စစ်ကားရိုက်ဖို့ ဗိုက်ပူဘဝကိုစွန့်လွှတ်တော့မယ့်ရွှေထူး

0
66

ရွှေထူးဟာဆိုရင် လွန်ခဲ့တဲ့နှစ်အတန်ကြာကတည်းက ပရိသတ်တွေအားပေးကြတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး အခြားသူတွေနဲ့ကွဲပြားခြားနားစွာ နက်ရှိုင်းကြည်လင်တဲ့အသံပါဝါကိုပိုင်ဆိုင်ထားတာကြောင့်လည်းအချိန်တစ်ခဏအတွင်း လူကြိုက်များကျော်ကြားပြီးအောင်မြင်မှုရလာခဲ့တယ်ဆိုရင်မမှားပါဘူး။ ရွှေထူးက ရွှေမှုံရတီနဲ့လက်ထပ်ပြီး သာယာတဲ့အိမ်ထောင်ရေးဘဝလေးကိုပိုင်ဆိုင်ထားသလိုအနုပညာဘက်မှာဆိုရင်လည်း မင်းသားတစ်လက်အဖြစ်အရှိန်အဟုန်ပြင်းပြင်းနဲ့အနုပညာဖန်တီးမှုတွေလုပ်နေပါတယ်။ ရွှေထူးက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ နောက်ထပ်ရိုက်မယ့်ရုပ်ရှင်အတွက် ပြင်ဆင်နေတဲ့အကြောင်းနဲ့ လက်ရှိလုပ်နေတာလေးတွေကိုပြောပြသွားပါတယ်။

ရွှေထူးက အရင်ကတည်းက Gym ဆော့ဖြစ်ပေမယ့်ဆက်မဆော့ဖြစ်တဲ့အကြောင်း “Gym က ကျွန်တော်ရှေ့မှာလည်းဆော့တော့ဆော့တယ်။ Gym က သိတဲ့အတိုင်းအစားလည်းဆင်ခြင်ရသေးတယ်။အအိပ်ကလည်းမှန်ရသေးတယ်လေ။ သူငယ်ချင်းတွေနဲ့နေတုန်းကတော့ သိတဲ့အတိုင်း ညဘက် ဂိမ်းဆော့ဘာဆော့ဆိုတော့ နောက်ကျတော့လည်း ကြွက်သားက ဖြစ်ထွန်းချင်သလောက်လည်းမဖြစ်ထွန်းလာတော့ အစားလည်းမလျှော့နိုင်တော့ ဆက်ပြီးမဆော့ဖြစ်တော့ဘူး”လို့ ပြောပြထားပါတယ်။

အခုတော့ စစ်ကားရိုက်ရမှာမို့ Gym ဆော့တာကိုကြပ်ကြပ်မတ်မတ်ပြန်လုပ်ဖြစ်နေတဲ့အကြောင်း “အခုကျတော့လည်း စစ်ကားဆိုတော့ ဗိုက်ကပူနေလို့မရပြန်ဘူးလေ။ Target ကတော့ 6 packs ထိပဲ။ ဒါပေမယ့်လည်း 4 packs ရရ၊ 2 packs ရရ ရသလောက်တော့သွားမှာပဲ။ အစားကလည်းလျှော့ရတယ်လေ။ ထူးအောင်တို့လည်းပြောပါတယ်။ Gym က Trainer တွေလည်းပြောပါတယ်။ ကျွန်တော့်ကိုအစားလျှော့ဖို့။ ဒါပေမယ့် ကျွန်တော်ကလည်းမရဘူး။ ထမင်းကြိုက်တာကိုး။ ထမင်းမစားရရင်ကို စိတ်ကသိပ်မမှန်ဘူး။ အဲဒါကြောင့်မမျှော်လင့်ပါဘူးအများကြီးတော့။ 2 packs လောက်ရရင်ကျေနပ်ပါတယ်”လို့ ရယ်မောပြီးဖြေကြားထားပါတယ်။

Gym ဆော့ရတဲ့အခက်အခဲတွေအကြောင်းလည်း ရွှေထူးက “ဘယ်လိုတွေခံရလဲဆိုတော့ ထူးအောင်ကတော့ သိတဲ့အတိုင်းပဲ Body Building လုပ်ထားတာလေ။ လုံးဝ seriously သေချာလုပ်ထားတာဆိုတော့ သူဆော့တဲ့အတိုင်းတော့ လိုက်ဆော့ကြည့်တာပဲ။ ဒါပေမယ့် ကျွန်တော်တို့ လျှာထွက်တာပဲ။ ကျွန်တော်က ငါ့ကိုစောင့်ဦးနော် တစ်ပတ်လောက်ထိ၊တစ်လလောက်ထိစောင့်ဦးနော်ဆိုပြီး။ထူးအောင်ရော Gym က Trainer တွေရော ကျွန်တော့်ကို seriously သေချာလုပ်ပေးကြပါတယ်”လို့ ပြောပြထားပါတယ်။

နောက်ထပ်ရိုက်မယ့်ဇာတ်ကားအကြောင်းကို ရွှေထူးက “ကျွန်တော့်ဆီကို ဇာတ်လမ်းတော့မရောက်သေးဘူး။ ကျွန်တော်သိထားတာက စစ်ကား။Adventure လေးတွေလည်းပါမယ်။ ဟာသလေးတွေလည်းပါမယ်ပေါ့။ အဲဒါပဲသိထားသေးတယ်။ ဇာတ်လမ်းမရောက်သေးလို့ဗျ။ ကျွန်တော့်ကို ကိုဝေမင်းမောင်ကတော့ ဇာတ်လမ်းတွေပြပါတယ်။ 7th sense နဲ့ ကျွန်တော်အလုပ်လုပ်ရတာ အဆင်ပြေတာက ကျွန်တော်ဖြစ်ချင်တာ ကျွန်တော်လုပ်ချင်တာ။ ကျွန်တော်မလုပ်ချင်တာကိုနားလည်ပေးတယ်။ အဲဒီအတွက်လည်းကျွန်တော်တို့ တော်တော်အဆင်ပြေပါတယ်”လို့ ဖြေကြားထားပါတယ်။crd