တရုတ္ႏုိင္ငံသားမ်ား ျမန္မာအမ်ဳိးသမီးမ်ားကုိ ဟန္ေဆာင္လက္ထပ္ၿပီး လူကုန္ကူးမႈ က်ဴးလြန္ေန

0
181

တခုလပ္မ်ား၊ မုဆိုးမမ်ားနဲ႔ နာမည္ပ်က္သူမ်ားကုိ ပစ္မွတ္ထားေန

တ႐ုတ္ႏုိင္ငံသား မ်ားကိုယ္တိုင္ ျပည္တြင္းသို႔ဝင္ ေရာက္ေနထုိင္ၿပီး အမ်ိဳးသမီးမ်ား ကို ေတာင္းရမ္းကာ လူကုန္ကူးမႈ က်ဴးလြန္ေနသည့္ ပံုစံမ်ားရွိလာ သည္ဟု လူမႈဝန္ထမ္း၊ ကယ္ ဆယ္ေရးႏွင့္ ျပန္လည္ ေနရာခ်ထားေရးဝန္ႀကီးဌာန၊ ျပန္လည္ထူ ေထာင္ေရးဦးစီးဌာန ၫႊန္ၾကား ေရးမွဴးခ်ဳပ္ ဦးဝင္းႏိုင္ထြန္းက ေျပာသည္။

ဇူလိုင္ ၁၀ ရက္က ေနျပည္ ေတာ္ရွိ Grand Amara Hotel ၌ လူကုန္ကူးမႈႏွွင့္ သက္ဆိုင္ေသာ ျဖစ္ရပ္မ်ား စီမံ ေဆာင္ရြက္ ျခင္း ႏွင့္ တရားစြဲဆိုေရးလုပ္ငန္းစဥ္ မ်ားႏွင့္ပတ္သက္၍ ျပဳလုပ္ေသာ သင္တန္းဖြင့္ပြဲအခမ္းအနား မိန္႔ ခြန္းတြင္ ၎က အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားျခင္း ျဖစ္သည္။

လူကုန္ကူးသူမ်ားအေနျဖင့္ ၎တို႔တရားစြဲဆိုခံရခ်ိန္တြင္ အကာ အကြယ္ရရန္ လူကုန္ကူး သည့္ ပံုစံမ်ားကို အမ်ိဳးမ်ိဳးေျပာင္း လဲအသံုးျပဳေနသည္ဟု ဦးဝင္းႏိုင္ထြန္းက ဆိုသည္။‘‘အခုေနာက္ပိုင္းမွာေတာ့ ဘယ္လိုျဖစ္လာလဲ ဆိုေတာ့ တ႐ုတ္ႏုိင္ငံသားေတြကိုယ္တိုင္ ျမန္မာျပည္ထဲကိုဝင္ၿပီးေတာ့

မိဘေတြဆီမွာ သိန္းသံုး၊ေလးဆယ္နဲ႔တင္ေတာင္းၿပီးေတာ့ လုပ္လာတဲ့အထိ ျဖစ္လာတယ္။ ၿမိဳ႕ ေတြမွာ ရင္းႏွီးမႈရေအာင္ ယူတယ္။ ၿပီးလို႔ရွိရင္ ေငြေၾကးအေျမာက္အျမားေပးၿပီးေတာ့ တင္ေတာင္းသြားတယ္။ စသျဖင့္ေပါ့’’ ဟု ဦးဝင္းႏိုင္ထြန္းက ေျပာသည္။

ယခင္က လူကုန္ကူးသူမ်ား သည္ ငယ္ရြယ္ႏုပ်ိဳေသာ အမ်ိဳးသမီးငယ္မ်ားကိုသာ ပစ္မွတ္ထား ခဲ့ေသာ္လည္း ယခု ေနာက္ပိုင္း တစ္ခုလပ္မ်ား၊ နာမည္ပ်က္ရွိသူ မ်ားႏွင့္ ကေလးေမြးဖြားဖူးသူမ်ား ကို ဦးတည္ေျပာင္းလဲလာသည္ ဟု ဦးဝင္းႏိုင္ထြန္းကဆိုသည္။

‘‘အဲဒီလိုနာမည္ပ်က္ရွိတဲ့ လူ ေတြျဖစ္တဲ့အတြက္ ဖမ္းမိလို႔စစ္ ေဆးခဲ့ရင္လည္း သူတို႔ကေျပာတာေတြက သိပ္ေလးနက္မႈမရွိေတာ့ဘဲ အမႈအေပၚအားနည္း ခ်က္ျဖစ္ေစတယ္’’ ဟု ဦးဝင္းႏိုင္ ထြန္းကရွင္းလင္းသည္။

ယင္းအတြက္ လူကုန္ကူးသူမ်ားကို ဖမ္းဆီးစစ္ေဆးၿပီး ထိ ေရာက္ေသာ ျပစ္ဒဏ္ေပးႏိုင္ေရး သည္ လူကုန္ကူးခံရသူမ်ား၏ ထြက္ဆိုခ်က္မ်ားက အဓိကအ ေရးႀကီးေသာ က႑တြင္ပါဝင္ေန သျဖင့္ ပူးေပါင္းပါဝင္ၾကရန္တိုက္ တြန္းေၾကာင္း ဦးဝင္းႏိုင္ထြန္းက ျဖည့္စြက္ေျပာၾကားသည္။

‘‘သူတို႔က ပစၥည္းသက္ေသ မဟုတ္တဲ့အတြက္ လူကုန္ကူးတဲ့ သူေတြကို အေရးယူဖို႔အတြက္က အဓိကသက္ေသကလည္း လူ ကုန္ကူးခံရတဲ့သူေတြပဲ ျဖစ္ေန တယ္။ လူသက္ေသ၊ ႏႈတ္သက္ ေသျဖစ္ေနတယ္။

ဒါေၾကာင့္ ဒီလိုတရားစြဲဆိုတဲ့ ကိစၥရပ္ ေတြမွာ ပူး ေပါင္းပါဝင္ေဆာင္ရြက္မွသာ လွ်င္ တရားေရးလုပ္ငန္းလည္း ေအာင္ျမင္မယ္၊ လူကုန္ကူးတဲ့သူ ေတြကို လည္း ထိေရာက္တဲ့ျပစ္ ဒဏ္ခ်မွတ္ၿပီးေတာ့ ေဆာင္ရြက္ ႏိုင္မွာျဖစ္ပါတယ္’’ ဟု ဦးဝင္းႏုိင္ ထြန္းက ဆက္လက္ေျပာသည္။

ခရက္ဒစ္ – ဆဲဗင္းေဒးDaily

ယူနီကုဒ္ျဖင့္ ဖတ္ရန္

တခုလပ်များ၊ မုဆိုးမများနဲ့ နာမည်ပျက်သူများကို ပစ်မှတ်ထားနေ

တရုတ်နိုင်ငံသား များကိုယ်တိုင် ပြည်တွင်းသို့ဝင် ရောက်နေထိုင်ပြီး အမျိုးသမီးများ ကို တောင်းရမ်းကာ လူကုန်ကူးမှု ကျူးလွန်နေသည့် ပုံစံများရှိလာ သည်ဟု လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြောသည်။

ဇူလိုင် ၁၀ ရက်က နေပြည် တော်ရှိ Grand Amara Hotel ၌ လူကုန်ကူးမှုနှှင့် သက်ဆိုင်သော ဖြစ်ရပ်များ စီမံ ဆောင်ရွက် ခြင်း နှင့် တရားစွဲဆိုရေးလုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ပြုလုပ်သော သင်တန်းဖွင့်ပွဲအခမ်းအနား မိန့် ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

လူကုန်ကူးသူများအနေဖြင့် ၎င်းတို့တရားစွဲဆိုခံရချိန်တွင် အကာ အကွယ်ရရန် လူကုန်ကူး သည့် ပုံစံများကို အမျိုးမျိုးပြောင်း လဲအသုံးပြုနေသည်ဟု ဦးဝင်းနိုင်ထွန်းက ဆိုသည်။‘‘အခုနောက်ပိုင်းမှာတော့ ဘယ်လိုဖြစ်လာလဲ ဆိုတော့ တရုတ်နိုင်ငံသားတွေကိုယ်တိုင် မြန်မာပြည်ထဲကိုဝင်ပြီးတော့

မိဘတွေဆီမှာ သိန်းသုံး၊လေးဆယ်နဲ့တင်တောင်းပြီးတော့ လုပ်လာတဲ့အထိ ဖြစ်လာတယ်။ မြို့ တွေမှာ ရင်းနှီးမှုရအောင် ယူတယ်။ ပြီးလို့ရှိရင် ငွေကြေးအမြောက်အမြားပေးပြီးတော့ တင်တောင်းသွားတယ်။ စသဖြင့်ပေါ့’’ ဟု ဦးဝင်းနိုင်ထွန်းက ပြောသည်။

ယခင်က လူကုန်ကူးသူများ သည် ငယ်ရွယ်နုပျိုသော အမျိုးသမီးငယ်များကိုသာ ပစ်မှတ်ထား ခဲ့သော်လည်း ယခု နောက်ပိုင်း တစ်ခုလပ်များ၊ နာမည်ပျက်ရှိသူ များနှင့် ကလေးမွေးဖွားဖူးသူများ ကို ဦးတည်ပြောင်းလဲလာသည် ဟု ဦးဝင်းနိုင်ထွန်းကဆိုသည်။

‘‘အဲဒီလိုနာမည်ပျက်ရှိတဲ့ လူ တွေဖြစ်တဲ့အတွက် ဖမ်းမိလို့စစ် ဆေးခဲ့ရင်လည်း သူတို့ကပြောတာတွေက သိပ်လေးနက်မှုမရှိတော့ဘဲ အမှုအပေါ်အားနည်း ချက်ဖြစ်စေတယ်’’ ဟု ဦးဝင်းနိုင် ထွန်းကရှင်းလင်းသည်။

ယင်းအတွက် လူကုန်ကူးသူများကို ဖမ်းဆီးစစ်ဆေးပြီး ထိ ရောက်သော ပြစ်ဒဏ်ပေးနိုင်ရေး သည် လူကုန်ကူးခံရသူများ၏ ထွက်ဆိုချက်များက အဓိကအ ရေးကြီးသော ကဏ္ဍတွင်ပါဝင်နေ သဖြင့် ပူးပေါင်းပါဝင်ကြရန်တိုက် တွန်းကြောင်း ဦးဝင်းနိုင်ထွန်းက ဖြည့်စွက်ပြောကြားသည်။

‘‘သူတို့က ပစ္စည်းသက်သေ မဟုတ်တဲ့အတွက် လူကုန်ကူးတဲ့ သူတွေကို အရေးယူဖို့အတွက်က အဓိကသက်သေကလည်း လူ ကုန်ကူးခံရတဲ့သူတွေပဲ ဖြစ်နေ တယ်။ လူသက်သေ၊ နှုတ်သက် သေဖြစ်နေတယ်။

ဒါကြောင့် ဒီလိုတရားစွဲဆိုတဲ့ ကိစ္စရပ် တွေမှာ ပူး ပေါင်းပါဝင်ဆောင်ရွက်မှသာ လျှင် တရားရေးလုပ်ငန်းလည်း အောင်မြင်မယ်၊ လူကုန်ကူးတဲ့သူ တွေကို လည်း ထိရောက်တဲ့ပြစ် ဒဏ်ချမှတ်ပြီးတော့ ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်’’ ဟု ဦးဝင်းနိုင် ထွန်းက ဆက်လက်ပြောသည်။

ခရက်ဒစ် – ဆဲဗင်းဒေးDaily