ယာဉ် ၃ စီးအားတိုက်မိပြီး ဘုရင့်နောင်တံတားပေါ် ခုန်ချထွက်ပြေး (ရုပ်သံ

0
148




မျက်စိရှေ့မှာဆိုတင် တံတားပေါ်ကခုန်ချပြီး sucide သွားတာဆိုတော့တော်တော်အံ့သြသွားတယ်ခုနက ၃:၁၀ မိနစ်က ဘုရင့်နောင်ဂုံးကျော်တံတားပေါ်မှာယာဉ်တိုက်မှုတစ်ခုဖြစ်တာဖြစ်စဉ်က taxi ကတိုက်ပြီးပြေးလာတာတိုက်ခံရတဲ့ကားကလဲနောက်ကလိုက်လာပြီးတော့ပြန်ဝိုင်းရိုက်ပြီး လိုက်လောင်ကြရော'မင်းထွက်ပြေးလို့မရအောင် wheel tax တွေ licine တွေသိမ်းထားမယ် 'ပြောပြီးကားမှန်ရိုက်ခွဲပြီးလူကိုဆွဲထုတ်ခေါင်းပါကွဲအောင်ရိုက်ပြီး ပြဿနာရှာတော့နောက်ဆုံးတိုက်တဲ့ကောင်ကတံတားပေါ်ကခုန်ချသွားရောပြဿနာရှာတဲ့ဘဲတွေကလဲ ချက်ချင်းအမှုပတ်မှာဆိုးလို့မြင်တဲ့အတိုင်းထွက်ပြေးသွားတယ်ပြသနာတစ်ခုခုတတ်လာတာနှင့်အမျှတောရိုင်းဥပဒေဿအတိုငိးပဲဖြေရှင်းတတ်ကြတာလား?အေးအေးဆေးဆေးပဲဖြေရှင်းသင့်တယ်ထင်ပါတယ်😣

Posted by Thuta Soe Kyaw on Friday, 28 June 2019


Unicode

ရန်ကုန်၊ ဘုရင့်နောင်မှာ ယာဉ် ၃ စီးကို ဝင်တိုက်ပြီး တံတားပေါ်ကာ ခုန်ချထွက်ပြေးတဲ့ ယာဉ်မောင်းတဦး ဒဏ်ရာရရှိခဲ့တာကြောင့် မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းက ဆေးရုံ ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။

မနေ့ညနေပိုင်းက ဖြစ်ခဲ့ပြီး ဒါကို အဲဒီနားမှာရှိတဲ့ ကားမောင်းသူတယောက်က ဗွီဒီယိုရိုက်ပြီး ဖေ့စ်ဘွတ်ခ်မှာတင်လိုက်တော့ လူပေါင်း ၃ သိန်းကျော်ဝင်ရောက်ကြည့်ရှုပြီး လူ ၉၀၀၀ လောက်က ပြန်ပြီးမျှဝေခဲ့ကြပါတယ်။

“မင်းထွက်ပြေးလို့မရအောင် wheel tax တွေ၊ license တွေသိမ်းထားမယ် ပြောပြီး ကားမှန်ရိုက်ခွဲပြီး လူကိုဆွဲထုတ်၊ ခေါင်းပါကွဲအောင်ရိုက်ပြီး ပြဿနာရှာတော့ နောက်ဆုံးတိုက်တဲ့ကောင်က တံတားပေါ်က ခုန်ချသွားရော” လို့ သူတွေ့တာကိုလည်း ရေးသားထားပါတယ်။ကားတိုက်ခဲ့သူဟာ အသက် ၂၆ နှစ်အရွယ် အငှားယာဉ်မောင်း ကိုဇေယျာအောင်ဖြစ်ပြီး ကား ၂ စီးကို တိုက်မိလို့ မောင်းပြေးလာရာကနေ နောက်ထပ် ကားတစီးကို ထပ်တိုက်မိတာ ဖြစ်ပါတယ်။

မျက်စိရှေ့မှာဆိုတင် တံတားပေါ်ကခုန်ချပြီး sucide သွားတာဆိုတော့တော်တော်အံ့သြသွားတယ်ခုနက ၃:၁၀ မိနစ်က ဘုရင့်နောင်ဂုံးကျော်တံတားပေါ်မှာယာဉ်တိုက်မှုတစ်ခုဖြစ်တာဖြစ်စဉ်က taxi ကတိုက်ပြီးပြေးလာတာတိုက်ခံရတဲ့ကားကလဲနောက်ကလိုက်လာပြီးတော့ပြန်ဝိုင်းရိုက်ပြီး လိုက်လောင်ကြရော'မင်းထွက်ပြေးလို့မရအောင် wheel tax တွေ licine တွေသိမ်းထားမယ် 'ပြောပြီးကားမှန်ရိုက်ခွဲပြီးလူကိုဆွဲထုတ်ခေါင်းပါကွဲအောင်ရိုက်ပြီး ပြဿနာရှာတော့နောက်ဆုံးတိုက်တဲ့ကောင်ကတံတားပေါ်ကခုန်ချသွားရောပြဿနာရှာတဲ့ဘဲတွေကလဲ ချက်ချင်းအမှုပတ်မှာဆိုးလို့မြင်တဲ့အတိုင်းထွက်ပြေးသွားတယ်ပြသနာတစ်ခုခုတတ်လာတာနှင့်အမျှတောရိုင်းဥပဒေဿအတိုငိးပဲဖြေရှင်းတတ်ကြတာလား?အေးအေးဆေးဆေးပဲဖြေရှင်းသင့်တယ်ထင်ပါတယ်😣

Posted by Thuta Soe Kyaw on Friday, 28 June 2019

နောက်ဆုံးတိုက်မိတဲ့ကားက နောက်ကလိုက်လို့ ဘုရင့်နောင်ကုန်းကျော်တံတားပေါ်မှာ မီလာပြီး အခုလို ဖြစ်ခဲ့တာပါ။တံတားပေါ်က ခုန်ချခဲ့ပေယ့် ၂ ထပ်တံတားဖြစ်လို့ အောက်က တံတားပေါ်ကိုကျသွားကာ ဒဏ်ရာရရှိခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့က အကူအညီတောင်းလို့ မြတ်ကုသိုလ် လူမှုကယ်ဆယ်ရေးအသင်းက သူ့ကို အင်းစိန်ဆေးရုံကို ပို့ပေးခဲ့ပါတယ်။