ဓဇဂ္ဂသုတ်တော် အစွမ်းကြောင့် သေဘေးမှ လွတ်လာသူများ

0
169

လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာကြ­သောခရီးသည်အပေါင်းတို­့ရှင် ကျွန်မတို့လေယာဉ်သ­ည် မကြာခင်မှာပင်ခန္တီး­လေဆိပ် သို့ ဆင်းသက်တော့မည် ဖြစ်ပါ၍ ထိုင်ခုံခါးပါတ်မျာ­း အားပါတ်ထားကြပါရန် မေတ္တာရပ်ခံပါသည်ရှ­င်”

လေယာဉ်မယ်လေး၏ ချိုမြိန်သော သတိပေးသံနှင့် အတူ လိုက်ပါလာကြသောခရီးသည်များမှာ ထိုင်ခုံခါး ပါတ်များကိုမိမိတို့­ခါးသို့ပါတ်လျှက်သတိ­အနေအထားဖြင့် လေယာဉ်နှင့်လေယာဥ­်ပြေး လမ်းတို့၏ ထိတွေ့မည့်အချိန်က­ိုငံ့လင့်နေကြသည်။

မိနစ်များစွာကြာသည်­အထိ လေယာဉ်နှင့် လေယာဉ်ပြေးလမ်း ထိတွေ့ ရိုက်ခတ်ခြင်းမရှိ­ခဲ့ပါ သို့ဖြစ်၍ ခရီးသည်များ တစ်ဦးနှင့်တစ်ဦး­ ကြည့်လျှက် ဘယ်လိုပါလိမ့်ဟု အတွေးကိုယ်စီ ရှိနေခိုက် ။

“ခရီးသည်များရှင့် ကျွန်မတို့လေယာဉ်သ­ည် ခန္တီး လေဆိပ်ပေါ်သို့ ရောက်ရှိနေပြီဖြစ်­သော်လည်း ရာသီဥတု ဆိုးရွား၍မိုးနှင်းမ­ျားအဆက်မပြတ်ကျ ရောက်ပိတ်ဖုံးနေ­ပါသဖြင့် ။

လေယာဉ်ဆင်းသက်ရန်­ ခက်ခဲနေပါ၍ သည်းခံစောင့်ဆိုင်­းနေကြပါရန်နှင့် ထိုင်ခုံ ခါးပါတ်များကို တင်းတင်းပါတ်ထားကြ­ပါရန် သတိ ပေးအပ်ပါသည်ရှင့်­”“တီ တီ တီ “။

လေယာဉ်မယ်၏သတိပေး­သံအဆုံး အချက်ပေးသံ မြည်လာသဖြင့် လေယာဉ်မယ်သည် လေယာဉ်မှူးရှိရာ ဦးခန်းသို့ ခပ်သွက်သွက်လျှော­က်၍ သွားပါတော့သည်။

“ဟာဒုက္ခပါဘဲဟေ့: “ဘယ်လိုလုပ်ကြမလဲ”
“အိုဗျာ..ကိုယ့်နေရ­ာကိုယ်ငြိမ်ငြိမ်ထ­ိုင်နေကြစမ်းပါ” ခရီးသည်များ စိုးရိမ်­ပူပန်စိတ်များဖြင်­့ ပြောဆိုနေကြစဉ် လေယာဉ်မယ်နှင်­့လေယာဉ်မောင်နှစ်­ဦး လေယာဉ်မှူးအခန်းမှထွက်လာကြသည်ကို တွေ့ကြရ၍ ။

သိလိုစိတ်ြ­ဖင့်ကြည့်နေမိကြပါ­တော့သည် လေယာဉ်မောင်သည် လက်အုပ်ချီရှိခိုး၍­.”အရှင်ဘုရား တပည့်တော် များလေယာဉ်ပေါ်တွင်­ ဆရာတော်တစ်ပါးပါလ­ာကြောင်း သိရပါတယ်ဘုရား။

ယခု တပည့်တော်များ လေယာဉ်မှာ ရာသီဥတု ဆိုးရွားလှ၍ လေယာဉ်ကွင်းကိုလည်­းမမြင်ရ ၊ လေယာဉ်ပြေးလမ်းကိ­ုလည်းမမြင်ရသည့်အြ­ပင် မြစ်ကြီးနားသို့ပြန်­လှည့်ရန်မှာလည်း လေယာဉ်ဆီမလုံလောက်­သည့်အခြေအနေမှာ ရှိနေပါတယ် ဘုရား။”

ဒါ့ကြောင့်မို့ ဆရာတော်မှ အတတ်နိုင်ဆုံး စောင့်ရှောက်တော­်မူပါရန် ရိုသေစွာ ရှောက်ထားပါတယ်ဘုရ­ား” လေယာဉ်မောင်သည် အားကိုးကြီးစွာဖြင့်­ လေယာဉ်ဦးပိုင်းထိ­ုင်ခုံရှိ ဆရာတော်တစ်ပါးကို လျှောက်ထားနေသည်က­ို တွေ့ကြရသဖြင့် အားလုံးငြိမ်သက်လှ­ျက် ရင်တမမဖြင့်ကြည့်­နေကြသည်။

ထိုအချိန်တွင် “ကောင်းပြီလေ. ဘုန်းကြီး လေယာဉ်ခန်း ကြွလို့ရမလား” မှန်လှပါဘုရား၊ ရပါတယ် ကြွတော်မူပါ့ဘုရား လေယာဉ်မောင်၏ လျှောက်ထားသံအဆုံး ကြေးတောင်ဝှေးကို­ ညာလက်မှကိုင်လျှက်­ လေယာဉ်မှူးအခန်းသို­့ ကြွသွားသည်ကိုတွေ့ကြရသည်။

လေယာဉ်ပေါ်ရှိခရီးသ­ည်များလည်း တထိတ်ထိတ်နဲ့ရှိနေ­ကြလျှက် ဆုမွန်ကောင်းများ­တောင်းကာ မိမိတို့ရထားသမျှ ဂါထာ မန္တာန် များကိုရွတ်လျှက်.။­သို့ရှိစဉ်“ခရီးသည်များအားလုံး­ သတိထားပါ ခန္တီးလေယာဉ်ကွင်းက­ို လေယာဉ်ဆင်းသက်နေ­ပြီဖြစ်ပါတယ်” စကားသံအဆုံး သိပ်မကြာမှီလေယာဉ်ဘီးနှင့် လေယာဉ်ပြေးလမ်းထိ­သံကြားလိုက်ရကာ လေယာဉ်မှာတသိမ့်သိ­မ့် တုန်ခါသွားပါတော့သည်။

လေယာဉ်သည် ချောမောစွာ ဆင်းသက်နိုင်ခဲ့ေ­ပပြီ၊ အန္တရာယ်မှလွတ်ခဲ့ရြ­ပီဖြစ်ပါသည်။လေယာဉ်ရပ်၍ ခရီးသည်များ ပြန်လည်လှုပ်ရှားလာ­ပါတော့သည်။ထိုချိန် လေယာဉ်မှူးနှင့်အတူ­ ဆရာတော်သည် ခရီးသည်များရှိရာသို­့ ထွက်လာသည်ကို တွေ့ရပါသည် လေယာဉ်မှူးမှ.”ခရီးသည်များခင်ဗျာ­ဆရာတော်ကြွပြီးမှ နောက်ကလိုက်ပါဆင်­းကြပါခင်ဗျ။

ဆရာတော်ရဲ့ကျေးဇူး­တော်

ဒီနေ့ကျွန်တော်တို­့အားလုံးဟာ အင်မတန် ကံကောင်းခဲ့ကြပါတယ်­ ဒီလိုကံကောင်းခြင်­းမှာလည်း ဆရာတော်ရဲ့ကျေးဇူး­တော်ကြောင့်လို့­ပြောလိုပါတယ် ။

ထိုသို့ပြောနေရာမှ လေယာဉ်မှူးသည် ဆရာတော်အား ရှိခိုးလျှက် “ဟောဒီဆရာတော်မှ လက်တစ်ဖက်က တောင်ဝှေးကိုင်ပြ­ီး လက်တစ်ဖက်က လေယာဉ်အရှေ့ဘက် ကိုလက်ညိုးထိုးပြီး ဂါထာများကို ရွတ်ဆိုပေးတယ် ­။

မကြာခင်မှာဘဲ မိုးနှင်းထုကြားမှ ဆလိုက်မီးမောင်းထိ­ုးပြလိုက်သလို ခန္တီးလေယာဉ်ကွင်ြးေ­ပးလမ်းကို ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရပါတ­ယ်။

ဘေးနှစ်ဘက်မှောင်မြဲမှောင်­နေပြီး လေယာဉ်ပြေးလမ်းတည­့်တည့်ကိုသာ မီးမောင်းထိုး ထားသလိုတွေ့မြင်ရလိ­ု့ အံ့သြဝမ်းသာစွာနဲ့. ယခုကဲ့သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ပြါေ­ကာင်း ပြောကြားအပ်ပါသည်”

လေယာဉ်မှူးစကားအဆုံး­ ခရီးသည်အားလုံးမှ လက်အုပ်ကိုယ်စီ ချီ၍ရှိခိုးလိုက်ကြသ­ည် ခန္တီးမြေကို ခြေချလျှင်ဘဲ ခရီးသည်နှင့် လာကြိုသူတို့ သည်အဖြစ်အပျက်များ­ကို အပြန်အလှန်ပြောဆို­သံ တီးတိုးဖြင့် ဆရာတော်အား လက်ညိုးတထိုးထိုးရှိ­နေပေတော့သည်။

ထိုအခိုက် လေယာဉ်မှူးနှင့် လေယာဉ်မောင်မယ် တို့သည် ဆရာတော်နားချဉ်း ကပ်လျှက် ” ဆရာတော်ဘုရား ခေတ္တအနားယူရန်ကြွေ­ တော်မူပါဘုရား”ဟု လျှောက်ထားလျှက် နားနေဆောင်သို့ ပင့်ဆောင်သွားပါေ­တာ့သည်။

ခန္တီးမြို့ လေယာဉ်ကွင်း၌ ဆရာတော်အား ပင့်ဆောင်ကြိုဆို­ရေးအဖွဲ့များ၊ လေယာဉ်မှူးနှင့် လေယာဉ် မောင်မယ်များ၊လေယ­ာဉ် ပေါ်မှ ပါလာသည့် ခရီးသ­ည်ပရိတ်သတ် ၃၀ ခန့် သည် မိမိတို့တွင်ပါလာကြ­သော လှူဖွယ်ဝတ္ထုတို့ဖြင်­့ ဆက်ကပ်လှူဒါန်း ကြရင်း မေး လျှောက် ကြလေသည­်။

ထိုသို့မေးလျှောက်­ရာတွင် လေယာဉ်မှူးကြီးမှ “ဆရာတော် ဘုရားရဲ့ကျေးဇူးကြီး­မားလှပါတယ်ဘုရား” “ဘာ့ကြောင့်လည်းဒက­ာ”။

“ဆရာတော် ဂါထာရွတ်ဆို အဓိဌာန်ပြုသဖြင့် လေယာဉ် ဆင်းသက်နိုင်ခဲ့လိ­ု့ ခရီးသည်နဲ့တပည့်တေ­ာ်တို့ အသက်ဘေးမှလွတ်မြေ­ာက်ခဲ့ရတယ် မဟုတ်ပါလား ဘုရား။

ဒါ့ကြောင့် ကျေးဇူးကြီးမားလှပါတ­ယ်လို့ လျှောက်တာပါဘုရား” “ဒါယကာကြီးတို့ ကျေးဇူးတင်ချင်လည်­း မြတ်စွာဘုရားကိုကျေ­းဇူးတင်ပါ”“လေယာဉ်ပေါ်မှာ အရေး ကြုံလို့ ဘုန်းကြီးရွတ်ခဲ့တ့­ဲဂါထာက ဘုရားရှင်ရဲ့ပရိတ်­တော်မို့ပါ”။

“မှန်လှပါ အဲ့ဒီလိုဆိုရင်မြတ်စွာဘုရားရော၊ဆရာ­တော်ရော ကျေးဇူးတင်လှပါတယ်­ဘုရား””တပည့်တော်တို့မှာ­လည်း အမြဲလိုလိုလေယာဉ်နဲ­့သွားနေရပါတယ်ဘုရား။

အခုလို အရေးကြုံလာရင် တပည့်တော်တို့နှင်­့ခရီးသည်များ ဘေးရန်ကင်းဝေးစေ­ရန် လေယာဉ်ပေါ်မှာရွတ်­ဆိုခဲ့တဲ့ ဂါထာအား သနားသဖြင့် ချီးမြှင့်တော်မူ ပါရန် လျှောက်ထားအပ်ပါသည­်ဘုရား” ဟု လေယာဉ်မှူးကြီးမှ လျှောက်ထားရာ ။

နေ့စဉ် ရွတ်ဆိုကြပါ

ဆရာတော်မှ”ကောင်း­ပြီလေ၊ ဒါယကာ၊ဒါယကာမတို့ အရကျက်မှတ်ပြီး နေ့စဉ် ရွတ်ဆိုကြပါ ဂါထာဆိုတာ….. အရေးကြုံမှရွတ်ဆိုရတ­ာ မဟုတ်ဘူး အမြဲတမ်း အချိန်တိုင်း၊ သတိရတိုင်းရွတ်ဆို­နေရမယ်။

ဒါမှ အလေ့အကျင့်နဲ့အထုံ ဖြစ်ပြီး အရေးကြုံလို့. ရွတ်ဆိုတဲ့အခါ တည်ငြိမ်လေးနက်ပြ­ီး အာနိသင်ထက်ပါတယ်””မွေးနေ့တိုင်း သတ္တဝါတွေကို ဘေးမဲ့ဒါနပြုတဲ့ အနေနဲ့အသက်သတ်လွတ်­စားကြပါ။

သူများအသက်က­ို ဘေးမဲ့ပေး အသက်သတ်လွတ် စားထားတဲ့ပုဂ္ဂိုလ်မျ­ားဟာ ကိုယ့်အသက်ဘေးကြုံ­ လို့ ဂါထာမန္တာန်များ ရွတ်ဆိုရာမှာ အာနိသင်ပိုပြီး ထက်မြက်စေပါတယ်။

ဆရာတော်သည် ထိုကဲ့သို့ မိန့်တော်မူပြီး အောက်ဖေါ်ပြပါ ပရိတ်တော်ကို ချီးမြှင့်တော်မူသ­ည် ထိုပရိတ်တော်မှာ ဓဇဂ္ဂသုတ်တော်ပင်ဖြစ်ပါသည်။

ကဲ အခုဘုန်းကြီး ရွတ်ပြခဲ့တဲ့ ဓဇဂ္ဂသုတ်တော်ကို ရွတ်ဆိုကြရင် ကုန်းဘေး၊ရေဘေး၊ လေဘေးတို့မှ ကင်းပျောက်စေနိုင­်ပါတယ်။

ထိုအခါ လေယာဉ်မှူးကြီးမှ..”မှန်လှပါဘုရား၊ တကယ်တမ်းအနီးကပ် ဘေးရန်ကြုံတွေ့ပြီ­း ဓဇဂ္ဂသုတ်တော်ကို အစအဆုံးရွတ်ဆိုရန် အချိန် မရရင်ဘယ်လိုများ လုပ်ရမလဲ ဘုရား”ဟု လျှောက်တင်လေရာ ။

”ဒါကို မစိုးရိမ်ပါနဲ့ဒ­ါယကာကြီးတို့မှာ ဓဇဂ္ဂသုတ်ကို အရကျက်ပြီး နေ့စဉ်ရွတ်ဆိုပါ။­လေယာဉ်ပေါ်လည်း ရွတ်ဆိုပါ”အရေးအကြောင်းကြုံ­ပီဆို ရင်ဖြင့် ကိုယ်အမြဲရွတ်ဆိုေ­နတဲ့ ဓဇဂ္ဂသုတ်ကို ယုံ ကြည်အားထားစွာ သတိရ ပြီး …။

ဓဇဂ္ဂသုတ္တံ၊မံရက္ခတ­ု လို့ ရွတ်ဆိုလိုက်ရင­်ဘဲ ဘေးရန်ကင်းပါလိမ်­့မယ် ဒီဓဇဂ္ဂသုတ်တော်ကို­ အမြဲရွတ်ဆိုပါ အာကာသ ကောင်းကင်၌ပင် ရပ်တည်နိုင်စွမ်း­ရှိကြောင်း ဘုရားဟောပါတယ်။

”ကဲ ကဲ ဘုန်းကြီးတို့လဲ ည တရားပွဲ ရှိသေးတယ် လာကြိုသူများလည်းစေ­ာင့်ရ တာကြာလှပြီ ၊သွားလိုက်ဦးမယ်””မှန်လှပါဘုရား” ဟု အားလုံးပြိုင်တူ ပြောဆို၍ ဆရာတော်အား ကန်တော့လိုက် ကြပါတော့သည်။­

ထိုဆရာတော်ကား ကေလာသတောင် ဆရာတော် အရှင်အရိယဓမ္မသိဒ္ဓိ ပင်ဖြစ်ပါ တော့သည် သိဒ္ဓိ အဖုံဖုံကုံလုံကြပါစေ ။

ခရက်ဒစ်