ဘယ်သူ့ ဆီကမှ ထောက်ပံ့စရိတ်မယူပဲ ပုဂံဆေးအမှိုက်ကောက်အလုပ်နဲ့  ကျောင်းစရိတ်ရှာပြီး ဘွဲရအောင်ယူခဲ့တဲ့ ကျောင်းသား

0
232







Unicode

ပညာရှာပမာသူတောင်းစားဆိုတဲ့အတိုင်း ဘယ်အခြေအနေပဲရောက်နေပါစေ ကိုယ့်အားကိုယ်ကိုးပြီး ပညာသင်ယူနိုင်တာဟာ လူတော်တွေသာလုပ်နိုင်တဲ့ လုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်။

ရိုးသားစွာအသက်မွေးဝမ်းကြောင်းပြုပြီး ပိုက်ဆံရှာတာကလည်း ရှက်စရာမဟုတ်ပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့အတွက်ဂုဏ်ယူစရာကောင်းပါတယ်။

ယခုပြသထားတဲ့ပုံထဲက ကျောင်းသားတစ်ယောက်ကလည်း ဘယ်သူ့ဆီကမှ အ ထောက်အပံ့အကူအညီမယူပဲ ပုံဂံဆေး နဲ့ အမှိုက်ကောက်တဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်ခဲ့ရပြီး ရလာတဲ့ငွေနဲ့ ကျောင်းစရိတ်ရှာက ဘွဲ့ရအောင် ယူနိုင်ခဲ့ပါတယ်.။

မိဘဆင်းရဲတာကို အပြစ်တင်နေရမယ့်အစား ကိုယ်တိုင်ကြိုးစားရုန်းကန်ပြီး ပညာရေးဆုံးခန်းတိုင်အောင် ကြိုးစားခဲ့တဲ့ကျောင်းသားရဲ့လုပ်ရပ်ကိုတော့ လူများစွာက ချီးကျူးအားပေးနေကြပါတယ်။

ကျွန်တော်တို့နိုင်ငံမှာလည်း မပြည့်စုံကြတဲ့မိသားစုတွေများစွာရှိပါတယ်။ အားငယ်မနေပဲ သူ့လိုမျိုးအတုယူပြီးစိတ်ဓာတ်ခွန်အားရကြပါစေ။

Writer – SHN(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Source Ref : Social Action for Children and Women – SAW