လူအုပ္ၾကားထဲ ေျမြနဂါးပုံႀကီးထည့္ၿပီး Photoshop လုပ္ခဲ့တဲ့ဆရာသမား အဖမ္းခံရ

0
243

တရုတ္ႏိုင္ငံ ခ်ံဳက်င္းၿမိဳ႕ေန အသက္(၅၀) ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးကို မဟုတ္မမွန္သတင္းျပန္႔ပြားေအာင္လုပ္ေဆာင္မႉနဲ႔ ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သိရပါတယ္။ ၄င္းအမ်ိဳးသားဟာ ေျမြနဂါးၾကီးတစ္ေကာင္ရဲ႕ ရုပ္ပံုကို ျပင္ဆင္တည္းျဖတ္ကာ အြန္လိုင္းေပၚတင္ခဲ့တာ ျဖစ္ပါတယ္။ ဓာတ္ပံုတင္ရံုနဲ႔တင္မၿပီးပဲ ဇြန္လ(၁၇) ေန႔တုန္းက စီခြ်မ္ျပည္နယ္ကို လႉပ္ခတ္သြားတဲ့ ေၾကာက္မက္ဖြယ္ငလ်င္ဟာ ၄င္းေျမြနဂါးၾကီးေၾကာင့္ပါလို႔လည္း သူက သတင္းလႊင့္ခဲ့ပါေသးတယ္။

အဆိုပါအမ်ိဳးသားနာမည္ကေတာ့ က်န္းလို႔ သိရပါတယ္။ က်န္းဟာ ေက်းလက္ေတာင္ကုန္းတစ္ေနရာက ဓာတ္ပံုထဲကို ေျမြတစ္ေကာင္ျဖတ္ညွပ္ကပ္ထည့္ၿပီး စာေရးသားကာ လိုင္းေပၚမွာတင္ခဲ့တာပါ။

“ အရွည္(၁၂၀) မီတာ လံုးပတ္(၁.၅) မီတာရွိတဲ့ ေျမြနဂါးၾကီးတစ္ေကာင္က ဒီေန႔ေန႔လည္(၂)နာရီမွာ ေရထဲကေန ထြက္လာခဲ့ပါတယ္။ ခ်န္ဒူျမဴနီစပယ္ ေကာ္မတီက နဂါးၾကီးနဲ႔ပတ္သက္ၿပီး စိုးရိမ္ေနၾကတယ္။ လူေထာင္ေပါင္းမ်ားစြာကလည္း စိတ္၀င္စားေနၾကတယ္။

အခုဆိုရင္ နားလည္တတ္ကြ်မ္းသူေတြက အဲ့ဒီေနရာကို ေရာက္ေနပါတယ္။ ေျမြနဂါးၾကီးဟာ ငလ်င္နဲ႔ဆက္စပ္ေနတယ္လို႔လည္း ဆိုေနၾကတယ္… ”

က်န္းဟာ ၄င္းပို႔စ္ကို လူေပါင္း(၁၃)ေယာက္ကို အသက္ဆံုးရံႉးေစခဲ့ၿပီး ရီဘင္းၿမိဳ႕ကို လႉပ္ခတ္ခဲ့တဲ့ မဂၢနီက်ဳဒ္ (၆.၀) အဆင့္ရွိတဲ့ ငလ်င္အၿပီးမွာ အြန္လိုင္းေပၚတင္ခဲ့တာ ျဖစ္ပါတယ္။

က်န္းျပဳျပင္ထားတဲ့ ဓာတ္ပံုဟာ အတုၾကီးမွန္းသိသာေပမယ့္လည္း ေတာ္ေတာ္မ်ားမ်ားက ျပန္လည္ရွဲခဲ့တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ရဲအဖြဲ႔က ျပည္သူလူထုကို စိတ္တုန္လႉပ္ေျခာက္ျခားေအာင္ မဟုတ္မမွန္သတင္းတုေတြျပဳလုပ္တယ္ဆိုၿပီး က်န္းကို ထိန္းသိမ္းခဲ့တာ ျဖစ္ပါတယ္။ က်န္းကေတာ့ သူ႔အေနနဲ႔ လူေတြကို ေျခာက္ျခားေစဖို႔မရည္ရြယ္ပဲ ဟာသအျဖစ္နဲ႔သာ ျပဳလုပ္ခဲ့တာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္။

credit – shwemom.com

( Unicode )

တရုတ်နိုင်ငံ ချုံကျင်းမြို့နေ အသက်(၅၀) နှစ်အရွယ် အမျိုးသားတစ်ဦးကို မဟုတ်မမှန်သတင်းပြန့်ပွားအောင်လုပ်ဆောင်မှူနဲ့ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။ ၎င်းအမျိုးသားဟာ မြွေနဂါးကြီးတစ်ကောင်ရဲ့ ရုပ်ပုံကို ပြင်ဆင်တည်းဖြတ်ကာ အွန်လိုင်းပေါ်တင်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံတင်ရုံနဲ့တင်မပြီးပဲ ဇွန်လ(၁၇) နေ့တုန်းက စီချွမ်ပြည်နယ်ကို လှူပ်ခတ်သွားတဲ့ ကြောက်မက်ဖွယ်ငလျင်ဟာ ၎င်းမြွေနဂါးကြီးကြောင့်ပါလို့လည်း သူက သတင်းလွှင့်ခဲ့ပါသေးတယ်။

အဆိုပါအမျိုးသားနာမည်ကတော့ ကျန်းလို့ သိရပါတယ်။ ကျန်းဟာ ကျေးလက်တောင်ကုန်းတစ်နေရာက ဓာတ်ပုံထဲကို မြွေတစ်ကောင်ဖြတ်ညှပ်ကပ်ထည့်ပြီး စာရေးသားကာ လိုင်းပေါ်မှာတင်ခဲ့တာပါ။

“ အရှည်(၁၂၀) မီတာ လုံးပတ်(၁.၅) မီတာရှိတဲ့ မြွေနဂါးကြီးတစ်ကောင်က ဒီနေ့နေ့လည်(၂)နာရီမှာ ရေထဲကနေ ထွက်လာခဲ့ပါတယ်။ ချန်ဒူမြူနီစပယ် ကော်မတီက နဂါးကြီးနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတယ်။ လူထောင်ပေါင်းများစွာကလည်း စိတ်ဝင်စားနေကြတယ်။

အခုဆိုရင် နားလည်တတ်ကျွမ်းသူတွေက အဲ့ဒီနေရာကို ရောက်နေပါတယ်။ မြွေနဂါးကြီးဟာ ငလျင်နဲ့ဆက်စပ်နေတယ်လို့လည်း ဆိုနေကြတယ်… ”

ကျန်းဟာ ၎င်းပို့စ်ကို လူပေါင်း(၁၃)ယောက်ကို အသက်ဆုံးရံှူးစေခဲ့ပြီး ရီဘင်းမြို့ကို လှူပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျုဒ် (၆.ဝ) အဆင့်ရှိတဲ့ ငလျင်အပြီးမှာ အွန်လိုင်းပေါ်တင်ခဲ့တာ ဖြစ်ပါတယ်။

ကျန်းပြုပြင်ထားတဲ့ ဓာတ်ပုံဟာ အတုကြီးမှန်းသိသာပေမယ့်လည်း တော်တော်များများက ပြန်လည်ရှဲခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ရဲအဖွဲ့က ပြည်သူလူထုကို စိတ်တုန်လှူပ်ခြောက်ခြားအောင် မဟုတ်မမှန်သတင်းတုတွေပြုလုပ်တယ်ဆိုပြီး ကျန်းကို ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ ကျန်းကတော့ သူ့အနေနဲ့ လူတွေကို ခြောက်ခြားစေဖို့မရည်ရွယ်ပဲ ဟာသအဖြစ်နဲ့သာ ပြုလုပ်ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

credit – shwemom.com