ရှင်မကွဲ ဆုတောင်းပြည့် ဆင်တုတော်ကို မန္တလေးမှ အောင်လံအထိ ပင့်ဆောင် ပူဇော်မယ့် ဦးကျော်သူ

0
102

ရှင်မကွဲ ဆုတောင်းပြည့် ဆင်တုတော်ကို မန္တလေးမှ အောင်လံအထိ ပင့်ဆောင် ပူဇော်မယ့် ကျော်သူ

ကျော်သူကတော့ ဝါရင့်အနုပညာရှင် တစ်ယောက်ဖြစ်ပြီးတော့ အနုပညာ လောကမှာသာမက ပရဟိတ အလုပ်တွေမှာပါ အောင်မြင်နေတဲ့ မင်းသားကြီးတစ်ယောက်ပဲ ဖြစ်ပါတယ် ။ ကျရာ ကာရိုက်တာကို ပီပီသသနဲ့ ပရိသတ် ရင်ထဲရောက်အောင် သရုပ်ဆောင်နိုင်သူ တစ်ယောက်လို့လည်း ဆိုနိုင်ပါတယ် ။ သူကိုယ်တိုင် ဦးစီးပြီး တည်ထားသော မဟာပဏီတ ပရဟိတ အဖွဲ့ကနေပြီးတော့ ဆုတောင်းပြည့် ဆင်တုတော်ကို မန္တလေးမှ အောင်လံအထိပင့်ဆောင် ပူဇော်မယ် ဆိုတာကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ် ။

မဟာမြတ်မုနိ ရုပ်ရှင်တော် ဘုရားကြီးအား ဦးတိုက်ရင်ငွေ့ ခိုလှုံကာ မန္တလေးမြို့မှ စတင်ထွက်ခွါခဲ့ပြီး မိထ္ထီလာမြို့တွင် ညအိပ်ရပ်နား အပူဇော်ခံကာ (9- 7 – 2019 ) နေ့တွင် မိထ္ထီလာမြို့ ၊ နတ်မောက်မြို့ မှ မြို့သစ်မြို့ ၊ တောင်တွင်းကြီးမြို့များသို့ လှည့်လည် အပူဇော်ခံပြီး တောင်တွင်းကြီးမြို့တွင် ညအိပ် ရပ်နား အပူဇော်ခံမည် ဖြစ်ပါတယ် ။ (20- 7 – 2019) နေ့တွင် တောင်တွင်းကြီးမြို့ ၊ ဆတ်သွားမြို့ ၊ အောင်လံမြို့မှ တစ်ဆင့် ပြည်မြို့ ရွှေဆံတော် ဘုရားတွင် ဦးတိုက်ရင်ငွေ့ ခိုလှုံပြီး ပြည်မြို့တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ်တွင် ဦးကျော်သူ ဦးစီး၍ တည်ထားသော မဟာပဏီတ ပရဟိတ အောင်တော်မူ စေတီတော်ကုန်းတော်ပေါ် တွင် “ ဆုတောင်းပြည့် ရှင်မကွဲ ဗုဒ္ဓရုပ်ပွားတော်” အား အပူဇော်ခံ ထားရှိမှာ ဖြစ်ပါတယ် ။

ပရိသတ်ကြီးရော အသင်ရှင်လျက် ကွဲကွာနေကြရသော မိသားစုများအတွက် ၊ ဆွေမျိုးသားချင်းများအတွက် ၊ အကြင်လင်မယားတို့ အတွက် ၊ ဘဝခရီးလမ်း အတူလျှောက်လှမ်းရန် ရည်ရွယ်သော သမီးရည်းစားများအတွက် ရှင်လျက်နဲ့သေ ၊ ရှင်ရက်နဲ့ကွဲခြင်းမှ ကင်းဝေးရန် ရည်ရွယ်၍ တည်ထားတဲ့ ဆုတောင်းပြည့် ရှင်မကွဲ ဗုဒ္ဓရုပ်ပွားတော်ကို သွားရောက် ပူဇော်ကြမယ် မဟုတ်လား ပြောပြခဲ့ပါဦး

Credit : CeleGabar
Source: Kyaw Thu