Online ပေါ်မှာ မေပန်းချီ နာမည်နဲ့ အကောင့်တုဖွင့်ပြီး လူတွေဆီမှာ ပိုက်ဆံလိမ်ယူမှု ဖြစ်ပွား

0
174







Source;may pan che

Unicode

ပရိသတ်တွေကို အမိုက်စား ပုံရိပ်ကလေးတွေနဲ့ ဖမ်းစားထားလေ့ရှိတဲ့ နိုင်ငံကျော်သရုပ်ဆောင် မေပန်းချီ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ စွဲမက်ဖွယ်ကောက်ကြောင်းအလှကလည်း ပုရိသတွေကြားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ သရုပ်ဆောင် မေပန်းချီ ရဲ့ နာမည်အကောင့်တုဖွင့်ပြီး ပိုက်ဆံလိုက်ချေးနေတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မေပန်းချီက သရုပ်ဆောင် ပီပြင် ပြီးကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တာကြောင့် သူမကိုချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပါ ။ မေပန်းချီက သူမကို ချစ်တဲ့ ပရိသတ်တွေအတွက် ဆွဲဆောင်မှု ရှိတဲ့ ပုံရိပ်ကလေးတွေကိုဖော်ပြလေ့ရှိသူပါ။

ဒီတစ်ခါမှာလည်း မေပန်းချီ က သူမနာမည်နဲ့ အကောင့်တုဖွင့်ပြီး ပိုက်ဆံလိမ်ယူနေတဲ့ အကြောင်းကို ဖုန်းနံပါတ်နဲ့ တကွ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ခုလို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

မေပန်းချီက ” ဖေ့ဘုတ်က လိမ်နည်းပေါင်းစုံထဲက တစ်ခုဖြစ်တဲ့ အကောင့်တုနဲ့ ပိုက်ဆံ ချေးတဲ့ လိမ်နည်းအကြောင်းပြောပြပါရစေ မေပန်းချီ နာမည်နဲ့ ပုံနဲ့ သုံးပြီး တခြားအကောင့်က အကောင်တစ်ယောက်ကို ပိုက်ဆံ (၁၂၀၀၀)လွှဲခိုင်းပါတယ် လွှဲပေးလိုက်တဲ့ လူက ၂၆ရက်နေ့ ကပန်းချီ ဆိုင်ရှေ့မူးရူးပြီးအကြွေးလာတောင်းပါတယ် ”

“ပိုက်ဆံ သောင်း၂ထောင် နဲ့ ကျွန်မ ချေးပါ့မလား မစဉ်းစား သင့်ဘူးလား လိမ်တဲ့ မိန်းမကလဲအရူး အလိမ်ခံရတဲ့ အကောင်က ပါ မေပန်းချီနဲ့ ကြိုက်နေတာပါဆိုပြီး fb. Cb မှာ ကြူထားတဲ့ဟာတွေ ရှိကြောင်းKate amazing ဆိုင်ရှေ့ လာသောင်းကျန်း ပါတယ် ဘုရား ဘုရားအကောင့်အတုက မိန်းမရေး ကိုယ်ချင်းစာတရားလေးထားပါ ဒီဖုန်းပိုင်ရှင် (09255920313)”

“အသိတရားများမရှိကျတာလားလူလိမ်မ နဲ့ သူများသားသမီး ကို ရစရာမရှိအောင် ရူးကြောင်ကြောင် လုပ်တဲ့ အကောင် ပုံပါ တင်ပေးထားပါတယ် မေပန်းချီနဲ့ သူက ကြိုက်နေတာပါ စားစရာမရှိလို့ သူပိုက်ဆံချေးပေးလိုက်တာပါ သူနဲ့ဘယ်အတိုင်းအတာ ထိနေဖူးပါတယ်ဆိုပြီး ဘေးပတ်ဝန်းကျင်ကဆိုင်တွေ ကိုပြောသွားပါတယ် လူက ဆိုက်ကားနဲ့ ဆိုင်ပိတ်ထားတဲ့အချိန်မှာရောက်လာတာပါ ထပ်လာရင် ရဲခေါ်ထားပါတယ်” ဆိုပြီးပြောထားပါတယ်။

သူမနာမည် နဲ့ အကောင့်တုဖွင့်ပြီး လိမ်နေတဲ့ သူအကြောင်း ပြောလာတဲ့ မေပန်းချီ ရဲ့အဖြစ်ကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source;may pan che