နိုင္ငံေပါင္း(၁၄) ႏိုင္ငံက ေယာက်ာ္းသားေတြနဲ႕ ရင္ေဘာင္တန္းျပီး ​ေတာလမ္​း ခရီးၾကမ္​းကား​ေမာင္​းၿပိဳင္​ပြဲကိုျဖတ္ေက်ာ္ေမာင္းနွင္းမယ့္ ျမန္မာမေလးနွစ္ဦ

0
303

ျမန္မာ လူငယ္ေတြ အေတာ္မ်ားမ်ား မညံ႕သလို ျမန္မာအမ်ိဳးသမီးေလးေတြဟာလည္း ေယာက်ာ္းသားမ်ား နည္းတူ ကမာၻနဲ႕ ယွဥ္ကာ ရင္ေဘာင္ တန္းနိုင္တဲ့ထိ ၾကိဳးစားအားထုတ္နိုင္သူေတြ လည္းျဖစ္ပါတယ္။ လက္ရွိမွာလည္း ျမန္မာ အမ်ိဳးသမီးေလး (၂) ေယာက္ျဖစ္တဲ့ မအိျဖဴစင္ နဲ႕ မနန္​းစု​ေဒဝီ တို႕ဟာလည္း အာရွနိုင္ငံမ်ားအဆင့္ ျဖစ္တဲ့ နိုင္ငံေပါင္း(၁၄) နိုင္ငံက ေယာက်ာ္းသားေတြနဲ႕ ရင္ေဘာင္တန္းကာ ေတာလမ္း ၾကမ္းၾကမ္း ၊ ကားေမာင္းျပိဳင္ပြဲကို ေမာင္နွင္းယွဥ္ျပိဳင္ၾကမွာလည္း ျဖစ္ပါတယ္။

Asia Cross Country Rally 2019 လို႕ အမည္ရတဲ့ ဒီ ခရီးၾကမ္းကားေမာင္း ျပိဳင္ပြဲမွာ အာရွတလႊား နိုင္ငံ စုစုေပါင္း (၁၄) နိုင္ငံမွ ျပိဳင္ပြဲ၀င္ေပါင္း (၄၁၉) ဦး ၊ ယာဥ္ အစီးေရ ေပါင္း (၁၂၀) ပါ၀င္ယွဥ္ျပိဳင္္သြားမွာျဖစ္ျပီး ျမန္မာနိုင္ငံ ကို္ယ္စားျပဳ အမ်ိဳးသမီး အသင္းမွာေတာ့ မအိျဖဴစင္ နဲ႕ မနန္​းစု​ေဒဝီ တို႕က ပါ၀င္ယွဥ္ျပိဳင္ေမာင္းနွင္သြားမွာျဖစ္ပါတယ္။ထိုင္​း ႏိုင္​ငံ ပတၱယားကမ္​း​ေျခ က​ေန ၾသဂုတ္​ လ (၁၁ )ရက္​​ေန႔ စတင္​ တာထြက္မွာျဖစ္​ၿပီး ျမန္​မာႏိုင္​ငံ ​၊ ​ေနျပည္​​ေတာ္​ ၿမိဳ႕ေတာ္​ဆီ ကို ၾသဂုတ္​လ (၁၆) ရက္​​ေန႔ မွာ ပန္​း၀င္ရမွာလည္းျဖစ္ပါတယ္။

သာမာန္ကားျပိဳင္ပြဲေတြလို ေခ်ာေမြ႕တဲ့ ကားလမ္းမၾကီးေပၚမွာ မဟုတ္ပဲ ေတာလမ္း ခရီးမို႕ ေတာင္အတက္၊ ေတာင္ အဆင္း ၊ ေျမလမ္း၊ ေတာလမ္း စသျဖင့္ တကယ့္ကို ခက္ခက္ခဲခဲ နဲ႕ ၾကမ္းၾကမ္းတမ္းတမ္း ေမာင္းနွင္းယွဥ္ျပိဳင္ရမဲ့ အေနအထားမ်ိဳး ျဖစ္ပါတယ္။ အမ်ိဳးသမီးေတြ ျဖစ္ၾကေပမဲ့လည္း ဘယ္ေလာက္ပင္ နူးညံ႕တယ္ဆိုေစကာမူ သာမန္ေယာက်္ားသား မ်ားေတာင္ မလုပ္နိုင္တဲ့ ခုလိ္ု Asia Cross Country Rally 2019 ကားေမာင္းျပိဳင္ပြဲမွာ ပါ၀င္လာတာဟာ ခ်ီးက်ဴးစရာပါပဲ။ လက္ရွိမွာ ယွဥ္ျပိဳင္ေနဆဲ အခ်ိန္မွာေတာ့ မအိျဖဴစင္ နဲ႕ မနန္​းစု​ေဒဝီ တို႕ အမ်ိဳးသမီး အသင္းဟာ ပထမဆံုး ၿပိဳင္ တဲ့ ေန ့မွာတင္ အဆင့္ (၇) ဆင့္ ေက်ာ္တက္ ႏိုင္ ခဲ့ျပီး ဆက္လက္ ႀကိဳးစား ယွဥ္ ၿပိဳင္ သြား မွာျဖစ္ေၾကာင္းလဲ သူတို႕ရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွာေဖာ္ျပထားတာမို႕ ပရိသတ္ၾကီး အတြက္ ေဖာ္ျပေပးလိုက္ရပါတယ္။

Unicode

မြန်မာ လူငယ်တွေ အတော်များများ မညံ့သလို မြန်မာအမျိုးသမီးလေးတွေဟာလည်း ယောကျာ်းသားများ နည်းတူ ကမ္ဘာနဲ့ ယှဉ်ကာ ရင်ဘောင် တန်းနိုင်တဲ့ထိ ကြိုးစားအားထုတ်နိုင်သူတွေ လည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း မြန်မာ အမျိုးသမီးလေး (၂) ယောက်ဖြစ်တဲ့ မအိဖြူစင် နဲ့ မနန်​းစု​ဒေဝီ တို့ဟာလည်း အာရှနိုင်ငံများအဆင့် ဖြစ်တဲ့ နိုင်ငံပေါင်း(၁၄) နိုင်ငံက ယောကျာ်းသားတွေနဲ့ ရင်ဘောင်တန်းကာ တောလမ်း ကြမ်းကြမ်း ၊ ကားမောင်းပြိုင်ပွဲကို မောင်နှင်းယှဉ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။

Asia Cross Country Rally 2019 လို့ အမည်ရတဲ့ ဒီ ခရီးကြမ်းကားမောင်း ပြိုင်ပွဲမှာ အာရှတလွှား နိုင်ငံ စုစုပေါင်း (၁၄) နိုင်ငံမှ ပြိုင်ပွဲဝင်ပေါင်း (၄၁၉) ဦး ၊ ယာဉ် အစီးရေ ပေါင်း (၁၂၀) ပါ၀င်ယှဉ်ပြိုင််သွားမှာဖြစ်ပြီး မြန်မာနိုင်ငံ ကို်ယ်စားပြု အမျိုးသမီး အသင်းမှာတော့ မအိဖြူစင် နဲ့ မနန်​းစု​ဒေဝီ တို့က ပါ၀င်ယှဉ်ပြိုင်မောင်းနှင်သွားမှာဖြစ်ပါတယ်။ထိုင်​း နိုင်​ငံ ပတ္တယားကမ်​း​ခြေ က​နေ သြဂုတ်​ လ (၁၁ )ရက်​​နေ့ စတင်​ တာထွက်မှာဖြစ်​ပြီး မြန်​မာနိုင်​ငံ ​၊ ​နေပြည်​​တော်​ မြို့တော်​ဆီ ကို သြဂုတ်​လ (၁၆) ရက်​​နေ့ မှာ ပန်​းဝင်ရမှာလည်းဖြစ်ပါတယ်။

သာမာန်ကားပြိုင်ပွဲတွေလို ချောမွေ့တဲ့ ကားလမ်းမကြီးပေါ်မှာ မဟုတ်ပဲ တောလမ်း ခရီးမို့ တောင်အတက်၊ တောင် အဆင်း ၊ မြေလမ်း၊ တောလမ်း စသဖြင့် တကယ့်ကို ခက်ခက်ခဲခဲ နဲ့ ကြမ်းကြမ်းတမ်းတမ်း မောင်းနှင်းယှဉ်ပြိုင်ရမဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ အမျိုးသမီးတွေ ဖြစ်ကြပေမဲ့လည်း ဘယ်လောက်ပင် နူးညံ့တယ်ဆိုစေကာမူ သာမန်ယောကျ်ားသား များတောင် မလုပ်နိုင်တဲ့ ခုလိ်ု Asia Cross Country Rally 2019 ကားမောင်းပြိုင်ပွဲမှာ ပါ၀င်လာတာဟာ ချီးကျူးစရာပါပဲ။ လက်ရှိမှာ ယှဉ်ပြိုင်နေဆဲ အချိန်မှာတော့ မအိဖြူစင် နဲ့ မနန်​းစု​ဒေဝီ တို့ အမျိုးသမီး အသင်းဟာ ပထမဆုံး ပြိုင် တဲ့ နေ ့မှာတင် အဆင့် (၇) ဆင့် ကျော်တက် နိုင် ခဲ့ပြီး ဆက်လက် ကြိုးစား ယှဉ် ပြိုင် သွား မှာဖြစ်ကြောင်းလဲ သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နာမှာဖော်ပြထားတာမို့ ပရိသတ်ကြီး အတွက် ဖော်ပြပေးလိုက်ရပါတယ်။

Credit