ေနာင္ခ်ိဳ တိုက္ပြဲျဖစ္ပြားမႈ ႏွင့္ လူနာတင္ကား ဝင္လို႕မရတဲ့ အေျခအေန (ရုပ္သံ)

0
1032

ေနာင္ခ်ိဳ တိုက္ပြဲျဖစ္ပြားမႈ ႏွင့္ လူနာတင္ကား ဝင္လို႕မရတဲ့ အေျခအေန (ရုပ္သံ)

ေနာင္ခ်ိဳ တိုက္ပြဲျဖစ္ပြားမႈ ကနဦးသတင္း အေျခအေန

ေနာင္ခ်ိဳ ဂုတ္တြင္းမွာ ဒီမနက္ (၅) နာရီခန္႔တြင္ တိုက္ပြဲ ျဖစ္ပါတယ္။ ကနဦး သတင္းအရ ရဲတစ္ေယာက္နဲ႔ အရပ္သားတစ္ေယာက္ ဒဏ္ရာရတယ္လို႔ သိရပါတယ္။

မႏၲေလး-မူဆယ္ကားလမ္း ျပင္ဦးလြင္ၿမိဳ႕အထြက္ တိုးဂိတ္ မူးယစ္ေဆးဝါးရွာေဖြသည့္ X-Ray စက္ ထားရွိသည့္ေနရာႏွင့္ တပ္မေတာ္နည္းပညာတကၠသိုလ္ ဝန္းအတြင္းသို႔ ယေန႔(ၾသဂုတ္ ၁၅) နံနက္ (၅) နာရီခန္႔ အခ်ိန္က အမည္မသိ လက္နက္ကိုင္အဖြဲ႔မွ လက္နက္ႀကီး ျဖင့္လာေရာက္ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္းသတင္းရရွိပါသည္။

ဂုတ္တြင္း တိုးဂိတ္တာဝန္က် ဝန္ထမ္းမ်ားမွ ဒဏ္ရာရ သူမ်ားအား ေနာင္ခ်ိဳေဆးရံုသို႔ ျဖဴစင္ေမတၱာလူမႈကူညီေရးအသင္းမွ ကူညီ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရပါသည္။ ဦးခါင္းကို ေသနတ္ဒင္ျဖင့္ ႐ိုက္ခံထားရတယ္လို႔ သိရပါသည္။

တိုက္ပြဲေတာက္ေလ်ွာက္ျဖစ္ေနပါတယ္။ တပ္မေတာ္မွ ေတာက္ေလ်ွာက္႐ွင္းလင္းေရးလုပ္ေနပါတယ္။ ထိေတြ႔မႈ့မ်ား႐ွိေနသည့္အတြက္ အိမ္ထဲမွာဘဲေနၾကဖို႔ သတိေပးမႈမ်ားလည္း ရွိေနေၾကာင္း သိရပါသည္။

မ်ိဳးသက္ေအာင္(ျပင္ဦးလြင္)

ရုပ္သံဖိုင္ မ်ားကိုေအာက္တြင္ေဖာ္ျပေပးလိုက္ပါသည္

15.8.2019ေနာင္ခ်ဳိ တိုးဂိတ္နား

Posted by Moe Khar Yay on Wednesday, 14 August 2019

Video Source ; Sai Samwan & Moe Khar Yay

Posted by Sai Samwan on Wednesday, 14 August 2019

Unicode

နောင်ချို တိုက်ပွဲဖြစ်ပွားမှု နှင့် လူနာတင်ကား ဝင်လို့မရတဲ့ အခြေအနေ (ရုပ်သံ)

နောင်ချို တိုက်ပွဲဖြစ်ပွားမှု ကနဦးသတင်း အခြေအနေ

နောင်ချို ဂုတ်တွင်းမှာ ဒီမနက် (၅) နာရီခန့်တွင် တိုက်ပွဲ ဖြစ်ပါတယ်။ ကနဦး သတင်းအရ ရဲတစ်ယောက်နဲ့ အရပ်သားတစ်ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။

မန္တလေး-မူဆယ်ကားလမ်း ပြင်ဦးလွင်မြို့အထွက် တိုးဂိတ် မူးယစ်ဆေးဝါးရှာဖွေသည့် X-Ray စက် ထားရှိသည့်နေရာနှင့် တပ်မတော်နည်းပညာတက္ကသိုလ် ဝန်းအတွင်းသို့ ယနေ့(သြဂုတ် ၁၅) နံနက် (၅) နာရီခန့် အချိန်က အမည်မသိ လက်နက်ကိုင်အဖွဲ့မှ လက်နက်ကြီး ဖြင့်လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါသည်။

ဂုတ်တွင်း တိုးဂိတ်တာဝန်ကျ ဝန်ထမ်းများမှ ဒဏ်ရာရ သူများအား နောင်ချိုဆေးရုံသို့ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါသည်။ ဦးခါင်းကို သေနတ်ဒင်ဖြင့် ရိုက်ခံထားရတယ်လို့ သိရပါသည်။

တိုက်ပွဲတောက်လျှောက်ဖြစ်နေပါတယ်။ တပ်မတော်မှ တောက်လျှောက်ရှင်းလင်းရေးလုပ်နေပါတယ်။ ထိတွေ့မှု့များရှိနေသည့်အတွက် အိမ်ထဲမှာဘဲနေကြဖို့ သတိပေးမှုများလည်း ရှိနေကြောင်း သိရပါသည်။

မျိုးသက်အောင်(ပြင်ဦးလွင်)

Video Source ; Sai Samwan & Moe Khar Yay