ္ကို ခံစားခဲ့ရၿပီး ေသဆုံးသူ ၁၇ ဦးရွိခဲ့ေၾကာင္း ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဦးစီးဌာနမွ စာရင္းမ်ား အရသိရသည္။

ျမန္မာႏိုင္ငံတြင္ လြန္ခဲ့သည့္ ၂၅ ႏွစ္အတြင္း လူေပါင္း ၄ သန္းခန႔္ သဘာဝေဘး အႏၲရာယ္မ်ားေၾကာင့္ ထိခိုက္ခဲ့ၿပီး အေမရိကန္ ေဒၚလာ ၄ ဘီလီယံ တန္ဖိုးခန႔္ ဆုံးရႈံးခဲ့ကာ ၂၀၁၅ ေရေဘးတခုတည္းကပင္ ႏိုင္ငံ၏ ဂ်ီဒီပီကို ၃ ရာခိုင္ႏႈန္းအထိ ထိခိုက္ ေစခဲ့ေၾကာင္း ကမာၻ႔ဘဏ္က ခန႔္မွန္းတြက္ခ်က္ထားသည္။

ဧရာဝတီ (ေလးစားမႈျဖင့္ ခရက္ဒစ္)

( Unicode )

သဘာဝဘေး ကူညီ ရန် တပ်မတော်သား များ အမိန့်စောင့် စရာ မလို…

ြ.မန်မာပြည် အောက်ပိုင်း ဒေသများ တွင် ဖြစ်ပေါ်နေသည့် သဘာဝ ဘေးအန္တရာယ်.များ ဖြစ်သော ရေကြီး၊ ရေလျံ၊ မြေပြိုမှုများကို ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ရန် တပ်မတော်သားများ အနေဖြင့် အထက် အမိန့် စောင့်ရန် မလို.ဘဲ ပြီးမှ အကြောင်းကြားရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာပြည် အောက်ပိုင်း ဒေသများ ဖြစ်သည့် မွန်၊ ကရင်နှင့် တနသာင်္ရီဒေသများတွင် သဘာဝ ဘေးအန္တရာယ် ကြီးကြီး မားမား ရင်ဆိုင်နေရချိန် တပ်မတော်က ဒေသဆိုင်ရာ တပ်များကို ချက်ချင်း သွားရောက်ကူညီပြီးမှ အကြောင်းကြားရန် ညွှန်ကြားထားသည်ဟု တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အမိန့်စောင့်စရာ မလိုဘူး။ ဖြစ်တာနဲ့ ချက်ချင်းကူညီ၊ ပြီးမှ ကျနော်တို့ကို အကြောင်းကြား။ လိုအပ်တယ်ဆိုရင် ထပ်ပြော။ ကျနော် တို့ ဖြည့်ဆည်းပေးဖို့ လိုတာတွေ ဆက်ဆောင်ရွက် ပေးတာတွေ ရှိပါတယ်။ အခုလည်း အဲဒီဘက်မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် ရောက်နေပါပြီ။ လိုအပ်ရင် သုံးလို့ရအောင် ရဟတ်ယာဉ်တွေလည်း ပို့ဆောင်ထားပြီး ဖြစ်ပါတယ်” ဟု ပြောသည်။

ရေကြီးရေလျှံမှု ဖြစ်စဉ်များကြောင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမ သဲ ဖြူကုန်းကျေးရွာအုပ်စုရှိ မလက်တောင်ပြိုကျမှု ကြောင့် လူသေဆုံးသူ ၅၄ ဦး အလောင်းရရှိပြီး ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ ဝင်းမြတ်အေးက “ကယ်ဆယ်ရေးတွေကလည်း လုံလောက်အောင် ဆောင်ရွက်နေတယ်။ လူမှုအဖွဲ့အစည်း တွေကလည်း ကူညီတယ်။ တပ်မတော် တို့ မီးသတ်တို့ ကြက်ခြေနီတွေရော အများကြီးပဲ။ အစိုးရ ဌာနဆိုင်ရာ တွေလည်း အများကြီးပဲ။ ကျနော်တို့ ရောက်တာနဲ့ ချက်ချင်း အရေးပေါ်ကိစ္စတွေကို အကုန် ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်”ဟု ဝန်ကြီးက ရှင်းပြသည်။

ယနေ့တွင်လည်း မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဒုတိယ သမ္မတ ၂ ဦးဟင်နရီဗန်ထီးယူက မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က လှူဒါန်းသည့် ဆန်အိတ်နှင့်အလှူငွေများ ပေးအပ်ပွဲသို့ တက်ရောက်ပြီးမှ နေပြည်တော် ပြန်မည် ဖြစ်ကြောင်း၊ ဒုတိယ သမ္မတနှင့် အဖွဲ့သည် မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများ ရှိရာ စခန်း ၈ ခုသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ဒေါက်တာ ဝင်းမြတ်အေး က “အခုတော့ သဘာဝ ဘေးအန္တရာယ်ဒေသအဖြစ် ကြေညာဖို့ မလိုသေးဘူး။ အခု အခြေအနေ အရ ပြောတာ။ အမြဲတန်းလည်း စောင့်ကြည့်နေတယ်။ ဒုတိယ သမ္မတ သွားတယ်ဆိုတာ သမ္မတနဲ့ အတိုင်ပင်ခံကိုယ်စား သွားတာ ဖြစ်ပါတယ်။ ညွှန်ကြားချက်ကတော့ ဆောင်ရွက်သင့်တာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ဆောင်ရွက်ဖို့ ဆိုတဲ့ ညွှန်ကြားချက်က ရှိပြီး သားပါ။ အဲဒီအတိုင်းပဲ ဆောင်ရွက်ကြရပါတယ်”ဟု ပြောသည်။

မွန်ပြည်နယ်ရှိ ရေဘေးအတွက် အားလုံးက နိုင်သလောက် ဝိုင်းကူညီနေကြပြီး တပ်မတော်သားများ၊ ပြည်သူများ စုပေါင်း ကူညီလျက် ရှိကြောင်း၊ တပ်ရင်းတပ်ဖွဲ့ နှင့် နီးသည့် နေရာများတွင် တပ်မတော်၏ ကူညီထောက်ပံ့မှုမှာ ၁၀၀ ရာခိုင်နှုန်း ရကြောင်း၊ တပ်နှင့် ဝေးသည့် နေရာများတွင် ပြည်သူများက ဝိုင်းကူနေကြောင်း မွန်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းကလည်း ပြောသည်။

ဦးမျိုးဝင်း က “တပ်နဲ့ ဝေးတဲ့ နေရာတွေကျတော့ ပြည်သူတွေ လွှမ်းခြုံတဲ့နေရာကျတော့လည်း တပ်တွေက မရောက်နိုင်ဘူး။ မရောက်နိုင်တဲ့ အခါမှာ ပြည်သူတွေက ဝိုင်းလုပ်ထားတာတွေလည်း အများကြီးပဲ။ အကုန်လုံးကတော့ ဒီအချိန်မှာ ကူညီနေကြတဲ့လူတွေကလေ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းအတွက်ဆိုပြီး ခေါင်းစဉ်တပ်တာထက် ကို တကယ်ဖြစ်နေတဲ့အပေါ်မှာ တို့ဝိုင်းလုပ်မှာ ဖြစ်မယ်ဆိုတဲ့ စိတ်ဓါတ်အပေါ် အခြေခံပြီး လုပ်နေတာပဲ များပါတယ်”ဟု ရှင်းပြသည်။

မွန်ပြည်နယ်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် ရေးမြို့နယ်ဘက်ကို ရောက်ရှိနေပြီး ကူညီကယ်ဆယ် ရေး လုပ်ငန်းတွေ ဆောင်ရွက်လျက် ရှိကြောင်း၊ တပ်မတော်က တိုင်းစစ်ဌာနချုပ် အသီးသီးတွင် သဘာဝ ဘေးအန္တရာယ် ကူညီ ကယ် ဆယ်ရေးနှင့် ပတ်သက်သည့် စီမံချက်များ ရေးဆွဲထားသည်ဟု သိရသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အင်အားကတော့ မြို့နယ်တိုင်းမှာ ရှိတဲ့ တပ်တွေရဲ့ အင်အားကို သုံးဖို့တခါတည်း ပြောထားပြီးသား ဖြစ်တယ်။ သဘာဝဘေးအန္တ ရယ် ဖြစ်ပေါ်လာရင် အမိန့်တောင်မှ စောင့်စရာမလိုဘူး။ ချက်ချင်းသွားကူ ပြီးမှ အကြောင်းကြားဖို့ ပြောထားတယ်။ အဲဒီမှာ ရှိတဲ့ အင်အားတွေကို အကုန်သုံးဖို့ ပြောထားပြီးသား ဖြစ်ပါတယ်”ဟု ပြောသည်။

ထို့ပြင် ယင်းဒေသရှိ စစ်မြေပြင် အင်ဂျင်နီယာတပ်များတွင် ရှိသည့် ဖိုက်ဘာလှေများ၊ ကူညီကယ်ဆယ်ရေးအတွက် ရာဘာလှေများ၊ စက်လှေများကိုလည်း ပို့ထားပြီး ဖြစ်ကြောင်း၊ အရေးပေါ်သုံး စစ်သုံးတဲများလည်း ရှိထားပြီးကြောင်း၊ ကူညီ ကယ်ဆယ်ရေး လုပ်ငန်း များတွင် လိုအပ်ပါက အသုံးပြုနိုင်ရန် ရဟတ်ယာဉ်များလည်း အသင့်ပို့ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

မွန်ပြည်နယ်သို့ ဒုတိယ သမ္မတနှင့် အတူ သွားရောက်ခဲ့သည့် ခရီးစဉ်အရ ပြည်သူများနှင့် တွေ့ ဆုံရာတွင် ၎င်းတို့၏ ပြောပြချက် အရ နှစ် ၃၀ အတွင်း အဆိုးဝါးဆုံး ရေကြီးမှုဟု ဆိုကြောင်း၊ တချို့မှာ အရေးပေါ် ပြေးလာရသဖြင့် အဝတ်တထည်၊ ကိုယ်တခုသာ ပါသည်ကို တွေ့ ရကြောင်း၊ ထို့ကြောင့် အစိုးရက အတတ်နိုင်ဆုံး ပံ့ပိုးမှုများ ပြုလုပ်ခဲ့ပြီး ပြန်လည် ထူထောင်ရေးအတွက် လုပ်စရာ ရှိသည်များကို လုပ်ပေးမည် ဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

ဇွန်လကုန်ပိုင်းက စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနသာင်္ရီတိုင်းတို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း သောင်းနှင့်ချီ၍ အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည့်အပြင် ရေကြီးမှု နောက်ဆက်တွဲ မြေပြိုမှု များကြောင့် မွန်ပြည်နယ်နှင့် တနသာင်္ရီတိုင်းသို့ သွားရောက်ရာ လမ်းကြောင်းများမှာလည်း ပြန်တောက်လျက်ရှိသည်။

မွန်ပြည်နယ် ပေါင်မြို့နယ်မှ မြေပြိုကျမှုနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင် ထိခိုက်အောင် ဆောင်ရွက်ခဲ့ကြသည့် ကျောက်မိုင်းများကို ပြည်သူလူထုက ဝေဖန်ထောက်ပြမှုများ ပြုလုပ်လျက်ရှိသည်။ နှစ်စဉ် မြန်မာနိုင်ငံသည် ရေကြီး ရေလျှံမှုနှင့် ရင်ဆိုင်ရလေ့ရှိပြီး ကြိုတင်ပြင်ဆင်မှု အားနည်းချက်များကြောင့် နှစ်တိုင်းလည်း လူ သေဆုံးရလေ့ ရှိသည်။

ပြီးခဲ့သည့် ၂၀၁၇ တွင် တိုင်းနှင့်ပြည်နယ် ၁၄ ခုစလုံး၌ လူဦးရေ ၃၃၅၆၃၅ ဦး၊ အိမ်ထောင်စု ၈၂၁၁၄ စု ရေဘေး သင့်ခဲ့ကာ သေ ဆုံးသူ ၁၀ ဦး ရှိခဲ့ကြောင်း၊ ၂၀၁၈ ဇူလိုင်မှ သြဂုတ် ၅ ရက်နေ့အထိ တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် အိမ်ထောင်စု ၃၂၈၅၄၊ လူဦးရေ ၁၅၂၂၁၁ ရေဘေးဒဏ်ကို ခံစားခဲ့ရပြီး သေဆုံးသူ ၁၇ ဦးရှိခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ စာရင်းများ အရသိရသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂၅ နှစ်အတွင်း လူပေါင်း ၄ သန်းခန့် သဘာဝဘေး အန္တရာယ်များကြောင့် ထိခိုက်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၄ ဘီလီယံ တန်ဖိုးခန့် ဆုံးရှုံးခဲ့ကာ ၂၀၁၅ ရေဘေးတခုတည်းကပင် နိုင်ငံ၏ ဂျီဒီပီကို ၃ ရာခိုင်နှုန်းအထိ ထိခိုက် စေခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းတွက်ချက်ထားသည်။

ဧရာဝတီ (လေးစားမှုဖြင့် ခရက်ဒစ်)