သားေလးကုိကုဖုိ႔ လွဴထားတဲ့ ေပါင္(၁)သိန္းကို အေပ်ာ္မယ္ေတြအတြက္ သုံးပစ္လုိက္တဲ့ဖခင္

0
250

အမ်ိဳးသားတစ္ေယာက္ဟာ သားျဖစ္သူကို ကုဖုိ႔ အရပ္ရပ္က စုေဆာင္းေပးထားတဲ့ ရံပုံေငြ ေပါင္ (၁၃၀၀၀၀)ကို အေပ်ာ္မယ္ေတြ၊ သူ တစ္ကိုယ္ေရသုံးဖုိ႔ မူးယစ္ေဆးေတြအတြက္ အတၱႀကီးစြာ သုံးစြဲပစ္ခဲ့ေၾကာင္း သိရပါတယ္။ သားျဖစ္သူအတြက္ စုေဆာင္းထားတဲ့ ေငြဟာ (၂၁၆၀၀၀)ရွိတယ္လို႔ သိရပါတယ္။

ဖခင္ရဲ႕အမည္ကေတာ့ Mateus Alves လုိ႔ သိရၿပီး၊ သူဟာ ေပါင္ (၁၃၀၀၀၀)ထက္ ပုိမ်ားတဲ့ပိုက္ဆံေတြကုိ သုံးပစ္ခဲ့တယ္လုိ႔ စြပ္စြဲခံေနရပါတယ္။ ဒီပုိက္ဆံေတြဟာ သူ႕သား João Miguel ကို ကယ္ဆယ္ဖုိ႔အတြက္ အလြန္ေစ်းႀကီးတဲ့ ေဆးေတြ ဝယ္ဖုိ႔ ရည္ရြယ္ထားတာပါ။

ရံပုံေငြေတြကို သူငယ္ခ်င္းေတြ၊ ေဆြမ်ိဳးေတြနဲ႔၊ အရပ္ဘက္ ပရဟိတအဖြဲ႕ေတြက ဝုိင္းဝန္းလွဴဒါန္းထားတာ ျဖစ္ပါတယ္။ Miguel မွာ အလြန္ရွားပါးတဲ့ Degenerative neuromuscular ေရာဂါတစ္မ်ိဳးျဖစ္တဲ့ Spinal Muscular Atrophy (AME) ကုိ ခံစားေနရပါတယ္။

Miguel ရဲ႕အသက္ကို ကယ္တင္ႏုိင္ဖုိ႔ Spinraza အမည္ရ ေဆးနဲ႔ ပုံမွန္ကုသရမွာပါ။ အလြန္ေစ်းႀကီးၿပီး AME ေရာဂါအတြက္ ဆရာဝန္ေတြ အထူးေထာက္ခံတဲ့ ေဆးျဖစ္ၿပီး Nusinersen လုိလည္း ေခၚၾကပါတယ္။ ေဆးတစ္လုံးထုိးဖုိ႔အတြက္ ေပါင္ (၈၁၀၀၀)အထိ ေပါက္ေစ်းရွိၿပီး-

(၆)ႀကိမ္အထိ ထုိးမွ Miguel ရဲ႕အသက္ကို ကယ္တင္ဖုိ႔ လမ္းစေတြ ျဖစ္လာမွာပါ။ ပုိက္ဆံတက္ႏုိင္တုိင္းလည္း ဒီေဆးရဖုိ႔ မလြယ္ပါဘူး။ အလြန္ေစ်းႀကီးတဲ့ေဆးျဖစ္တာမုိ႔လုိ႔ အထူးကန္႔သတ္နဲ႔ ထုတ္လုပ္ပါတယ္။ ဒါကို ဖခင္ျဖစ္တဲ့ Alves က လုပ္ရက္ခဲ့တာ ျဖစ္ပါတယ္။

Alves ကုိ မသမာမႈ၊ ေငြအလြဲသုံးစားလုပ္မႈနဲ႔ ဘရားဇီအေရွ႕ေျမာက္ပိုင္း၊ Salvador က ၾကယ္ငါးပြင့္ေဟာ္တယ္ထဲမွာ အေပ်ာ္မယ္ေတြနဲ႔ ေပ်ာ္ျမဴးေနစဥ္ လက္ရဖမ္းဆီးခဲ့တာပါ။ သူ႕ကို ဇူလုိင္ (၂၂)ရက္ကမွ ဖမ္းႏုိင္ခဲ့တာျဖစ္ၿပီး၊ ဒီၾကားထဲမွာ တစ္လၾကာ ေရွာင္တိမ္းေနခဲ့တာပါ။ ေထာင္ဒဏ္(၁၀)ႏွစ္အထိ ခ်မွတ္ခံရဖုိ႔ရွိပါတယ္။

လင္းေဇာ္ကို (D Nae Thit & D Nae Khit)

source : UniLad

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အမျိုးသားတစ်ယောက်ဟာ သားဖြစ်သူကို ကုဖို့ အရပ်ရပ်က စုဆောင်းပေးထားတဲ့ ရံပုံငွေ ပေါင် (၁၃၀၀၀၀)ကို အပျော်မယ်တွေ၊ သူ တစ်ကိုယ်ရေသုံးဖို့ မူးယစ်ဆေးတွေအတွက် အတ္တကြီးစွာ သုံးစွဲပစ်ခဲ့ကြောင်း သိရပါတယ်။ သားဖြစ်သူအတွက် စုဆောင်းထားတဲ့ ငွေဟာ (၂၁၆၀၀၀)ရှိတယ်လို့ သိရပါတယ်။

 

ဖခင်ရဲ့အမည်ကတော့ Mateus Alves လို့ သိရပြီး၊ သူဟာ ပေါင် (၁၃၀၀၀၀)ထက် ပိုများတဲ့ပိုက်ဆံတွေကို သုံးပစ်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ ဒီပိုက်ဆံတွေဟာ သူ့သား João Miguel ကို ကယ်ဆယ်ဖို့အတွက် အလွန်စျေးကြီးတဲ့ ဆေးတွေ ဝယ်ဖို့ ရည်ရွယ်ထားတာပါ။

ရံပုံငွေတွေကို သူငယ်ချင်းတွေ၊ ဆွေမျိုးတွေနဲ့၊ အရပ်ဘက် ပရဟိတအဖွဲ့တွေက ဝိုင်းဝန်းလှူဒါန်းထားတာ ဖြစ်ပါတယ်။ Miguel မှာ အလွန်ရှားပါးတဲ့ Degenerative neuromuscular ရောဂါတစ်မျိုးဖြစ်တဲ့ Spinal Muscular Atrophy (AME) ကို ခံစားနေရပါတယ်။

Miguel ရဲ့အသက်ကို ကယ်တင်နိုင်ဖို့ Spinraza အမည်ရ ဆေးနဲ့ ပုံမှန်ကုသရမှာပါ။ အလွန်စျေးကြီးပြီး AME ရောဂါအတွက် ဆရာဝန်တွေ အထူးထောက်ခံတဲ့ ဆေးဖြစ်ပြီး Nusinersen လိုလည်း ခေါ်ကြပါတယ်။ ဆေးတစ်လုံးထိုးဖို့အတွက် ပေါင် (၈၁၀၀၀)အထိ ပေါက်စျေးရှိပြီး-

(၆)ကြိမ်အထိ ထိုးမှ Miguel ရဲ့အသက်ကို ကယ်တင်ဖို့ လမ်းစတွေ ဖြစ်လာမှာပါ။ ပိုက်ဆံတက်နိုင်တိုင်းလည်း ဒီဆေးရဖို့ မလွယ်ပါဘူး။ အလွန်စျေးကြီးတဲ့ဆေးဖြစ်တာမို့လို့ အထူးကန့်သတ်နဲ့ ထုတ်လုပ်ပါတယ်။ ဒါကို ဖခင်ဖြစ်တဲ့ Alves က လုပ်ရက်ခဲ့တာ ဖြစ်ပါတယ်။

Alves ကို မသမာမှု၊ ငွေအလွဲသုံးစားလုပ်မှုနဲ့ ဘရားဇီအရှေ့မြောက်ပိုင်း၊ Salvador က ကြယ်ငါးပွင့်ဟော်တယ်ထဲမှာ အပျော်မယ်တွေနဲ့ ပျော်မြူးနေစဉ် လက်ရဖမ်းဆီးခဲ့တာပါ။ သူ့ကို ဇူလိုင် (၂၂)ရက်ကမှ ဖမ်းနိုင်ခဲ့တာဖြစ်ပြီး၊ ဒီကြားထဲမှာ တစ်လကြာ ရှောင်တိမ်းနေခဲ့တာပါ။ ထောင်ဒဏ်(၁၀)နှစ်အထိ ချမှတ်ခံရဖို့ရှိပါတယ်။

လင်းဇော်ကို (D Nae Thit & D Nae Khit)

source : UniLad