အနည္းဆံုး ေနာက္ထပ္ ကစားသမားသစ္ ၃ ေယာက္ေလာက္ ေခၚယူမည့္ မန္ယူ

0
107

အိုလီဂန္နားဆိုးလ္ရွားရဲ႕ မန္ယူႏိုက္တက္အသင္းသည္ လာမည့္ရာသီသစ္အတြက္ ကစားသမားအသစ္ ေနာက္ထပ္ ၃ ေယာက္ေလာက္ အနည္းဆံုးေခၚယူသြားဦးမည္ျဖစ္ေၾကာင္း သတင္းထြက္ေပၚလာခဲ့ပါတယ္။ သရဲနီတို႔သည္ ဆြမ္ဆီးမွ ဒန္နီရယ္ ဂ်ိမ္းစ္ ႏွင့္ ခရစၥတယ္ပဲေလ့စ္ အသင္းတုိ႔မွ အာရြန္၀မ္ဘီဆာကာ တို႔ကို ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၆၀ ၀န္းက်င္ျဖင့္ ေခၚယူထားျပီးျဖစ္ပါတယ္။

အန္ဒါဟာရဲရား ႏွင့္ အန္တိုနီယို ဗလင္စီယာ တို႔သည္ အသင္းမွ အလြတ္ေျပာင္းေရႊ႕ေၾကးမ်ားျဖင့္ အသီးသီးထြက္ခြာသြားၾကျပီး ေပါ့ဂ္ဘာ၊ လူကာကူ ႏွင့္ ဂိုးသမား ေဒးဗစ္ဒီဂီယာ တို႔ရဲ႕ အနာဂတ္မွာလည္း ေမးခြန္းမ်ား ထုတ္ေနရေသာ အေနအထားတြင္ ရွိေနဆဲျဖစ္ပါတယ္။

The Sun မွ အဆိုအရ ဆိုးလ္ရွားသည္ ေနာက္ခံလူ တစ္ဦး၊ ကြင္းလယ္ဗဟို တစ္ဦး ႏွင့္ တိုက္စစ္ကစားသမား တစ္ဦးတို႔ကို အေျပာင္းေရႊ႕ရာသီမပိတ္ခင္ ေခၚယူရန္ ရည္ရြယ္ထားေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ ယူႏိုက္တက္သည္ စပို႔တင္းလစၥဘြန္းမွ ၾကယ္ပြင့္ကစားသမား ဘရူႏိုဖာနန္ဒက္စ္ကို ျပီးခဲ့တဲ့အပတ္ေတြတုနး္က ဆက္သြယ္ခဲ့ျပီး မီလင္ကိုဗစ္ဆာဗစ္၊ ဟယ္ရီမက္ဂြဲရား ႏွင့္ ေလာင္းစတပ္ဖ္ တို႔ကိုလည္း အသင္းအတြက္ ရည္ရြယ္ထားေၾကာင္း သိရွိရပါတယ္။

Unicode

အနည်းဆုံး နောက်ထပ် ကစားသမားသစ် ၃ ယောက်လောက် ခေါ်ယူမည့် မန်ယူ

အိုလီဂန်နားဆိုးလ်ရှားရဲ့ မန်ယူနိုက်တက်အသင်းသည် လာမည့်ရာသီသစ်အတွက် ကစားသမားအသစ် နောက်ထပ် ၃ ယောက်လောက် အနည်းဆုံးခေါ်ယူသွားဦးမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။ သရဲနီတို့သည် ဆွမ်ဆီးမှ ဒန်နီရယ် ဂျိမ်းစ် နှင့် ခရစ္စတယ်ပဲလေ့စ် အသင်းတို့မှ အာရွန်ဝမ်ဘီဆာကာ တို့ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ဝန်းကျင်ဖြင့် ခေါ်ယူထားပြီးဖြစ်ပါတယ်။

အန်ဒါဟာရဲရား နှင့် အန်တိုနီယို ဗလင်စီယာ တို့သည် အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးများဖြင့် အသီးသီးထွက်ခွာသွားကြပြီး ပေါ့ဂ်ဘာ၊ လူကာကူ နှင့် ဂိုးသမား ဒေးဗစ်ဒီဂီယာ တို့ရဲ့ အနာဂတ်မှာလည်း မေးခွန်းများ ထုတ်နေရသော အနေအထားတွင် ရှိနေဆဲဖြစ်ပါတယ်။

The Sun မှ အဆိုအရ ဆိုးလ်ရှားသည် နောက်ခံလူ တစ်ဦး၊ ကွင်းလယ်ဗဟို တစ်ဦး နှင့် တိုက်စစ်ကစားသမား တစ်ဦးတို့ကို အပြောင်းရွှေ့ရာသီမပိတ်ခင် ခေါ်ယူရန် ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်သည် စပို့တင်းလစ္စဘွန်းမှ ကြယ်ပွင့်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို ပြီးခဲ့တဲ့အပတ်တွေတုန်းက ဆက်သွယ်ခဲ့ပြီး မီလင်ကိုဗစ်ဆာဗစ်၊ ဟယ်ရီမက်ဂွဲရား နှင့် လောင်းစတပ်ဖ် တို့ကိုလည်း အသင်းအတွက် ရည်ရွယ်ထားကြောင်း သိရှိရပါတယ်။