ချွေးနည်းစာနဲ့ စုဆောင်းထားတဲ့ ရံပုံငွေနဲ့ ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းခဲ့တဲ့ ကိုလူချောတို့ အဖွဲ့ သရုပ်ဆောင်များ
0
153
ကိုလူကြမ်းအဖွဲ့သားတွေက လှိုင်သာယာမြို့နယ် အောင်ချမ်းသာရွာ ရေမြှပ်၍ချက်ပြုတ်မစားနိုင်သောကြောင့် ကိုလူချောအဖွဲ့သားများချွေးနည်းစာဖြင့်စုဆောင်းထားသော ကိုလူချောအဖွဲ့ပိုင် ရံပုံငွေဖြင့် ဆန် နှင့် ငွေသားများ သွားရောက်လှူဒါန်းခဲ့တယ်လို့  သိရပါတယ်။
ခရက်ဒစ် မိုမိုလေး
Unicode
ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး ရေကြီးရေလျှံမှုနဲ့ ပက်သတ်ပြီး တစ်နိုင်ငံလုံးက ပြည်သူတွေက စိုး်ရိမ်နေကြတာ ဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ပြည်သူတွေက စုပေါင်းပြီး ကယ်ဆယ်ကူညီရေးတွေ လုပ်ကိုင်ပေးနေသလို အနုပညာရှင်များကလည်း သူတို့တတ်နိုင်တဲ့အားနဲ့ ကူညီနေကြတာ ဖြစ်ပါတယ်။
လူကြမ်းသရုပ်ဆောင်များစုစည်းထားတဲ့ ကိုလူချောအဖွဲ့ကလည်း ရေဘေးသင့်ပြည်သူများကို သူတို့တတ်နိုင်တဲ့ ငွေအား၊ လူအားနဲ့ တက်နိုင်သလောက်လေး ကူညီပေးနေတာကို တွေ့ရပါတယ်။
ကိုလူကြမ်းအဖွဲ့သားတွေက လှိူင်သာယာမြို့နယ် အောင်ချမ်းသာရွာ ရေမြှပ်၍ချက်ပြုတ်မစားနိုင်သောကြောင့် ကိုလူချောအဖွဲ့သားများချွေးနည်းစာဖြင့်စုဆောင်းထားသော ကိုလူချောအဖွဲ့ပိုင် ရံပုံငွေဖြင့် ဆန် နှင့် ငွေသားများ သွားရောက်လှူဒါန်းခဲ့တယ်လို ့ သိရပါတယ်။
ဒါ့အပြင် ကိုလူကြမ်းအဖွဲ့သားတွေက မွန်ပြည်နယ် မော်လမြိုင်မြို့က ရေဘေးဒုက္ခသည်တွေအတွက် ရန်ကုန် နာရေးကူညီမှုအသင်းနဲ့အတူတူ လိုက်လံကူညီဆောင်ရွက်ပေးနေတာကို တွေ့ရပါတယ်။
လူကြမ်းမင်းသားကြီးတွေကတော့ သူတို့ရဲ့ ချွေးနည်းစာလေးတွေ စုဆောင်းပြီး ထမင်းရှင် ပြည်သူတွေရဲ့ အခက်အခဲကို ကူညီပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကိုလူချောအဖွဲ့ရဲ့ အလှူအတွက် သာဓုခေါ်ပေးကြပါဦးနော်။
Source: နာရေးကူညီမှုအသင်း-ရန်ကုန် & Thant Sin YT
ခရက်ဒစ် မိုမိုလေး