သမီးေလးကို ဖုန္းမသုံးျဖစ္ေအာင္ ဂိမ္းစက္ေလးေတြ ကိုယ္တိုင္ တီထြင္ေပးရင္း ေအာင္ျမင္လာတဲ့ ေဖေဖ

0
426

သမီးေလးကို ဖုန္းမသုံးျဖစ္ေအာင္ ဂိမ္းစက္ေလးေတြ ကိုယ္တိုင္ တီထြင္ေပးရင္း ေအာင္ျမင္လာတဲ့ ေဖေဖ

ေခတ္ႀကီး တိုးတက္လာတာနဲ႔ အမွ် ကေလးေတြဟာ ေန႔တိုင္း လိုလို ဖုန္းေတြ တီဗီဂိမ္းေတြ ေပၚမွာပဲ အခ်ိန္ ကုန္ဆုံးေလ့ ရွိၾကပါတယ္။ ဒါေတြက သူတို႔ရဲ႕ ရည္မွန္းခ်က္ေတြကို ေနာက္ေႏွးေစ သလို က်န္မာေရးဘက္ မွာလည္း မ်ားစြာ ဆိုးက်ိဳးေတြ ျဖစ္ေပၚလာႏိုင္ ပါတယ္။

ဒါ့ေၾကာင့္ တ႐ုတ္ ႏိုင္ငံက ဖခင္တစ္ဦးဟာ သူ႔ရဲ႕ သားသမီးကို ဖုန္းေပးမသုံးေစ ခ်င္တဲ့ အတြက္ ဖုန္းအစား သူကိုယ္တိုင္း ဂိမ္းစက္ေလးေတြ တီထြင္ေပးခဲ့ ပါတယ္။

South China Morning Post ရဲ႕ အဆိုအရ အဆိုပါ အမ်ိဳးသားဟာ ကတ္ထူျပားေလး ေတြကို အမ်ားဆုံး အသုံးျပဳၿပီး ကေလးေတြ အတြက္ ဂိမ္းစက္ေလးေတြ တီထြင္ေပးျဖစ္ ခဲ့ပါတယ္။ သူ႔တီထြင္ထားတဲ့ ဂိမ္းစက္ေလး ေတြဟာ ကေလးေတြရဲ႕ ဉာဏ္ရည္ကို တိုးတက္ေစ သလို က်န္းမာေရး အတြက္လည္း ဆိုးက်ိဳးေတြ မျဖစ္ေပၚေစပါဘူး။

အဆိုပါ ဂိမ္းစက္ေလးေတြကို ကေလးေတြ အတြက္ တီထြင္ေပးရင္း လူႀကိဳက္မ်ား လာခဲ့တာ အခုဆို ဆိုရွယ္ မီဒီယာေပၚမွာ follower ၂.၃ သန္းေက်ာ္ေတာင္ ရွိေနပါၿပီ။ ကေလး အတြက္ ဂိမ္းစက္ေတြ တီထြင္ေပးရင္ အြန္းလိုင္း ကေန တဆင့္ video ႐ိုက္ ျပန္လည္ မွ်ေဝေပးခဲ့ တာေၾကာင့္ လူႀကိဳက္မ်ားလာ ခဲ့တာျဖစ္ပါတယ္။

ဖခင္ျဖစ္သူရဲ႕ ဆႏၵကေတာ့ သူ႔ရဲ႕ သားသမီးကို တစ္ေနကုန္ ဖုန္းေတြ၊ တီဗီဂိမ္းေတြေပၚမွာပဲ အခ်ိန္ျဖဳန္းတာကို မလိုလားခဲ့ ပါဘူး။ ဒါ့ေၾကာင့္ သူကိုယ္တိုင္ အခုလို ကစားစရာေလးေတြ တီထြင္ျဖစ္ခဲ့တာလို႔ ဆိုပါတယ္။ ငယ္စဥ္ ကတည္းက တီထြင္ေနရတာ ဝါသနာ ပါသူ ျဖစ္တာေၾကာင့္ ယခုသမီးေလးေမြးလာတဲ့ အခ်ိန္ မွာလည္း သူအတြက္ အ႐ုပ္ေတြ ကစားစရာေတြ ကိုယ္တိုင္ တီထြင္းေပးျဖစ္တာပါ။

အခုဆို သမီးေလးအတြက္ ကစားစရာ ဆိုတာ ဝယ္ေပးစရာေတာင္ မလိုေတာ့ ပါဘူး။ ဒါေပမဲ့ သူအတြက္ေတာ့ ဒီလို ကစားစရာေတြ၊ ဂိမ္းစက္ေတြ ျပဳလုပ္ဖို႔ အခ်ိန္ လဝက္ေလာက္ အထိ ၾကာခ်င္ ၾကာႏိုင္ပါတယ္ လို႔ ဆိုပါတယ္။ အစပိုင္း မွာေတာ့ ကိုယ့္သားသမီး ေဆာ့ဖို႔ပဲ တီထြင္ထားခဲ့ ေပမဲ့ ေနာက္ပိုင္းမွာ လူႀကိဳက္မ်ားလာ တာေၾကာင့္ DIY packages အျဖစ္ ျပန္လည္ ေရာင္းခ်ခဲ့ပါတယ္။

အဆိုပါ တ႐ုတ္ အမ်ိဳးသားဟာ “ကြၽန္ေတာ္ရဲ႕ ရည္႐ြယ္ခ်က္က ဒီတီထြင္မႈေတြကို အသက္ေမြး ဝမ္းေက်ာင္းအလုပ္ အျဖစ္ ေျပာင္းခ်င္တာပါ။ ကြၽန္ေတာ့္ DIY ပစၥည္းေလးေတြက ကေလးေတြနဲ႔ အတူတူရွိေနတဲ့ အခ်ိန္ မိဘအတြက္ေရာ၊ ကေလးေတြ အတြက္ပါ အဆင္ေျပေစမွာပါ။ ကစားစရာ ဆိုတာ ကေလးေတြနဲ႔ပဲ အခ်ိန္ကုန္တာ မ်ားတဲ့ အတြက္ သူတို႔ ကစားတဲ့ ကစားစရာအေပၚ မူတည္ၿပီး သူတို႔ရဲ႕ ဘဝမွာလည္း အက်ိဳး သက္ေရာက္မႈ မ်ားစြာ ရွိေစမွာပါ” လို႔ဆိုထားပါတယ္။

ရုပ္သံ

Crd Lifestyle Myanmar , Thar Nage

Unicode

သမီးလေးကို ဖုန်းမသုံးဖြစ်အောင် ဂိမ်းစက်လေးတွေ ကိုယ်တိုင် တီထွင်ပေးရင်း အောင်မြင်လာတဲ့ ဖေဖေ

ခေတ်ကြီး တိုးတက်လာတာနဲ့ အမျှ ကလေးတွေဟာ နေ့တိုင်း လိုလို ဖုန်းတွေ တီဗီဂိမ်းတွေ ပေါ်မှာပဲ အချိန် ကုန်ဆုံးလေ့ ရှိကြပါတယ်။ ဒါတွေက သူတို့ရဲ့ ရည်မှန်းချက်တွေကို နောက်နှေးစေ သလို ကျန်မာရေးဘက် မှာလည်း များစွာ ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင် ပါတယ်။

ဒါ့ကြောင့် တရုတ် နိုင်ငံက ဖခင်တစ်ဦးဟာ သူ့ရဲ့ သားသမီးကို ဖုန်းပေးမသုံးစေ ချင်တဲ့ အတွက် ဖုန်းအစား သူကိုယ်တိုင်း ဂိမ်းစက်လေးတွေ တီထွင်ပေးခဲ့ ပါတယ်။

South China Morning Post ရဲ့ အဆိုအရ အဆိုပါ အမျိုးသားဟာ ကတ်ထူပြားလေး တွေကို အများဆုံး အသုံးပြုပြီး ကလေးတွေ အတွက် ဂိမ်းစက်လေးတွေ တီထွင်ပေးဖြစ် ခဲ့ပါတယ်။ သူ့တီထွင်ထားတဲ့ ဂိမ်းစက်လေး တွေဟာ ကလေးတွေရဲ့ ဉာဏ်ရည်ကို တိုးတက်စေ သလို ကျန်းမာရေး အတွက်လည်း ဆိုးကျိုးတွေ မဖြစ်ပေါ်စေပါဘူး။

အဆိုပါ ဂိမ်းစက်လေးတွေကို ကလေးတွေ အတွက် တီထွင်ပေးရင်း လူကြိုက်များ လာခဲ့တာ အခုဆို ဆိုရှယ် မီဒီယာပေါ်မှာ follower ၂.၃ သန်းကျော်တောင် ရှိနေပါပြီ။ ကလေး အတွက် ဂိမ်းစက်တွေ တီထွင်ပေးရင် အွန်းလိုင်း ကနေ တဆင့် video ရိုက် ပြန်လည် မျှဝေပေးခဲ့ တာကြောင့် လူကြိုက်များလာ ခဲ့တာဖြစ်ပါတယ်။

ဖခင်ဖြစ်သူရဲ့ ဆန္ဒကတော့ သူ့ရဲ့ သားသမီးကို တစ်နေကုန် ဖုန်းတွေ၊ တီဗီဂိမ်းတွေပေါ်မှာပဲ အချိန်ဖြုန်းတာကို မလိုလားခဲ့ ပါဘူး။ ဒါ့ကြောင့် သူကိုယ်တိုင် အခုလို ကစားစရာလေးတွေ တီထွင်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ငယ်စဉ် ကတည်းက တီထွင်နေရတာ ဝါသနာ ပါသူ ဖြစ်တာကြောင့် ယခုသမီးလေးမွေးလာတဲ့ အချိန် မှာလည်း သူအတွက် အရုပ်တွေ ကစားစရာတွေ ကိုယ်တိုင် တီထွင်းပေးဖြစ်တာပါ။

အခုဆို သမီးလေးအတွက် ကစားစရာ ဆိုတာ ဝယ်ပေးစရာတောင် မလိုတော့ ပါဘူး။ ဒါပေမဲ့ သူအတွက်တော့ ဒီလို ကစားစရာတွေ၊ ဂိမ်းစက်တွေ ပြုလုပ်ဖို့ အချိန် လဝက်လောက် အထိ ကြာချင် ကြာနိုင်ပါတယ် လို့ ဆိုပါတယ်။ အစပိုင်း မှာတော့ ကိုယ့်သားသမီး ဆော့ဖို့ပဲ တီထွင်ထားခဲ့ ပေမဲ့ နောက်ပိုင်းမှာ လူကြိုက်များလာ တာကြောင့် DIY packages အဖြစ် ပြန်လည် ရောင်းချခဲ့ပါတယ်။

အဆိုပါ တရုတ် အမျိုးသားဟာ “ကျွန်တော်ရဲ့ ရည်ရွယ်ချက်က ဒီတီထွင်မှုတွေကို အသက်မွေး ဝမ်းကျောင်းအလုပ် အဖြစ် ပြောင်းချင်တာပါ။ ကျွန်တော့် DIY ပစ္စည်းလေးတွေက ကလေးတွေနဲ့ အတူတူရှိနေတဲ့ အချိန် မိဘအတွက်ရော၊ ကလေးတွေ အတွက်ပါ အဆင်ပြေစေမှာပါ။ ကစားစရာ ဆိုတာ ကလေးတွေနဲ့ပဲ အချိန်ကုန်တာ များတဲ့ အတွက် သူတို့ ကစားတဲ့ ကစားစရာအပေါ် မူတည်ပြီး သူတို့ရဲ့ ဘဝမှာလည်း အကျိုး သက်ရောက်မှု များစွာ ရှိစေမှာပါ” လို့ဆိုထားပါတယ်။

ရုပ်သံ

Crd Lifestyle Myanmar , Thar Nage