ေန႔လည္ခင္းႀကီးေတာင္ ေသာင္းက်န္းေနၾကတာမိန္းကေလးေတြ သတိထားၾကပါ

0
333

ေန႔လည္ခင္းႀကီးေတာင္ ေသာင္းက်န္းေနၾကတာမိန္းကေလးေတြ သတိထားၾကပါ

ဒီေန႔ 12.8.2019 ေန႔လည္ 2:09 မိနစ္ခန္႔က မႏၱေလးၿမိဳ႕၊ 73 လမ္းနဲ႔ သဇင္လမ္းေထာင့္မွာ ဆိုင္ကယ္စီးလာတဲ့ မိန္းကေလးတစ္ေယာက္က အျခားဆိုင္ကယ္တစ္စီးနဲ႔ၿငိၿပီး ဟန္ခ်က္ပ်က္ကာ “လုသြားလို႔ လုသြားလို႔” ေအာ္ၿပီး အကူအညီေတာင္းေနတာ ကြၽန္ေတာ္တို႔နဲ႔ေတြ႕လို႔ က်ြန္ေတာ့္ကားရယ္ အျခားကားတစ္စီးရယ္ ႏွစ္စီးေပါင္းၿပီး ေနာက္ကေနလိုက္ဖမ္းေပးတာ သဇင္လမ္းနဲ႔ မိုးေသာက္ပန္းလမ္းမွာ တိုက္ဖမ္းတာ လြတ္သြားတယ္။

68 လမ္းနဲ႔ သဇင္လမ္းေထာင့္မွာ ေနာက္တစ္ႀကိမ္ တိုက္ဖမ္းတာ ” ကြၽန္ေတာ္တို႔ မဟုတ္ဘူး ကြၽန္ေတာ္တို႔ မဟုတ္ဘူးဆိုၿပီး ” လြတ္ေအာင္ေ႐ွာင္ၿပီး ေမာင္းေျပးသြားတယ္။ လမ္းမွာလည္း ေတြ႕တဲ့ဆိုင္ကယ္ေတြကို အကူအညီေတာင္းတာ တစ္ေယာက္မွ အေရးမလုပ္ၾကဘူး။

ဟိုဘက္ကားကလည္း ေနာက္ကေနကပ္ျပီး လိုက္ဖမ္းတာ ေပသီးေတြနဲ႔ ျပန္ပစ္လို႔ ေ႐ွ႕ေလကာမွန္ အက္သြားတယ္။ ကြၽန္ေတာ့္ကားကေတာ့ 68 လမ္းနဲ႔ သဇင္လမ္းေထာင့္မွာ ထိပ္တိုက္ေတြ႕ၿပီး လြတ္သြားလို႔ ျပန္ေကြ႕လိုက္ရင္း ေနာက္ျပန္ဆုတ္တဲ့အခ်ိန္ အုတ္ခံုနဲ႔ညိၿပီး ေနာက္ Cover ျပဳတ္သြားတယ္။

အလုခံရတဲ့ မိန္းကေလးဆီျပန္သြားၿပီး အေသးစိတ္ေမးၾကည့္ေတာ့ ငုေရႊဝါလမ္းနဲ႔ 72 လမ္း DT ႏိုင္ဦးဆိုင္အနီးမွာ လုတာတဲ့ ဘာတြပါသြားေသးလဲ ဆိုေတာ့ ဖုန္းပါသြားတာတဲ့။ ေနာက္ကေနလိုက္တဲ့အခ်ိန္မွာလည္း သူ႔ကို ေပသီးေတြနဲ႔ ပစ္တယ္ ေျပာတယ္။

Dream ဆိုင္ကယ္အမ်ိဳးအစားနဲ႔ မ်က္ႏွာ မမွတ္မိေအာင္ Face Mask ေတြလည္း တပ္ထားတယ္။ ေနာက္ေတာ့ ဟိုဘက္ကားနဲ႔ လမ္းလြဲသြားေတာ့ လြတ္ၿပီဆိုၿပီး Mask ေတြခြၽတ္လိုက္ပံုရတယ္။ ေပသီးေတြလည္း ႀကိဳေဆာင္ထားတယ္ဆိုေတာ့ ရည္ရြယ္ခ်က္႐ွိ႐ွိနဲ႔ကို လိုက္လုပ္ေနပံုပဲ။ အေတြ႕အၾကံဳေတာ္ေတာ္႐ွိပံုရတယ္။ ေနာက္ထပ္ ဘယ္သူ ဘယ္ႏွစ္ေယာက္ကို လိုက္လုထားၿပီးၿပီလဲ မသိဘူး။ ဘယ္ႏွစ္ေယာက္ထပ္ၿပီး ဒုကၡေရာက္ဦးမလဲ မသိ။

တစ္ေန႔ကလည္း နန္းေ႐ွ႕ 19 လမ္း City Mart ေက်ာ္ေက်ာ္ေလးမွာ ဆိုင္ကယ္နဲ႔ အမ်ိဳးသမီးတစ္ေယာက္စီက အိတ္လုဆြဲသြားတာ ဆိုင္ကယ္လဲၿပီး ဒရြတ္တိုက္ပါသြားတယ္။

ဖုန္းေတြ၊ ပိုက္ဆံအိတ္ေတြ၊ ေရႊဆြဲႀကိဳးေတြ စတဲ့ တန္ဖိုး႐ွိတဲ့ အရာေတြကို ေသေသခ်ာခ်ာ လံုလံုျခံဳျခံဳ လုပ္ၿပီး သြားလာၾကပါ။ ျဖစ္လာရင္ ခံရဖို႔ပဲ ႐ွိပါတယ္။ သတိနဲ႔သာ သြားၾကပါ။

သူမ်ားပစၥည္း အေခ်ာင္လိုခ်င္ အေခ်ာင္ရခ်င္ၿပီး လိုက္ဒုကၡေပးေနတဲ့ ေကာင္ေတြကိုလည္း အျမန္ဖမ္းမိေအာင္၊ ေနာက္လူေတြထပ္ၿပီး ဒုကၡမေရာက္ေအာင္ ဒီ Post ေလးကို Share ၿပီး ကူညီေပးၾကပါ။

Credit to ၿဖိဳးသူဝင္း (Phyo Thu Win)

Unicode

နေ့လည်ခင်းကြီးတောင် သောင်းကျန်းနေကြတာမိန်းကလေးတွေ သတိထားကြပါ

ဒီနေ့ 12.8.2019 နေ့လည် 2:09 မိနစ်ခန့်က မန္တလေးမြို့၊ 73 လမ်းနဲ့ သဇင်လမ်းထောင့်မှာ ဆိုင်ကယ်စီးလာတဲ့ မိန်းကလေးတစ်ယောက်က အခြားဆိုင်ကယ်တစ်စီးနဲ့ငြိပြီး ဟန်ချက်ပျက်ကာ “လုသွားလို့ လုသွားလို့” အော်ပြီး အကူအညီတောင်းနေတာ ကျွန်တော်တို့နဲ့တွေ့လို့ ကျွန်တော့်ကားရယ် အခြားကားတစ်စီးရယ် နှစ်စီးပေါင်းပြီး နောက်ကနေလိုက်ဖမ်းပေးတာ သဇင်လမ်းနဲ့ မိုးသောက်ပန်းလမ်းမှာ တိုက်ဖမ်းတာ လွတ်သွားတယ်။

68 လမ်းနဲ့ သဇင်လမ်းထောင့်မှာ နောက်တစ်ကြိမ် တိုက်ဖမ်းတာ ” ကျွန်တော်တို့ မဟုတ်ဘူး ကျွန်တော်တို့ မဟုတ်ဘူးဆိုပြီး ” လွတ်အောင်ရှောင်ပြီး မောင်းပြေးသွားတယ်။ လမ်းမှာလည်း တွေ့တဲ့ဆိုင်ကယ်တွေကို အကူအညီတောင်းတာ တစ်ယောက်မှ အရေးမလုပ်ကြဘူး။

ဟိုဘက်ကားကလည်း နောက်ကနေကပ်ပြီး လိုက်ဖမ်းတာ ပေသီးတွေနဲ့ ပြန်ပစ်လို့ ရှေ့လေကာမှန် အက်သွားတယ်။ ကျွန်တော့်ကားကတော့ 68 လမ်းနဲ့ သဇင်လမ်းထောင့်မှာ ထိပ်တိုက်တွေ့ပြီး လွတ်သွားလို့ ပြန်ကွေ့လိုက်ရင်း နောက်ပြန်ဆုတ်တဲ့အချိန် အုတ်ခုံနဲ့ညိပြီး နောက် Cover ပြုတ်သွားတယ်။

အလုခံရတဲ့ မိန်းကလေးဆီပြန်သွားပြီး အသေးစိတ်မေးကြည့်တော့ ငုရွှေဝါလမ်းနဲ့ 72 လမ်း DT နိုင်ဦးဆိုင်အနီးမှာ လုတာတဲ့ ဘာတွပါသွားသေးလဲ ဆိုတော့ ဖုန်းပါသွားတာတဲ့။ နောက်ကနေလိုက်တဲ့အချိန်မှာလည်း သူ့ကို ပေသီးတွေနဲ့ ပစ်တယ် ပြောတယ်။

Dream ဆိုင်ကယ်အမျိုးအစားနဲ့ မျက်နှာ မမှတ်မိအောင် Face Mask တွေလည်း တပ်ထားတယ်။ နောက်တော့ ဟိုဘက်ကားနဲ့ လမ်းလွဲသွားတော့ လွတ်ပြီဆိုပြီး Mask တွေချွတ်လိုက်ပုံရတယ်။ ပေသီးတွေလည်း ကြိုဆောင်ထားတယ်ဆိုတော့ ရည်ရွယ်ချက်ရှိရှိနဲ့ကို လိုက်လုပ်နေပုံပဲ။ အတွေ့အကြုံတော်တော်ရှိပုံရတယ်။ နောက်ထပ် ဘယ်သူ ဘယ်နှစ်ယောက်ကို လိုက်လုထားပြီးပြီလဲ မသိဘူး။ ဘယ်နှစ်ယောက်ထပ်ပြီး ဒုက္ခရောက်ဦးမလဲ မသိ။

တစ်နေ့ကလည်း နန်းရှေ့ 19 လမ်း City Mart ကျော်ကျော်လေးမှာ ဆိုင်ကယ်နဲ့ အမျိုးသမီးတစ်ယောက်စီက အိတ်လုဆွဲသွားတာ ဆိုင်ကယ်လဲပြီး ဒရွတ်တိုက်ပါသွားတယ်။

ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေ၊ ရွှေဆွဲကြိုးတွေ စတဲ့ တန်ဖိုးရှိတဲ့ အရာတွေကို သေသေချာချာ လုံလုံခြုံခြုံ လုပ်ပြီး သွားလာကြပါ။ ဖြစ်လာရင် ခံရဖို့ပဲ ရှိပါတယ်။ သတိနဲ့သာ သွားကြပါ။

သူများပစ္စည်း အချောင်လိုချင် အချောင်ရချင်ပြီး လိုက်ဒုက္ခပေးနေတဲ့ ကောင်တွေကိုလည်း အမြန်ဖမ်းမိအောင်၊ နောက်လူတွေထပ်ပြီး ဒုက္ခမရောက်အောင် ဒီ Post လေးကို Share ပြီး ကူညီပေးကြပါ။

Credit to ဖြိုးသူဝင်း (Phyo Thu Win)