ဘုရား ရဲ့ ဂုဏ်ကျေးဇူးကြောင့် ကားတိုက်မှုမှာ ဒဏ်ရာ တစ်ခုတောင် မရခဲ့ဘူး ဆိုတဲ့ မိုးပြည့်ပြည့်မောင်
0
239
May Phyo(MML)
Unicode
ဗီဒီယိုခေတ်မှာအလွမ်းမင်းသမီးအဖြစ် ခေတ်စားတဲ့ မိုးပြည့်ပြည့်မောင်ဟာ ယခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေ အနညး်ငယ်သာလုပ်ကိုင်ပေမယ့် ဘာသာရေးလုပ်ငန်းတွေကိုတော့ ဦးစားပေးလုပ်ကိုင်လာခဲ့ပါတယ်။ သူမဟာ မိခင်ဖြစ်သူနဲ့ အတူ သြဂုတ်လ (၁၃)ရက်နေ့က ရွှေတောင်မြို့ကို သွားခဲ့ပါတယ်။ သွားနေစဉ် ရန်ကုန်ပြည်လမ်းမပေါ် မှာ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်ကတော့ အုတ်ဖိုမြို့နယ် အတွင်း ရန်ကုန်- ပြည်ကားလမ်း မိုင်တိုင်အမှတ် (၁၁၄) လမ်းချော်ဧရိယာအတွင်း ရုပ်ရှင်သရုပ်ဆောင် မိုးပြည့်ပြည့်မောင် မောင်းနှင်လာသောကား မှာ ရှေ့ဘီးပေါက်၍ လမ်းဘေးသစ်ပင်အား တိုက်မိခဲ့ပါတယ်။ ယာဉ်ပေါ်မှာပါလားသော သားအမိ၂ယောက်လုံး ထိခိုက် ဒဏ်ရာ မရရှိခဲ့ဘူးလို့လဲ သိရပါတယ်။
အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး မိုးပြည့်ပြည့်မောင်ကတော့ သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ” မိုးပြည့်တို့သားအမိနှစ်ယောက်ဘုရားတရားသံဃာဂုဏ်ကျေးဇူးတို့ကြောင့်ဘာအန္တရာယ်မှမဖြစ်ပဲမထိခိုက်ပဲဒဏ်ရာတစ်ခုမှမရပဲရွှေတောင်မြို့မှဲ့ရှင်ဆရာတော်ကြီးမွေးနေ့ပွဲတွင်အနုပညာဖြင့်ပူဇော်ရန်ရောက်ရှိနေပါသည်,စိတ်ပူပေးကြသောမိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းများအားအထူးကျေးဇူးတင်မိပါတယ်ရှင်” ဆိုပြီး ရေးသားခဲ့ပါတယ်။
ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ ပရိသတ်ကြီးလဲ စိတ်မပူကြတော့နဲ့နော်။
May Phyo(MML)
Source – moe pyae pyae maung